ခေါင်လန်ဖူးရှိ မြေဧက တစ်သိန်းကျော်တွင် သတ္တုရှာမည့် ကုမ္ပဏီအစီအစဉ်ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
1992 Views

ခေါင်လန်ဖူးရှိ မြေဧက တစ်သိန်းကျော်တွင် သတ္တုရှာမည့် ကုမ္ပဏီအစီအစဉ်ရပ်ဆိုင်း

[Unicode]

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ မြေဧကတစ်သိန်း ကျော်တွင် ‌ဒေသခံများ၏ မြေများပါဝင်၍ Fortuna Metals Company ၏ သတ္တုရှာဖွေမည့် အစီအစဉ်ကို ရပ်ဆိုင်းထားကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ မြေဧက ၃ သိန်းခန့်အပေါ်တွင် ရွှေ၊ ကြေးနီနှင့် ဆက်စပ် သတ္တုများ ရှာဖွေရေး စမ်းသပ်တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်ရန် နိုင်ငံခြားကုမ္ပဏီ တခုကို ခွင့်ပြုထားခြင်းဖြစ်သည်။

သတ္တုရှာဖွေမည့် စီမံကိန်း မြေနေရာတွင် ဒေသခံတောင်သူ များ၏ လယ်ယာမြေများပါရှိနေ သည့်အတွက် ရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း ဇူလိုင် ၁၇ ရက်ကပြုလုပ်သည့် အစိုးရအဖွဲ့သတင်းစာရှင်းလင်းပွဲတွင် ၎င်းကဆိုသည်။

‘‘Fortuna Metals ကုမ္ပဏီ ကနေ သတ္တုတူးဖော်ရှာဖွေရေး (Exploration) ဘယ်နေရာမှာ ဘာရှိတယ်၊ စမ်းသပ်လုပ်မယ်ဆို ပြီး ကချင်ပြည်နယ်အစိုးရကို လာ ပြီးတော့ ရှင်းပြတယ်။ ဒါပေမဲ့ ပြည် ထောင်စုအစိုးရက သဘော တူမှ ဖြစ်မှာကိုး။ ဒါကို Facebook ပေါ်မှာ ဒီဟာတော့ တရုတ်က ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ရောင်းစားကုန်ပြီ ပြောနေကြ တာ။ တကယ်တော့ Fortuna Metals ကုမ္ပဏီက မြန်မာနိုင်ငံ အခြေစိုက်ဟုတ်တယ်။ စင်ကာပူ မှာ အခြေစိုက်တယ်။ သြစတြေး လျမှာ အခြေစိုက်တာဖြစ်တယ်။ ဒါကိုကျွန်တော်တို့မရောင်းစားပါဘူး။ လက်ရှိလည်း သူတို့လုပ်မယ့်နေရာ ဧက တစ်သိန်းကျော်မှာ တောင်သူတွေရဲ့ လယ်မြေတွေပါ နေတဲ့အတွက် ရပ်ဆိုင်းထားပါပြီ" ဟု ဝန်ကြီးချုပ် ဒေါက်တာခက် အောင်က ပြောသည်။

Fortuna Metals ကုမ္ပဏီက ၎င်းတို့လျှောက်ထားသည့် မြေနေ ရာတွင် ဒေသခံများ၏ လယ်ယာ မြေ၊ ခြံများ ပါရှိနေသည့်အတွက် ရပ်နားစာကို လွန်ခဲ့သည့်လတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာ တင်ခဲ့ကြောင်း ၎င်းကဆက်လက် ပြောသည်။

ယခုလုပ်ငန်းလျှောက်ထားသည့် ကုမ္ပဏီမှာ မြန်မာနှင့်သြစတေးလျ နိုင်ငံသားတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် နည်းပညာနှင့် ရင်းနှီးမြုပ်နှံမှု ငွေကြေးခိုင်မာသည့် ကုမ္ပဏီဖြစ်ကာ မြန်မာသတ္တုတွင်း ဥပဒေ၊ နည်းပဒေများနှင့် အညီ လျှောက်ထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကလည်း စမ်းသပ်တိုင်းတာမှုလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကန့်ကွက်ရန်မရှိကြောင်း သဘောထားမှတ်ချက် ပြန်ထားပေးကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေကပြောသည်။

ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက “လုပ်ကွက်လျှောက် ဧရိယာက ဧက ၃ သိန်းဝန်းကျင် ရှိပေမယ့်၊ အဆင့်အလိုက် လုပ်ငန်း ဆောင်ရွက်စဉ်မှာ နှစ်စဉ် ဓာတ်သတ္တုဖြစ်ထွန်းဖို့ အလားအလာ နည်းပါးတဲ့ ဧရိယာတွေကို လျော့ချ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ နောက်ဆုံး သတ္တုသိုက်တွေ့ရှိတဲ့ ဧရိယာ၊ ဥပမာ-ဧက၂၀၀၊ ၄၀၀ အစရှိသဖြင့် သတ္တုသိုက် အရွယ်အစားကို လိုက်ပြီး ထုတ်လုပ်ရေးလုပ်ငန်းကို ဆောင်ရွက်တဲ့အဆင့်ကို ကူးပြောင်းသွားရမှာဖြစ်တယ်”ဟု ပြောသည်။

