ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍအတွက် ဘတ်ငွေ ၁ ဒသမ ၄ ဘီလီယံထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
1144 Views

ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍအတွက် ဘတ်ငွေ ၁ ဒသမ ၄ ဘီလီယံထုတ်ချေးမည်

[Unicode]

ထိုင်းနိုင်ငံက မြန်မာ့လျှပ်စစ်ကဏ္ဍတိုးတက်ရေးအတွက် ထိုင်းဘတ်ငွေ ၁ ဒသမ ၄ (ဒေါ်လာ ၄၄သန်း) ဘီလီယံကို ထုတ်ချေးရန် သဘောတူခဲ့ကြောင်း ထိုင်းအစိုးရ၏ ပြောခွင့်ရ ဒုတိယအကြီးအကဲ Rachada Dhnadirek ကပြောသည်။

ထိုချေးငွေသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားသယ်ယူရေးစနစ်နှင့် ဓာတ်အားခွဲရုံများ တိုးတက်ရေးနှင့် တည်ဆောက်ရေးအတွက်ဖြစ်သည်ဟု ဘန်ကောက်စ်ပို့စ်သတင်းဌာနတွင်ဖော်ပြသည်။

“အိမ်နီးချင်းနိုင်ငံများ တိုးတက်စေရေးမူဝါဒနဲ့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ကူညီဖို ကမ်းလှမ်းခဲ့တာ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ၎င်း၏ လူမူကွန်ယက်တွင် ရေးသားခဲ့သည်။

ထိုချေးငွေကို ထိုင်းနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (NCEDC) က ချေးယူခြင်းဖြစ်သည်။ ချေးငွေသက်တမ်းမှာ နှစ်သုံးဆယ်ဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၀ နှစ်နှင့် အတိုးနှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။

ချေးငွေသဘောတူညီချက်အရ မြန်မာနိုင်ငံက ချေးငွေ ၅၀ ရာခိုင်နှုန်းကို ထိုင်းကုန်ပစ္စည်းနှင့် ထိုင်းဝန်ဆောင်မှုများကို သုံးဆွဲရမည်ဖြစ်သည်။ မြန်မာနိုင်ငံက ထိုင်းဆောက်လုပ်ရေးကန်ထရိုက်တာများ၊ အကြံပေးအင်ဂျင်နီယာများကို လုပ်ငန်းတွင်ဆောင်ရွက်ရန် စာရင်းသွင်းရမည်ဟုဆိုထားသည်။

“ဒီလိုဆောင်ရွက်ခြင်းက ထိုင်းနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းတွေရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ကူညီပေးရန်ဖြစ်ပြီး ထိုင်းနိုင်ငံသားများ အလုပ်အကိုင်ရရန်ဖြစ်သည်”ဟု ထိုင်းအစိုးရပြောခွင့်ရ ဒုတိယအကြီးအကဲအမျိုးသမီးကပြောသည်။

ထိုင်းနိုင်ငံက လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှ ပိုမိုရင်းနှီးမြှုပ်နှံဖို့စသည့်အချက်များဖြင့် ချေးငွေ ၅၀ ရာခိုင်နှုန်းတွင် ထိုင်းနိုင်ငံ၏ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မူများကို အသုံးပြုရန် သဘောတူညီချက်တွင် ထည့်သွင်းခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုချေးငွေ၏ တဝက်ကို ထိုင်းအစိုးရ ၂၀၂၁-၂၃ ဘတ်ဂျတ်မှလာခြင်းဖြစ်ပြီး ကျန်တဝက်ကို ထိုင်းငွေကြေး အဖွဲ့အစည်းများထံမှ ချေးယူခြင်းဖြစ်သည်ဟုဆိုသည်။

ထိုင်းနိုင်ငံသည် စင်ကာပူနှင့် တရုတ်နိုင်ငံပြီးနောက် မြန်မာနိုင်ငံတွင် တတိယအများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ထိုင္းႏိုင္ငံက ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္က႑အတြက္ ဘတ္ေငြ ၁ ဒသမ ၄ ဘီလီယံထုတ္ေခ်းမည္

ထိုင္းႏိုင္ငံက ျမန္မာ့လွ်ပ္စစ္က႑တိုးတက္ေရးအတြက္ ထိုင္းဘတ္ေငြ ၁ ဒသမ ၄ (ေဒၚလာ ၄၄သန္း) ဘီလီယံကို ထုတ္ေခ်းရန္ သေဘာတူခဲ့ေၾကာင္း ထိုင္းအစိုးရ၏ ေျပာခြင့္ရ ဒုတိယအႀကီးအကဲ Rachada Dhnadirek ကေျပာသည္။

