အသေးစားချေးငွေလုပ်ငန်းများကို အစိုးရက ကျပ် ဘီလီယံ ၁၀၀ ထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
2582 Views

အသေးစားချေးငွေလုပ်ငန်းများကို အစိုးရက ကျပ် ဘီလီယံ ၁၀၀ ထုတ်ချေးမည်

[Unicode]

COVID-19 စီးပွားရေးကုစားမှု စီမံချက်အရ မြန်မာ့စီးပွားရေးဘဏ်မှတဆင့် အသေးစားစီးပွားရေး လုပ်ငန်းများကို ချေးငွေကျပ်ဘီလီယံ တစ်ရာကို ချေးငွေထုတ်ပေးမည်ဟု အသေးစား ငွေရေးကြေးရေးကြီးကြပ်မူကော်မတီက ဇူလှိုင် ၂၃ ရက်တွင်ထုတ်ပြန်သည်။

ထိုကျပ်ဘီလီယံ ၁၀၀သည် ပြည်ထောင်စုအစိုးရ၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြစ်ပြီး စီးပွားရေးချေးငွေအဖြစ် အသေးစားစီးပွားရေးလုပ်ငန်းများကို သက်တမ်း ၃နှစ်ဖြင့် ထုတ်ချေးပေးရန်ဖြစ်သည်ဟု အဆိုပါဌာနကဆိုသည်။

အတိုးပေးရနှုန်းမှာ ၃ လတစ်ကြိမ်ဖြစ်ပြီး ကျန်နှစ်နှစ်တွင် လေးလတစ်ကြိမ်အရင်းပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ချေးငွေသက်တမ်းတိုးလို့ပါက ချေးငွေထုတ်ချေးရေးဦးဆောင်ကော်မတီသို့ တင်ပြ၍ သက်တမ်းတိုးနိုင်သည်ဟု ဆိုသည်။

ထိုချေးငွေကို အပေါင်ပစ္စည်းတင်ပြနိုင်ပါက အတိုးနှုန်းမှာ ၉ ရာခိုင်နှုန်းဖြစ်ပြီး၊ အပေါင်ပစ္စည်းမတင်ပြပါက အတိုးနှုန်းမှ ၁၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလမှ တစ်နှစ်ဖြစ်သည်။

လျှောက်ထားရမည့် အသေးစားချေးလုပ်ငန်းများသည် စံနှုန်းလေးခုပြည့်စုံရမည်ဖြစ်သည်။ ၎င်းတို့မှာ ခွင့်ပြုလိုင်စင်ရရှိထားခြင်း၊ ရင်းနှီးမြှပ်နှံမူနှင့်ကုမ္ပဏီများ ညွန့်ကြားမူဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း၊ အခွန်အခများဆောင်ထားခြင်းနှင့် ချေးငွေ ပြန်လည်ပေးဆပ်ရန် ဘုတ်အဖွဲ့၏ အာမခံချက်ပါရှိခြင်းတို့ဖြစ်သည်။

ချေးငွေရယူမည့် အသေးစားချေးငွေလုပ်ငန်းများသည် မြန်မာ့စီးပွားရေးဘဏ်နှင့် ချေးငွေစာချုပ် ချုပ်ရမည်ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းအတိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး အသေးစား ငွေရေးကြေးရေးကြီးကြပ်မူကော်မတီ၏ အမိန့်ညွန့်ကြားချက်များကို လိုက်နာရမည်ဟု ဆိုထားသည်။

အသေးစားချေးငွေလုပ်ငန်းများကို ချေးငွေနှင့် အတိုးများ အတင်းအကျပ်မကောက်ခံရန် နှင့် ပေးဆပ်ရမည့်ကာလကို ပြန် လည်ပြင်ဆင်သတ်မှတ်ရမည်ဟု အသေးစားငွေရေးကြေးရေးလုပ် ငန်းများ ကြီးကြပ်မှုကော်မတီက ဇွန်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ဖူးသည်။