ခေါင်လန်ဖူးမြို့နယ်တွင် သတ္တုရှာဖွေရေးလုပ်ငန်းဆောင် ရွက်ရန်အတွက် စမ်းသပ်တူးဖော် ခွင့်ကို Fortuna Metals ကုမ္ပဏီ က ၂၀၁၈ တွင် ပြည်နယ်အစိုးရထံ လျှောက်ထားခဲ့သည်။ ဒေသခံ သတင်းအဖွဲ့အစည်းများ၏ အဆို အရ ကုမ္ပဏီဘက်မှ လျှောက် ထားသည့် အဆိုပါမြေနေရာတွင် ရဝမ်ပြည်သူ့စစ်အဖွဲ့ ဦးတန်ဂူး တန် အဖွဲ့လျှောက်ထားသည့် မြေဧက ၆၀၀ ပါရှိနေသည့်အပြင် ဒေသခံဘက်မှလည်း ၎င်းတို့၏ မြေနေရာများ ပါဝင်နေသည့်အ တွက် ကန့်ကွက်မှုများရှိခဲ့သည်။

သို့သော် ပြည်နယ်အစိုးရ၏ ညှိနှိုင်းဖျန်ဖြေပေးမှုကြောင့် ရဝမ် ပြည်သူ့စစ်အဖွဲ့က ကန့်ကွက်မှု များ ရုပ်သိမ်းခဲ့သော်လည်း ဒေ သခံများက ဆက်လက်ကန့်ကွက် နေဆဲဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေခါင္လန္ဖူး႐ွိ ေျမဧက တစ္သိန္းေက်ာ္တြင္ သတၱဳ႐ွာမည့္ ကုမၸဏီအစီအစဥ္ရပ္ဆိုင္း

ပူတာအိုခ႐ိုင္ ေခါင္လန္ဖူးၿမိဳ႕နယ္႐ွိ ေျမဧကတစ္သိန္း ေက်ာ္တြင္ ‌ေဒသခံမ်ား၏ ေျမမ်ားပါဝင္၍ Fortuna Metals Company ၏ သတၱဳ႐ွာေဖြမည့္ အစီအစဥ္ကို ရပ္ဆိုင္းထားေၾကာင္း ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ေျပာသည္။

ကခ်င္ျပည္နယ္ ပူတာအိုခ႐ိုင္ ေခါင္လန္ဖူးၿမိဳ႕နယ္႐ွိ ေျမဧက ၃ သိန္းခန္႔အေပၚတြင္ ေ႐ႊ၊ ေၾကးနီႏွင့္ ဆက္စပ္ သတၱဳမ်ား ႐ွာေဖြေရး စမ္းသပ္တိုင္းတာေရး လုပ္ငန္းမ်ား လုပ္ေဆာင္ရန္ ႏိုင္ငံျခားကုမၸဏီ တခုကို ခြင့္ျပဳထားျခင္းျဖစ္သည္။

သတၱဳ႐ွာေဖြမည့္ စီမံကိန္း ေျမေနရာတြင္ ေဒသခံေတာင္သူ မ်ား၏ လယ္ယာေျမမ်ားပါ႐ွိေန သည့္အတြက္ ရပ္ဆိုင္းထားျခင္း ျဖစ္ေၾကာင္း ဇူလိုင္ ၁၇ ရက္ကျပဳလုပ္သည့္ အစိုးရအဖြဲ႕သတင္းစာ႐ွင္းလင္းပြဲတြင္ ၎ကဆိုသည္။

‘‘Fortuna Metals ကုမၸဏီ ကေန သတၱဳတူးေဖာ္႐ွာေဖြေရး (Exploration) ဘယ္ေနရာမွာ ဘာ႐ွိတယ္၊ စမ္းသပ္လုပ္မယ္ဆို ၿပီး ကခ်င္ျပည္နယ္အစိုးရကို လာ ၿပီးေတာ့ ႐ွင္းျပတယ္။ ဒါေပမဲ့ ျပည္ ေထာင္စုအစိုးရက သေဘာ တူမွ ျဖစ္မွာကိုး။ ဒါကို Facebook ေပၚမွာ ဒီဟာေတာ့ တ႐ုတ္က ဘာျဖစ္တယ္၊ ညာျဖစ္တယ္။ ေရာင္းစားကုန္ၿပီ ေျပာေနၾက တာ။ တကယ္ေတာ့ Fortuna Metals ကုမၸဏီက ျမန္မာႏိုင္ငံ အေျခစိုက္ဟုတ္တယ္။ စင္ကာပူ မွာ အေျခစိုက္တယ္။ ၾသစေၾတး လ်မွာ အေျခစိုက္တာျဖစ္တယ္။ ဒါကိုကြၽန္ေတာ္တို႔မေရာင္းစားပါဘူး။ လက္႐ွိလည္း သူတို႔လုပ္မယ့္ေနရာ ဧက တစ္သိန္းေက်ာ္မွာ ေတာင္သူေတြရဲ႕ လယ္ေျမေတြပါ ေနတဲ့အတြက္ ရပ္ဆိုင္းထားပါၿပီ" ဟု ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ ေအာင္က ေျပာသည္။

