အိမ်ခြံ​မြေ ကားစသည့်ပစ္စည်းများ၀ယ်ရာတွင် အခွန် ၃၀ရာခိုင်နှုန်း​ကောက်မည့် အစီအစဥ် တစ်နှစ်ရပ်ဆိုင်း​ပေးရန် UMFCCI အကြံပြု - Property News in Myanmar from iMyanmarHouse.com
10005 Views

အိမ်ခြံ​မြေ ကားစသည့်ပစ္စည်းများ၀ယ်ရာတွင် အခွန် ၃၀ရာခိုင်နှုန်း​ကောက်မည့် အစီအစဥ် တစ်နှစ်ရပ်ဆိုင်း​ပေးရန် UMFCCI အကြံပြု

[Unicode]

အိမ်ခြံ​မြေ၊ ကားစသည့် အ​ခြေပြပစ္စည်းများ၀ယ်ယူရာတွင် အခွန် ၃၀ရာခိုင်နှုန်း​ကောက်မည့် အစီအစဥ်ကို ရပ်ဆိုင်းပြီး အခွန်သက်သာခွင့် တနှစ်ဆက်​လက်ပေးရန် ကုန်သည် စက်မူအသင်းချုပ်-UMFCCI က အစိုးရထံကို အကြံပြုတင်ပြထားသည်။

COVID-19 ​ကြောင့် စီးပွား​ရေးလုပ်ငန်းများ ရုန်းကန်​နေရပြီး ​ငွေ​ကြေးလိုအပ်​နေခြင်း​ကြောင့်ဖြစ်သည်ဟု ကုန်သည်စက်မူအသင်းချုပ်က ​ထောက်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပုဂ္ဂလိကကဏ္ဍ၏ အကြံပြုချက်များ ပေးပို့တင်ပြရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၀ ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့သည်ဟု ကုန်သည်စက်မူအသင်းချုပ်က ထုတ်ပြန်ထားသည်။

အစည်းအဝေးသို့ အသင်းချုပ်ဒုတိယဥက္ကဌ ဦးရဲမင်းအောင် ၊အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပုဂ္ဂလိက ကဏ္ဍ၏ အကြံပြုချက်များကို စုစည်း၍ နိုင်ငံတော်အစိုးရထံ ပေးပို့တင်ပြသွားမည်ဖြစ်သည်ဟုဆိုထားသည်။

အိမ်၊ ခြံ၊ မြေ၊ ကား စသော ပစ္စည်းများဝယ်ယူရာတွင် ဝင်ငွေရလမ်းမဖော်ပြနိုင်ပါက ၂၀၂၀ အောက်တိုဘာမှ စတင်ပြီး အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၀ပြည့်နှစ်ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်း ပုဒ် ၂၅ တွင်ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀တွင် ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ငွေများဖြင့် အိမ်၊ခြံမြေ၊ ကားစသည့် ပစ္စည်းများဝယ်ယူပါက အခွန်သက်သာခွင့်ပေးထားသော်လည်း လာမည့် ဘဏ္ဍာနှစ် ၂၀၂၀-၂၁တွင် ပေးအပ်တော့မည်မဟုတ်ကြောင်း အထက်ပါဥပဒေကြမ်းတွင်ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ်သည် ၂၀၂၀ စက်တင်ဘာလကုန် ပြီးဆုံးမည်ဖြစ်သည်။ အကယ်၍ လွှတ်တော်က ထိုဥပဒေကြမ်းကို ထပ်မံမပြင်ဆင်ပါက ထိုအခွန်နှုန်းထားသည်၂၀၂၀အောက်တိုဘာ ၁ ရက်တွင်စတင် အသက်ဝင်မည်ဖြစ်သည်။

ဝင်ငွေရလမ်းမဖော်ပြထားသည့် ငွေကြေးဆိုသည်မှာ အခွန်မဆောင်ထားသည့် ငွေကြေးဖြစ်သည်။

ယခုဘဏ္ဍာနှစ်တွင် ဝင်ငွေရလမ်းမဖော်ပြထားသည် ငွေကြေးများဖြင့် ဝယ်ယူပါက သိန်းတစ်ထောင်အောက်ကို အခွန် ၃ ရာခိုင်နှုန်း၊ သိန်း သုံးထောင်ထိကို အခွန် ၅ ရာခိုင်နှုန်း၊ သိန်းတစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း သုံးသောင်းအထိကို အခွန် ၁၅ ရာခိုင်နှုန်းနှင့် ထိုအထက်ကို ၃၀ ရာခိုင်နှုန်း စသည့်ဖြင့် အလွှာလိုက် အခွန်ဆောင်ခိုင်းခြင်းဖြစ်သည်။

