လာမည့် ဘဏ္ဍာနှစ်မှ စတင်ပြီး အခွန်​ဆောင်စာတွင် အီလက်ထ​ရောနစ်စနစ်ဖြင့် ​ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
901 Views

လာမည့် ဘဏ္ဍာနှစ်မှ စတင်ပြီး အခွန်​ဆောင်စာတွင် အီလက်ထ​ရောနစ်စနစ်ဖြင့် ​ဆောင်ရွက်မည်

[Unicode]

ကုမ္ပဏီများ အခွန်ဆောင်ရာတွင် ငွေသားဖြင့် ပေးဆောင်သည့်အစား အီလက် ထရွန်နစ် ငွေပေးချေမှုစနစ်ကို ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ပြောင်းလဲ ကျင့်သုံးမည်ဟုပြည်တွင်းအခွန်များဦးစီးဌာနက ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန် သည်။

COVID-19 ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းစဉ်များ အထောက်အကူပြုစေရန်အတွက် အခွန်ပေးဆောင်ရာတွင် အီလက်ထရွန်နစ် စနစ်များဖြစ်သည့် m-Banking, e-Banking, Mobile Payment များ၊ MPU များဖြင့် ပေးဆောင်ရန် ဘဏ်များ နှင့်ချိတ်ဆက်ဆောင်ရွက်ထားပြီး ဖြစ်သည်ဟုဆိုသည်။

ထို​ကြောင့် လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ ​​ငွေသား သို့မဟုတ် ချက်လက်မှတ်ဖြင့် အခွန်​ဆောင်သည့်အစား အီလက်ထ​ရောနစ် ​ငွေ​ပေး​ချေသည့် စနစ်ဖြင့်သာ ​ပေး​ချေရမည်ဟု ပြည်တွင်းအခွန်များဦးစီဌာန၊ ညွန့်ကြား​ရေးမှူးချုပ်ဦး မင်းထွဋ်က​ပြောသည်။

ငွေသား (သို့မဟုတ်) ချက် လက်မှတ်ဖြင့် လူကိုယ်တိုင်အခွန် ပေးဆောင်သည့်စနစ်အစား အီ လက်ထရွန်နစ်စနစ် ပြောင်းလဲ အသုံးပြုခြင်းသည် အချိန်နှင့် ကုန် ကျစရိတ်သက်သာခြင်း၊ မလိုအပ်ဘဲ ငွေကြေးဆုံးရှုံးမှုအန္တရာယ် မရှိခြင်း၊ အလွဲသုံးစားနှင့် မသမာ မှုများကို ကာကွယ်ရန်ဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ဆိုသည်။

အခွန်ထမ်းကြီးများ၊ အလယ်အလတ် အခွန်ထမ်းများ၏ ဝန်ထမ်းများ လစာဝင်ငွေခွန်ကို သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးများ တွင် အခွန်ဆောင်ရသည့်အစား အခွန်ရုံး၏ ဘဏ်ဖြင့် ချိတ်ဆက် အခွန်ဆောင်နိုင်ရန် ဆောင်ရွက် လျက်ရှိသည်ဟု ပြည်တွင်းအခွန် များဦးစီးဌာနက ထုတ်ပြန်ထား သည်။

လစာဝင်ငွေခွန်ပေးဆောင်မှုမှတ်တမ်းကို မှတ်တမ်းစာအုပ် ပေးမည့်အစား ဌာန၏ ဒေတာစင် တာတွင် ချိတ်ဆက်ထားသည့် မိုဘိုင်း အက်ပလီကေးရှင်းဖြင့် ချိတ်ဆက်ပြီး အချက်အလက်များ ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေး မည်ဟုဆိုထားသည်။

လက်ရှိတွင် အခွန်ထမ်းကုမ္ပဏီများသည် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ရတနာခွန်များကို အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်ဖြင့် လွယ်ကူလျင်မြန်စွာ ပေးဆောင် နိုင်ပြီဖြစ်သည်။

အီလက်ထရွန်နစ်ငွေပေး ချေစနစ်အသုံးပြု၍ အခွန်ထမ်းပါက အီလက်ထရွန်နစ် ငွေရေး ကြေးရေး ဝန်ဆောင်မှုလုပ်ငန်း က အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထားထုတ်ပေးမည် ဖြစ်သည်။ ထို့နောက် ပြည်တွင်း အခွန်များဦးစီးဌာနက ငွေလက်ခံ ရရှိကြောင်း အီးလ်မေးပေးပို့မည် ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လာမည့္ ဘ႑ာႏွစ္မွ စတင္ၿပီး အခြန္​ေဆာင္စာတြင္ အီလက္ထ​ေရာနစ္စနစ္ျဖင့္ ​ေဆာင္႐ြက္မည္

