ခွင့်ပြုချက်မရရှိဘဲ မြေယာများဖော်ထုတ်၍ အကွက်ရိုက်ရောင်းချမှုရှိပါက လယ်ယာမြေ ဥပဒေသစ်အရ ထိရောက်စွာ အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
4714 Views

ခွင့်ပြုချက်မရရှိဘဲ မြေယာများဖော်ထုတ်၍ အကွက်ရိုက်ရောင်းချမှုရှိပါက လယ်ယာမြေ ဥပဒေသစ်အရ ထိရောက်စွာ အရေးယူမည်

[Unicode]

ခွင့်ပြုချက်မရရှိဘဲ မြေယာများ ဖော်ထုတ်၍ အကွက်ရိုက် ရောင်းချမှုရှိပါက လယ်ယာမြေ ဥပဒေသစ်အရ ထိရောက်စွာအရေးယူမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ဇူလိုင် ၂၁ ရက်ကပြု လုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ခွင့်ပြုချက်မရရှိဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် မြေယာအကွက်ရိုက်ရောင်းချမှုများကို မလုပ်ဆောင်ရန်မေတ္တာရပ်ခံထားပြီး ရှိခဲ့ပါက ထိထိရောက် အရေးယူမည်ဟုလည်းပြောထားသည်။

မြို့၊ ရွာအလိုက်တိုးချဲ့ဖို့လိုအပ်ပါက စိစစ်ပြီးတော့ တင်ပြခိုင်းထားကြောင်း၊ တင်ပြချက်အပေါ်လိုက်ပြီး လုပ်ထုံးလုပ်နည်းများအရ မြို့မြေရွာမြေတိုးချဲ့ရေးကို စနစ်တကျနှင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေအသစ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရဟု ပုဒ်မ ၁၂ (စ)၌ ဖော်ပြထားသည်။ဥပဒေအသစ်မှာ ပိုမိုတင်းကျပ်ကာ ပြစ်မှုပြစ်ဒဏ်လည်းပိုများကြောင်း သိရသည်။

စနစ်တကျမဟုတ်ဘဲ ကိုယ့်သဘောနှင့်ကိုယ် မြေယာများကို အကွက်ရိုက်ရောင်းချခြင်းဖြင့် နောက်ဆက်တွဲပြဿနာများဖြစ်သော လမ်းရှိရမည့်နေရာ၊ အိမ်သာလမ်းကြားရှိရမည့်နေရာမှာ မရှိခြင်း၊ရေမြောင်းရှိရမည့်နေရာမှာ ရေမြောင်း မရှိခြင်းနှင့် နောင်တွင် ရပ်ကွက်အတွင်း အငြင်းပွားမှုများဖြစ်လာနိုင်ကြောင်း ဝန်ကြီးချုပ်ကပြောထားသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ခြင့္ျပဳခ်က္မရရွိဘဲ ေျမယာမ်ားေဖာ္ထုတ္၍ အကြက္ရိုက္ေရာင္းခ်မႈရွိပါက လယ္ယာေၿမ ဥပေဒသစ္အရ ထိေရာက္စြာ အေရးယူမည္

ခြင့္ျပဳခ်က္မရရွိဘဲ ေျမယာမ်ား ေဖာ္ထုတ္၍ အကြက္ရိုက္ ေရာင္းခ်မႈရွိပါက လယ္ယာေၿမ ဥပေဒသစ္အရ ထိေရာက္စြာအေရးယူမည္ ျဖစ္ေၾကာင္း တနသၤာရီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္က ဇူလိုင္ ၂၁ ရက္ကျပဳ လုပ္သည့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္။

ဝန္ႀကီးခ်ဳပ္က ခြင့္ျပဳခ်က္မရရွိဘဲ ကိုယ့္နည္း ကိုယ့္ဟန္ျဖင့္ ေျမယာအကြက္ရိုက္ေရာင္းခ်မႈမ်ားကို မလုပ္ေဆာင္ရန္ေမတၱာရပ္ခံထားၿပီး ရွိခဲ့ပါက ထိထိေရာက္ အေရးယူမည္ဟုလည္းေျပာထားသည္။

ၿမိဳ႕၊ ရြာအလိုက္တိုးခ်ဲ႕ဖို႔လိုအပ္ပါက စိစစ္ၿပီးေတာ့ တင္ျပခိုင္းထားေၾကာင္း၊ တင္ျပခ်က္အေပၚလိုက္ၿပီး လုပ္ထုံးလုပ္နည္းမ်ားအရ ၿမိဳ႕ေျမရြာေျမတိုးခ်ဲ႕ေရးကို စနစ္တက်ႏွင့္ ေဆာင္ရြက္ေပးသြားမွာျဖစ္ေၾကာင္း သိရသည္။

၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလတြင္ လယ္ယာေျမဥပေဒကို ျပင္ဆင္သည့္ဥပေဒအသစ္ကို အတည္ျပဳျပ႒ာန္းခဲ့ၿပီး လယ္ယာေျမကို ခြင့္ျပဳမိန႔္မရရွိဘဲ အျခားနည္းသုံးစြဲျခင္းမျပဳရဟု ပုဒ္မ ၁၂ (စ)၌ ေဖာ္ျပထားသည္။ဥပေဒအသစ္မွာ ပိုမိုတင္းက်ပ္ကာ ျပစ္မႈျပစ္ဒဏ္လည္းပိုမ်ားေၾကာင္း သိရသည္။

စနစ္တက်မဟုတ္ဘဲ ကိုယ့္သေဘာႏွင့္ကိုယ္ ေျမယာမ်ားကို အကြက္ရိုက္ေရာင္းခ်ျခင္းျဖင့္ ေနာက္ဆက္တြဲျပႆနာမ်ားျဖစ္ေသာ လမ္းရွိရမည့္ေနရာ၊ အိမ္သာလမ္းၾကားရွိရမည့္ေနရာမွာ မရွိျခင္း၊ေရေျမာင္းရွိရမည့္ေနရာမွာ ေရေျမာင္း မရွိျခင္းႏွင့္ ေနာင္တြင္ ရပ္ကြက္အတြင္း အျငင္းပြားမႈမ်ားျဖစ္လာႏိုင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ကေျပာထားသည္။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service