ကိုဗစ်-၁၉ အလွန်တွင် ပြောင်းလဲလာမည့် ခရီးသွားလုပ်ငန်း ပုံစံသစ်နှင့် လိုက်ရောညီထွေမှုရှိစေရန် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုစု ရေးဆွဲထားကြောင်းသိရ - Property News in Myanmar from iMyanmarHouse.com
838 Views

ကိုဗစ်-၁၉ အလွန်တွင် ပြောင်းလဲလာမည့် ခရီးသွားလုပ်ငန်း ပုံစံသစ်နှင့် လိုက်ရောညီထွေမှုရှိစေရန် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုစု ရေးဆွဲထားကြောင်းသိရ

[Unicode]

ကိုဗစ်-၁၉ အလွန်တွင် ပြောင်းလဲလာမည့် ခရီးသွားလုပ်ငန်း ပုံစံသစ်နှင့် လိုက်ရောညီထွေမှုရှိစေရန် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုစု ရေးဆွဲထားကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ဇူလိုင် ၂၆ ရက်က ရန်ကုန်မြို့ Center for Tourism Development (CTD) ၌ ကျင်းပ ပြုလုပ်သော ခရီးသွားလုပ်ငန်း စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှသိရသည်။

ဒုတိယဝန်ကြီးက ယခုခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ၂၀၂၁-၂၀၂၅ သည် ယခင်ပင်မစီမံကိန်းကို အခြေခံ၍ ကိုဗစ်-၁၉ အလွန်တွင် ပြောင်းလဲလာမည့် ခရီးသွားလုပ်ငန်း ပုံစံသစ်နှင့် လိုက်ရောညီထွေမှုရှိစေရန် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုစု ရေးဆွဲထားပါ ကြောင်း ပြောထားသည်။

လက်တွေ့လုပ်ငန်း ဆောင်ရွက်နေသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့်ညီနောင်အသင်း(၁၁) အနေဖြင့် ပင်မစီမံကိန်း၏ မဟာဗျူဟာများကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် အကြံပြုချက်များပေးနိုင်ပြီး ထိုအကြံပြုချက်များ ကိုလည်း ပင်မစီမံကိန်း၏ မဟာဗျူဟာ (၆) ရပ်တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပြောထားသည်။

အစည်းအဝေတွင် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းတွင် ဖြည့်စွက်သင့်သည့် အချက်များကို အကြံပြုဆွေးနွေးပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နေမှုများ၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေးဆောင်ရွက်နေမှုများ၊ လက်ရှိ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]








 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service