Fortuna Metals ကုမၸဏီက ၎တို႔ေလွ်ာက္ထားသည့္ ေျမေန ရာတြင္ ေဒသခံမ်ား၏ လယ္ယာ ေျမ၊ ျခံမ်ား ပါ႐ွိေနသည့္အတြက္ ရပ္နားစာကို လြန္ခဲ့သည့္လတြင္ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ စာ တင္ခဲ့ေၾကာင္း ၎ကဆက္လက္ ေျပာသည္။

ယခုလုပ္ငန္းေလွ်ာက္ထားသည့္ ကုမၸဏီမွာ ျမန္မာႏွင့္ၾသစေတးလ် ႏိုင္ငံသားတို႔ ေပါင္းစပ္ဖြဲ႕စည္းထားသည့္ နည္းပညာႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ေငြေၾကးခိုင္မာသည့္ ကုမၸဏီျဖစ္ကာ ျမန္မာသတၱဳတြင္း ဥပေဒ၊ နည္းပေဒမ်ားႏွင့္ အညီ ေလွ်ာက္ထားျခင္းျဖစ္ၿပီး ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ကလည္း စမ္းသပ္တိုင္းတာမႈလုပ္ငန္းမ်ား လုပ္ေဆာင္ရန္အတြက္ ကန္႔ကြက္ရန္မ႐ွိေၾကာင္း သေဘာထားမွတ္ခ်က္ ျပန္ထားေပးေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးရဲျမင့္ေဆြကေျပာသည္။

ဒုတိယဝန္ႀကီး ဦးရဲျမင့္ေဆြက “လုပ္ကြက္ေလွ်ာက္ ဧရိယာက ဧက ၃ သိန္းဝန္းက်င္ ႐ွိေပမယ့္၊ အဆင့္အလိုက္ လုပ္ငန္း ေဆာင္႐ြက္စဥ္မွာ ႏွစ္စဥ္ ဓာတ္သတၱဳျဖစ္ထြန္းဖို႔ အလားအလာ နည္းပါးတဲ့ ဧရိယာေတြကို ေလ်ာ့ခ် ေဆာင္႐ြက္သြားမွာ ျဖစ္တယ္။ ေနာက္ဆုံး သတၱဳသိုက္ေတြ႕႐ွိတဲ့ ဧရိယာ၊ ဥပမာ-ဧက၂၀၀၊ ၄၀၀ အစ႐ွိသျဖင့္ သတၱဳသိုက္ အ႐ြယ္အစားကို လိုက္ၿပီး ထုတ္လုပ္ေရးလုပ္ငန္းကို ေဆာင္႐ြက္တဲ့အဆင့္ကို ကူးေျပာင္းသြားရမွာျဖစ္တယ္”ဟု ေျပာသည္။

ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ သတၱဳ႐ွာေဖြေရးလုပ္ငန္းေဆာင္ ႐ြက္ရန္အတြက္ စမ္းသပ္တူးေဖာ္ ခြင့္ကို Fortuna Metals ကုမၸဏီ က ၂၀၁၈ တြင္ ျပည္နယ္အစိုးရထံ ေလွ်ာက္ထားခဲ့သည္။ ေဒသခံ သတင္းအဖြဲ႕အစည္းမ်ား၏ အဆို အရ ကုမၸဏီဘက္မွ ေလွ်ာက္ ထားသည့္ အဆိုပါေျမေနရာတြင္ ရဝမ္ျပည္သူ႕စစ္အဖြဲ႕ ဦးတန္ဂူး တန္ အဖြဲ႕ေလွ်ာက္ထားသည့္ ေျမဧက ၆၀၀ ပါ႐ွိေနသည့္အျပင္ ေဒသခံဘက္မွလည္း ၎တို႔၏ ေျမေနရာမ်ား ပါဝင္ေနသည့္အ တြက္ ကန္႔ကြက္မႈမ်ား႐ွိခဲ့သည္။

သို႔ေသာ္ ျပည္နယ္အစိုးရ၏ ညႇိႏိႈင္းဖ်န္ေျဖေပးမႈေၾကာင့္ ရဝမ္ ျပည္သူ႕စစ္အဖြဲ႕က ကန္႔ကြက္မႈ မ်ား ႐ုပ္သိမ္းခဲ့ေသာ္လည္း ေဒ သခံမ်ားက ဆက္လက္ကန္႔ကြက္ ေနဆဲျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service