ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပုံစံအသစ်ဖြင့် ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဦးစားပေးအကောင် အထည်ဖော် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
853 Views

ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပုံစံအသစ်ဖြင့် ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဦးစားပေးအကောင် အထည်ဖော် ဆောင်ရွက်မည်

[Unicode]

ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပုံစံအသစ်ဖြင့် ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဦးစားပေးအကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဇူလိုင်-၂၀ ရက်က ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ Distinction Management Organization (DMO) အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ Center for Tourism Development ၌ တွေ့ဆုံစဉ် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်ကပြောသည်။

ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဝန်ကြီးချုပ် ဦးဆောင်သော ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက သက်ဆိုင်ရာဒေသ၏ လိုအပ်ချက်အပေါ်မူတည်၍ ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီများ (DMO) များကို ဖွဲ့စည်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဒေသအလိုက် ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေများကိုဒေသ ခံများက ပိုမိုသိရှိသည့်အတွက် DMO များဖွဲ့စည်းရာတွင် အဖွဲ့ဝင်များတွင် ဒေသအာဏာပိုင်များနှင့်အတူ ဒေသခံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင် နေသူများ၊ မြို့မိမြို့ဖများကို ပါဝင်ဖွဲ့စည်းနိုင်ရန်ဆောင်ရွက် လျက်ရှိပါကြောင်း၊ DMO အနေဖြင့် သက်ဆိုင်ရာဒေသ အလိုက် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ခရီးစဉ်ဒေသဖွံ့ဖြိုးရေးနှင့် အသစ်ဖော်ဆောင်ရေးလုပ်ငန်း များကိုထိထိရောက် ရောက် ဆောင်ရွက်နိုင်ရန် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်းပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ဆက်စပ်ဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များကို ပေါင်းစပ် ကာ Tourism National Guideline For COVID-19 Safe Services ကို ပြုစုထုတ်ပြန်ထားပြီးဖြစ်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ၊ ခရီးသွားဧည့်သည်များ စနစ်တကျ လိုက်နာဆောင်ရွက် နိုင်ရန် DMO များမှ ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ DMO အဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက် နေမှုများနှင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာအရသိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]


ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပုံစံအသစ်ဖြင့် ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဦးစားပေးအကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဇူလိုင်-၂၀ ရက်က ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ Distinction Management Organization (DMO) အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ Center for Tourism Development ၌ တွေ့ဆုံစဉ် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်ကပြောသည်။

ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဝန်ကြီးချုပ် ဦးဆောင်သော ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက သက်ဆိုင်ရာဒေသ၏ လိုအပ်ချက်အပေါ်မူတည်၍ ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီများ (DMO) များကို ဖွဲ့စည်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဒေသအလိုက် ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေများကိုဒေသ ခံများက ပိုမိုသိရှိသည့်အတွက် DMO များဖွဲ့စည်းရာတွင် အဖွဲ့ဝင်များတွင် ဒေသအာဏာပိုင်များနှင့်အတူ ဒေသခံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင် နေသူများ၊ မြို့မိမြို့ဖများကို ပါဝင်ဖွဲ့စည်းနိုင်ရန်ဆောင်ရွက် လျက်ရှိပါကြောင်း၊ DMO အနေဖြင့် သက်ဆိုင်ရာဒေသ အလိုက် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ခရီးစဉ်ဒေသဖွံ့ဖြိုးရေးနှင့် အသစ်ဖော်ဆောင်ရေးလုပ်ငန်း များကိုထိထိရောက် ရောက် ဆောင်ရွက်နိုင်ရန် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်းပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ဆက်စပ်ဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များကို ပေါင်းစပ် ကာ Tourism National Guideline For COVID-19 Safe Services ကို ပြုစုထုတ်ပြန်ထားပြီးဖြစ်ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ၊ ခရီးသွားဧည့်သည်များ စနစ်တကျ လိုက်နာဆောင်ရွက် နိုင်ရန် DMO များမှ ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ DMO အဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက် နေမှုများနှင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာအရသိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။





ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service