လာမည့် ဘဏ္ဍာနှစ်တွင် ဝင်ငွေရလမ်းမဖော်ပြသည့် ငွေကြေးများဖြင့် အိမ်၊ခြံမြေ၊ကားစသည့်တိုဝယ်ယူရာတွင် အခွန် ၃၀ ရာခိုင်နှုန်း တပြေးညီဆောင်ရမည်ဖြစ်သည်။

အခွန်နှုန်းထား ဖြေလျှော့ ပေးခြင်းသည် ငွေကြေးခဝါချမှု ကို အားပေးသကဲ့သို့ဖြစ်နေပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန် အလှန် အကဲခတ်ရာတွင်လည်း ရလဒ်ပိုင်း ဆိုးရွားစေခဲ့သဖြင့် အခွန်သက်သာခွင့်ကို ပယ်ဖျက် ရခြင်းဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင် ၁၃ ရက် ပြည်ထောင်စုလွှတ်တော် တွင် ပြောကြားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံ​ေျမ ကားစသည့္ပစၥည္းမ်ား၀ယ္ရာတြင္ အခြန္ ၃၀ရာခိုင္ႏႈန္း​ေကာက္မည့္ အစီအစဥ္ တစ္ႏွစ္ရပ္ဆိုင္း​ေပးရန္ UMFCCI အၾကံျပဳ

အိမ္ျခံ​ေျမ၊ ကားစသည့္ အ​ေျချပပစၥည္းမ်ား၀ယ္ယူရာတြင္ အခြန္ ၃၀ရာခိုင္ႏႈန္း​ေကာက္မည့္ အစီအစဥ္ကို ရပ္ဆိုင္းၿပီး အခြန္သက္သာခြင့္ တႏွစ္ဆက္​လက္ေပးရန္ ကုန္သည္ စက္မူအသင္းခ်ဳပ္-UMFCCI က အစိုးရထံကို အၾကံျပဳတင္ျပထားသည္။

COVID-19 ​ေၾကာင့္ စီးပြား​ေရးလုပ္ငန္းမ်ား ႐ုန္းကန္​ေနရၿပီး ​ေငြ​ေၾကးလိုအပ္​ေနျခင္း​ေၾကာင့္ျဖစ္သည္ဟု ကုန္သည္စက္မူအသင္းခ်ဳပ္က ​ေထာက္ျပထားသည္။

၂၀၂၀ ျပည့္ႏွစ္ ျပည္ေထာင္စု အခြန္အေကာက္ဥပေဒၾကမ္းႏွင့္စပ္လ်ဥ္း၍ ပုဂၢလိကက႑၏ အၾကံျပဳခ်က္မ်ား ေပးပို႔တင္ျပရန္ လုပ္ငန္းညႇိႏိႈင္းအစည္းအေဝးကို ဇူလိုင္လ ၂၀ ရက္ေန႔တြင္ Video Conferencing ျဖင့္ က်င္းပျပဳလုပ္ခဲ့သည္ဟု ကုန္သည္စက္မူအသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။

အစည္းအေဝးသို႔ အသင္းခ်ဳပ္ဒုတိယဥကၠဌ ဦးရဲမင္းေအာင္ ၊အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးေအးဝင္း၊ ပုဂၢလိကလုပ္ငန္း႐ွင္မ်ား၊ အသင္းအဖြဲ႕မ်ား ပါဝင္တက္ေရာက္ေဆြးေႏြးခဲ့ၿပီး ျပည္ေထာင္စုအခြန္အေကာက္ဥပေဒၾကမ္းႏွင့္စပ္လ်ဥ္း၍ ပုဂၢလိက က႑၏ အၾကံျပဳခ်က္မ်ားကို စုစည္း၍ ႏိုင္ငံေတာ္အစိုးရထံ ေပးပို႔တင္ျပသြားမည္ျဖစ္သည္ဟုဆိုထားသည္။