COVID-19 ကြောင့် ချေးငွေယူထားသူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်နိုင်၍ အသေးစားချေးငွေကုမ္ပဏီများအနေဖြင့် ချေးငွေနှင့် အတိုးများကို အတင်းအကျပ် ပြန်လည်ကောက် ခံခြင်းမပြုရန် အသေးစားငွေရေး ကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ဧပြီတွင် ပထမဦးဆုံး ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

အသေးစားချေးငွေလုပ်ငန်းများ၏ သဘောသဘာဝအရ ချေးငွေထုတ်ချေးခြင်း၊ ပြန်လည်ကောက်ခံခြင်း၊ စုဆောင်းငွေ လက်ခံခြင်းနှင့် ငွေကြေးအသိပညာပေးခြင်းတို့က COVID-19 ကာကွယ်ရေးနှင့် ဆန့်ကျင်နေ၍ ထိုလုပ်ငန်းများကို ဧပြီလကုန်အထိ ရပ်ဆိုင်းရမည်ဟု ပါရှိသည်။

အသေးစားချေးငွေလုပ်ငန်းများသည် တစ်နိုင်ငံလုံးရှိ မြို့နယ် ၂၅၂ ခုတွင် လုပ်ကိုင်နေပြီး ချေးငွေယူထားသူမှာ ၄ ဒသမ ၆ သန်း ရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အေသးစားေခ်းေငြလုပ္ငန္းမ်ားကို အစိုးရက က်ပ္ ဘီလီယံ ၁၀၀ ထုတ္ေခ်းမည္

COVID-19 စီးပြားေရးကုစားမႈ စီမံခ်က္အရ ျမန္မာ့စီးပြားေရးဘဏ္မွတဆင့္ အေသးစားစီးပြားေရး လုပ္ငန္းမ်ားကို ေခ်းေငြက်ပ္ဘီလီယံ တစ္ရာကို ေခ်းေငြထုတ္ေပးမည္ဟု အေသးစား ေငြေရးေၾကးေရးႀကီးၾကပ္မူေကာ္မတီက ဇူလႈိင္ ၂၃ ရက္တြင္ထုတ္ျပန္သည္။

ထိုက်ပ္ဘီလီယံ ၁၀၀သည္ ျပည္ေထာင္စုအစိုးရ၏ အေထြေထြပိုလွ်ံ ရန္ပုံေငြျဖစ္ၿပီး စီးပြားေရးေခ်းေငြအျဖစ္ အေသးစားစီးပြားေရးလုပ္ငန္းမ်ားကို သက္တမ္း ၃ႏွစ္ျဖင့္ ထုတ္ေခ်းေပးရန္ျဖစ္သည္ဟု အဆိုပါဌာနကဆိုသည္။

အတိုးေပးရႏႈန္းမွာ ၃ လတစ္ႀကိမ္ျဖစ္ၿပီး က်န္ႏွစ္ႏွစ္တြင္ ေလးလတစ္ႀကိမ္အရင္းျပန္လည္ေပးဆပ္ရမည္ျဖစ္သည္။ ေခ်းေငြသက္တမ္းတိုးလို႔ပါက ေခ်းေငြထုတ္ေခ်းေရးဦးေဆာင္ေကာ္မတီသို႔ တင္ျပ၍ သက္တမ္းတိုးႏိုင္သည္ဟု ဆိုသည္။

ထိုေခ်းေငြကို အေပါင္ပစၥည္းတင္ျပႏိုင္ပါက အတိုးႏႈန္းမွာ ၉ ရာခိုင္ႏႈန္းျဖစ္ၿပီး၊ အေပါင္ပစၥည္းမတင္ျပပါက အတိုးႏႈန္းမွ ၁၁ ဒသမ ၅ ရာခိုင္ႏႈန္းျဖစ္ၿပီး ဆိုင္းငံ့ကာလမွ တစ္ႏွစ္ျဖစ္သည္။