ထိုေခ်းေငြသည္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဓာတ္အားသယ္ယူေရးစနစ္ႏွင့္ ဓာတ္အားခြဲ႐ုံမ်ား တိုးတက္ေရးႏွင့္ တည္ေဆာက္ေရးအတြက္ျဖစ္သည္ဟု ဘန္ေကာက္စ္ပို႔စ္သတင္းဌာနတြင္ေဖာ္ျပသည္။

“အိမ္နီးခ်င္းႏိုင္ငံမ်ား တိုးတက္ေစေရးမူဝါဒနဲ႔ ထိုင္းႏိုင္ငံက ျမန္မာႏိုင္ငံကို ကူညီဖို ကမ္းလွမ္းခဲ့တာ”ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ၎၏ လူမူကြန္ယက္တြင္ ေရးသားခဲ့သည္။

ထိုေခ်းေငြကို ထိုင္းႏိုင္ငံ၏ အိမ္နီးျခင္းႏိုင္ငံမ်ား စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရး ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (NCEDC) က ေခ်းယူျခင္းျဖစ္သည္။ ေခ်းေငြသက္တမ္းမွာ ႏွစ္သုံးဆယ္ျဖစ္ၿပီး ဆိုင္းငံ့ကာလ ၁၀ ႏွစ္ႏွင့္ အတိုးႏႈန္းမွာ ၁ ဒသမ ၅ ရာခိုင္ႏႈန္းျဖစ္သည္။

ေခ်းေငြသေဘာတူညီခ်က္အရ ျမန္မာႏိုင္ငံက ေခ်းေငြ ၅၀ ရာခိုင္ႏႈန္းကို ထိုင္းကုန္ပစၥည္းႏွင့္ ထိုင္းဝန္ေဆာင္မႈမ်ားကို သုံးဆြဲရမည္ျဖစ္သည္။ ျမန္မာႏိုင္ငံက ထိုင္းေဆာက္လုပ္ေရးကန္ထ႐ိုက္တာမ်ား၊ အႀကံေပးအင္ဂ်င္နီယာမ်ားကို လုပ္ငန္းတြင္ေဆာင္႐ြက္ရန္ စာရင္းသြင္းရမည္ဟုဆိုထားသည္။

“ဒီလိုေဆာင္႐ြက္ျခင္းက ထိုင္းႏိုင္ငံစြန႔္ဦးတီထြင္လုပ္ငန္းေတြရဲ႕ ထုတ္ကုန္နဲ႔ ဝန္ေဆာင္မႈေတြကို ကူညီေပးရန္ျဖစ္ၿပီး ထိုင္းႏိုင္ငံသားမ်ား အလုပ္အကိုင္ရရန္ျဖစ္သည္”ဟု ထိုင္းအစိုးရေျပာခြင့္ရ ဒုတိယအႀကီးအကဲအမ်ိဳးသမီးကေျပာသည္။

ထိုင္းႏိုင္ငံက လုပ္ငန္းရွင္ေတြကို ျမန္မာႏိုင္ငံမွ ပိုမိုရင္းႏွီးျမႇဳပ္ႏွံဖို႔စသည့္အခ်က္မ်ားျဖင့္ ေခ်းေငြ ၅၀ ရာခိုင္ႏႈန္းတြင္ ထိုင္းႏိုင္ငံ၏ ကုန္ပစၥည္းႏွင့္ဝန္ေဆာင္မူမ်ားကို အသုံးျပဳရန္ သေဘာတူညီခ်က္တြင္ ထည့္သြင္းျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

ထိုေခ်းေငြ၏ တဝက္ကို ထိုင္းအစိုးရ ၂၀၂၁-၂၃ ဘတ္ဂ်တ္မွလာျခင္းျဖစ္ၿပီး က်န္တဝက္ကို ထိုင္းေငြေၾကး အဖြဲ႕အစည္းမ်ားထံမွ ေခ်းယူျခင္းျဖစ္သည္ဟုဆိုသည္။

ထိုင္းႏိုင္ငံသည္ စင္ကာပူႏွင့္ တ႐ုတ္ႏိုင္ငံၿပီးေနာက္ ျမန္မာႏိုင္ငံတြင္ တတိယအမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားသည့္ ႏိုင္ငံျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service