ကုမၸဏီမ်ား အခြန္ေဆာင္ရာတြင္ ေငြသားျဖင့္ ေပးေဆာင္သည့္အစား အီလက္ ထ႐ြန္နစ္ ေငြေပးေခ်မႈစနစ္ကို ၂၀၂၀-၂၁ ဘ႑ာႏွစ္တြင္ ေျပာင္းလဲ က်င့္သုံးမည္ဟုျပည္တြင္းအခြန္မ်ားဦးစီးဌာနက ဇူလိုင္ ၁၈ ရက္တြင္ ထုတ္ျပန္ သည္။

COVID-19 ကာကြယ္ေရး၊ ကုသေရးလုပ္ငန္းစဥ္မ်ား အေထာက္အကူျပဳေစရန္အတြက္ အခြန္ေပးေဆာင္ရာတြင္ အီလက္ထ႐ြန္နစ္ စနစ္မ်ားျဖစ္သည့္ m-Banking, e-Banking, Mobile Payment မ်ား၊ MPU မ်ားျဖင့္ ေပးေဆာင္ရန္ ဘဏ္မ်ား ႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္ထားၿပီး ျဖစ္သည္ဟုဆိုသည္။

ထို​ေၾကာင့္ လာမည့္ ဘ႑ာႏွစ္မွ စတင္၍ ​​ေငြသား သို႔မဟုတ္ ခ်က္လက္မွတ္ျဖင့္ အခြန္​ေဆာင္သည့္အစား အီလက္ထ​ေရာနစ္ ​ေငြ​ေပး​ေခ်သည့္ စနစ္ျဖင့္သာ ​ေပး​ေခ်ရမည္ဟု ျပည္တြင္းအခြန္မ်ားဦးစီဌာန၊ ၫြန္႔ၾကား​ေရးမႉးခ်ဳပ္ဦး မင္းထြဋ္က​ေျပာသည္။

ေငြသား (သို႔မဟုတ္) ခ်က္ လက္မွတ္ျဖင့္ လူကိုယ္တိုင္အခြန္ ေပးေဆာင္သည့္စနစ္အစား အီ လက္ထ႐ြန္နစ္စနစ္ ေျပာင္းလဲ အသုံးျပဳျခင္းသည္ အခ်ိန္ႏွင့္ ကုန္က်စရိတ္သက္သာျခင္း၊ မလိုအပ္ဘဲ ေငြေၾကးဆုံး႐ႈံးမႈအႏၲရာယ္ မ႐ွိျခင္း၊ အလြဲသုံးစားႏွင့္ မသမာ မႈမ်ားကို ကာကြယ္ရန္ျဖစ္သည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ဆိုသည္။

အခြန္ထမ္းႀကီးမ်ား၊ အလယ္အလတ္ အခြန္ထမ္းမ်ား၏ ဝန္ထမ္းမ်ား လစာဝင္ေငြခြန္ကို သက္ဆိုင္ရာ ၿမိဳ႕နယ္အခြန္႐ုံးမ်ား တြင္ အခြန္ေဆာင္ရသည့္အစား အခြန္႐ုံး၏ ဘဏ္ျဖင့္ ခ်ိတ္ဆက္ အခြန္ေဆာင္ႏိုင္ရန္ ေဆာင္႐ြက္လ်က္႐ွိသည္ဟု ျပည္တြင္းအခြန္ မ်ားဦးစီးဌာနက ထုတ္ျပန္ထား သည္။

လစာဝင္ေငြခြန္ေပးေဆာင္မႈမွတ္တမ္းကို မွတ္တမ္းစာအုပ္ ေပးမည့္အစား ဌာန၏ ေဒတာစင္ တာတြင္ ခ်ိတ္ဆက္ထားသည့္ မိုဘိုင္း အက္ပလီေကး႐ွင္းျဖင့္ ခ်ိတ္ဆက္ၿပီး အခ်က္အလက္မ်ား ၾကည့္႐ႈႏိုင္ရန္ ေဆာင္႐ြက္ေပး မည္ဟုဆိုထားသည္။

လက္႐ွိတြင္ အခြန္ထမ္းကုမၸဏီမ်ားသည္ ဝင္ေငြခြန္၊ ကုန္သြယ္လုပ္ငန္းခြန္၊ အထူးကုန္စည္ခြန္ႏွင့္ ရတနာခြန္မ်ားကို အီလက္ထ႐ြန္နစ္ေငြေပးေခ်မႈစနစ္ျဖင့္ လြယ္ကူလ်င္ျမန္စြာ ေပးေဆာင္ ႏိုင္ၿပီျဖစ္သည္။

အီလက္ထ႐ြန္နစ္ေငြေပး ေခ်စနစ္အသုံးျပဳ၍ အခြန္ထမ္းပါက အီလက္ထ႐ြန္နစ္ ေငြေရး ေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္း က အခြန္ေငြေပးသြင္းၿပီးေၾကာင္း အေထာက္အထားထုတ္ေပးမည္ ျဖစ္သည္။ ထို႔ေနာက္ ျပည္တြင္း အခြန္မ်ားဦးစီးဌာနက ေငြလက္ခံ ရ႐ွိေၾကာင္း အီးလ္ေမးေပးပို႔မည္ ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service