ေလွ်ာက္ထားရမည့္ အေသးစားေခ်းလုပ္ငန္းမ်ားသည္ စံႏႈန္းေလးခုျပည့္စုံရမည္ျဖစ္သည္။ ၎တို႔မွာ ခြင့္ျပဳလိုင္စင္ရရွိထားျခင္း၊ ရင္းႏွီးျမႇပ္ႏွံမူႏွင့္ကုမၸဏီမ်ား ၫြန႔္ၾကားမူဦးစီးဌာနတြင္ မွတ္ပုံတင္ထားျခင္း၊ အခြန္အခမ်ားေဆာင္ထားျခင္းႏွင့္ ေခ်းေငြ ျပန္လည္ေပးဆပ္ရန္ ဘုတ္အဖြဲ႕၏ အာမခံခ်က္ပါရွိျခင္းတို႔ျဖစ္သည္။

ေခ်းေငြရယူမည့္ အေသးစားေခ်းေငြလုပ္ငန္းမ်ားသည္ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ ေခ်းေငြစာခ်ဳပ္ ခ်ဳပ္ရမည္ျဖစ္သည္။ စည္းမ်ဥ္းစည္းကမ္းအတိုင္းေဆာင္႐ြက္ရမည္ျဖစ္ၿပီး အေသးစား ေငြေရးေၾကးေရးႀကီးၾကပ္မူေကာ္မတီ၏ အမိန႔္ၫြန႔္ၾကားခ်က္မ်ားကို လိုက္နာရမည္ဟု ဆိုထားသည္။

အေသးစားေခ်းေငြလုပ္ငန္းမ်ားကို ေခ်းေငြႏွင့္ အတိုးမ်ား အတင္းအက်ပ္မေကာက္ခံရန္ ႏွင့္ ေပးဆပ္ရမည့္ကာလကို ျပန္ လည္ျပင္ဆင္သတ္မွတ္ရမည္ဟု အေသးစားေငြေရးေၾကးေရးလုပ္ ငန္းမ်ား ႀကီးၾကပ္မႈေကာ္မတီက ဇြန္လ ၁၄ ရက္တြင္ ထုတ္ျပန္ခဲ့ဖူးသည္။

COVID-19 ေၾကာင့္ ေခ်းေငြယူထားသူမ်ား၏ အသက္ေမြးဝမ္း ေက်ာင္းလုပ္ငန္းမ်ားႏွင့္ စီးပြားေရး လုပ္ငန္းမ်ား ထိခိုက္ႏိုင္၍ အေသးစားေခ်းေငြကုမၸဏီမ်ားအေနျဖင့္ ေခ်းေငြႏွင့္ အတိုးမ်ားကို အတင္းအက်ပ္ ျပန္လည္ေကာက္ ခံျခင္းမျပဳရန္ အေသးစားေငြေရး ေၾကးေရးလုပ္ငန္း ႀကီးၾကပ္မႈေကာ္မတီက ဧၿပီတြင္ ပထမဦးဆုံး ၫႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့သည္။

အေသးစားေခ်းေငြလုပ္ငန္းမ်ား၏ သေဘာသဘာဝအရ ေခ်းေငြထုတ္ေခ်းျခင္း၊ ျပန္လည္ေကာက္ခံျခင္း၊ စုေဆာင္းေငြ လက္ခံျခင္းႏွင့္ ေငြေၾကးအသိပညာေပးျခင္းတို႔က COVID-19 ကာကြယ္ေရးႏွင့္ ဆန႔္က်င္ေန၍ ထိုလုပ္ငန္းမ်ားကို ဧၿပီလကုန္အထိ ရပ္ဆိုင္းရမည္ဟု ပါရွိသည္။

အေသးစားေခ်းေငြလုပ္ငန္းမ်ားသည္ တစ္ႏိုင္ငံလုံးရွိ ၿမိဳ႕နယ္ ၂၅၂ ခုတြင္ လုပ္ကိုင္ေနၿပီး ေခ်းေငြယူထားသူမွာ ၄ ဒသမ ၆ သန္း ရွိသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service