ကုန်းတွင်းဆိပ်များဆိုင်ရာ အစိုးရများအကြား သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင် နိုင်ရေးနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြ - Property News in Myanmar from iMyanmarHouse.com
862 Views

ကုန်းတွင်းဆိပ်များဆိုင်ရာ အစိုးရများအကြား သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင် နိုင်ရေးနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြ

[Unicode]

ကုန်းတွင်းဆိပ်များဆိုင်ရာ အစိုးရများအကြား သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင် နိုင်ရေးနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ဇူလိုင် ၁၆ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးက ကုန်းတွင်းဆိပ်များ ဖွံ့ဖြိုးတိုးတက်လာပါက ကုန်သွယ်ရေးနှင့်ပို့ဆောင်ရေးကဏ္ဍမြှင့်တင် နိုင်မည်ဖြစ်ခြင်း၊မြန်မာ နိုင်ငံသည် မဟာဗျူဟာအချက်အချာကျပြီး အာရှတိုက်ကြီး၏ဆုံချက်နေရာတွင်တည်ရှိသည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မြန်ဆန် လာမည်ဖြစ်ခြင်း၊ တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများသို့ ဆက်သွယ်၍ ကုန်ပစ္စည်းများအပြန်အလှန် ပို့ဆောင်နိုင်မည့် အပြင် ရထားဖြင့် ကုန်စည်ပို့ဆောင်မှုအခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည်ဖြစ်ခြင်း၊ ကွန်တိန်နာ ပို့ဆောင်ရေးလုပ်ငန်းများ တိုးတက် ကောင်းမွန်လာမည်ဖြစ်ခြင်း၊ ဆိပ်ကမ်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်များကို လျှော့ချနိုင်မည်ဖြစ်ခြင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ရေထွက်ကုန်ပစ္စည်းများကို အအေးခန်းကုန်သေတ္တာဖြင့် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရာတွင် ပစ္စည်းအရည်အသွေး မပျက်စီးစေ မည့် Cool Chain Logistics ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အချိုး ညီညီ ဆက်စပ်ဆောင်ရွက်နိုင်မည် အကျိုးကျေးဇူးများရရှိမည်ဖြစ်၍ ကုန်းတွင်းဆိပ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ အစိုးရများ အကြား သဘောတူစာချုပ်ကို အတည်ပြုလက်ခံကျင့်သုံး ပေးရန် လိုအပ်ပါ ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ယင်းစာချုပ် တွင် မြန်မာနိုင်ငံမှ လက်ခံကျင့်သုံးရေးအတွက် အတည်ပြုပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်၊

ယင်းတင်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၂ ရက်တွင် ဆွေးနွေးရန်လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်သတင်းအရသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

[Zawgyi]






Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service