အိမ္၊ ျခံ၊ ေျမ၊ ကား စေသာ ပစၥည္းမ်ားဝယ္ယူရာတြင္ ဝင္ေငြရလမ္းမေဖာ္ျပႏိုင္ပါက ၂၀၂၀ ေအာက္တိုဘာမွ စတင္ၿပီး အခြန္ ၃၀ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ၂၀၂၀ျပည့္ႏွစ္ျပည္ေထာင္စုအခြန္အေကာက္ ဥပေဒၾကမ္း ပုဒ္ ၂၅ တြင္ေဖာ္ျပထားသည္။

ယခုဘ႑ာႏွစ္ ၂၀၁၉-၂၀၂၀တြင္ ဝင္ေငြရလမ္းမေဖာ္ျပႏိုင္သည့္ ေငြမ်ားျဖင့္ အိမ္၊ျခံေျမ၊ ကားစသည့္ ပစၥည္းမ်ားဝယ္ယူပါက အခြန္သက္သာခြင့္ေပးထားေသာ္လည္း လာမည့္ ဘ႑ာႏွစ္ ၂၀၂၀-၂၁တြင္ ေပးအပ္ေတာ့မည္မဟုတ္ေၾကာင္း အထက္ပါဥပေဒၾကမ္းတြင္ေဖာ္ျပထားသည္။

ယခုဘ႑ာႏွစ္သည္ ၂၀၂၀ စက္တင္ဘာလကုန္ ၿပီးဆုံးမည္ျဖစ္သည္။ အကယ္၍ လႊတ္ေတာ္က ထိုဥပေဒၾကမ္းကို ထပ္မံမျပင္ဆင္ပါက ထိုအခြန္ႏႈန္းထားသည္၂၀၂၀ေအာက္တိုဘာ ၁ ရက္တြင္စတင္ အသက္ဝင္မည္ျဖစ္သည္။

ဝင္ေငြရလမ္းမေဖာ္ျပထားသည့္ ေငြေၾကးဆိုသည္မွာ အခြန္မေဆာင္ထားသည့္ ေငြေၾကးျဖစ္သည္။

ယခုဘ႑ာႏွစ္တြင္ ဝင္ေငြရလမ္းမေဖာ္ျပထားသည္ ေငြေၾကးမ်ားျဖင့္ ဝယ္ယူပါက သိန္းတစ္ေထာင္ေအာက္ကို အခြန္ ၃ ရာခိုင္ႏႈန္း၊ သိန္း သုံးေထာင္ထိကို အခြန္ ၅ ရာခိုင္ႏႈန္း၊ သိန္းတစ္ေသာင္းအထိကို ၁၀ ရာခိုင္ႏႈန္း၊ သိန္း သုံးေသာင္းအထိကို အခြန္ ၁၅ ရာခိုင္ႏႈန္းႏွင့္ ထိုအထက္ကို ၃၀ ရာခိုင္ႏႈန္း စသည့္ျဖင့္ အလႊာလိုက္ အခြန္ေဆာင္ခိုင္းျခင္းျဖစ္သည္။

လာမည့္ ဘ႑ာႏွစ္တြင္ ဝင္ေငြရလမ္းမေဖာ္ျပသည့္ ေငြေၾကးမ်ားျဖင့္ အိမ္၊ျခံေျမ၊ကားစသည့္တိုဝယ္ယူရာတြင္ အခြန္ ၃၀ ရာခိုင္ႏႈန္း တေျပးညီေဆာင္ရမည္ျဖစ္သည္။

အခြန္ႏႈန္းထား ေျဖေလွ်ာ့ ေပးျခင္းသည္ ေငြေၾကးခဝါခ်မႈ ကို အားေပးသကဲ့သို႔ျဖစ္ေနၿပီး အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း အျပန္ အလွန္ အကဲခတ္ရာတြင္လည္း ရလဒ္ပိုင္း ဆိုး႐ြားေစခဲ့သျဖင့္ အခြန္သက္သာခြင့္ကို ပယ္ဖ်က္ ရျခင္းဟု စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ဇူလိုင္ ၁၃ ရက္ ျပည္ေထာင္စုလႊတ္ေတာ္ တြင္ ေျပာၾကားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service