ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြည်ပရောက်နိုင်ငံသား ၈၀၀၀ ကျော်ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
666 Views

ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြည်ပရောက်နိုင်ငံသား ၈၀၀၀ ကျော်ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်

[Unicode]

ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ပြန်လည်ခေါ်ယူခဲ့ရာမှာ ခရီးစဉ် ပေါင်း ၅၆ ကြိမ်နဲ့ လူဦးရေ ၈ ထောင်ကျော်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က ပြောပါတယ်။

ဒါဟာပြီးခဲ့တဲ့ မေလကစတင်ပြီး ခေါ်ယူနိုင်ခဲ့တဲ့ အရေအတွက်ဖြစ်ပါတယ်။တစ်ပတ်ကိုလူဦးရေ ၇၀၀ နှုန်းလောက် ပြန်လည်ခေါ်ယူနိုင်ခဲ့တာပါ။

ကယ်ဆယ်ရေးလေယာဉ်အစီအစဉ်ကို လာမယ့် သြဂုတ်လအထိ ပျံသန်းပေးမှာ ဖြစ်ပြီး လူဦးရေ ၁၈၀၀ လောက်ထပ်မံခေါ်ယူဖို့ပြင်ဆင်ထားတယ်လို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိပြည်ပကိုရောက်ရှိနေတဲ့ မြန်မာအများစုဟာ အလုပ်အကိုင်တွေရပ်နားလိုက်တာ နေထိုင်ဖို့ခက်ခဲလာတာတွေ အပြင် ရောဂါကူးစက်မှာကိုလည်းစိုးရိမ်နေကြတာပါ။

လက်ရှိအခက်အခဲဆုံးကြုံတွေ့နေရတာကတော့ မလေးရှားနိုင်ငံရောက်မြန်မာလုပ်သားတွေဖြစ်တယ်လို့ဝန်ကြီးကဆိုပါတယ်။

ဒါ့ကြောင့် ဒုက္ခကြုံတွေ့နေတဲ့မြန်မာလုပ်သားတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့လေကြောင်းလိုင်းတွေနဲ့ ညှိုနှိုင်းနေတယ်လို့လဲသိရပါတယ်။

လက်ရှိမှာ လေကြောင်းလိုင်းတွေကအပြင် နယ်စပ်ထွက်ပေါက်တွေကလည်း ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေလည်းရှိနေတာပါ။ဒါ့ကြောင့်ဝင်ရောက်လာတဲ့နိုင်ငံသားတွေကို Quarantine ထားရှိနိုင်မှုပေါ်ချိန်ဆပြီးခေါ်ယူရတာလည်းဖြစ်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ကိုဗစ်ကပ်ရောဂါကာလမြန်မာနိုင်ငံသားတွေကိုပြည်ပကပြန်လည်ခေါ်ယူမှုဆိုင်ရာအွန်လိုင်းဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ထည့်သွင်းပြောကြားခဲ့တာပါ။

နိုင်ငံအနှံ့အပြားကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကို ကိုရီးယား ၊စင်ကာပူ၊ထိုင်း အစရှိတဲ့နိုင်ငံတွေမှာဆုံရပ်တွေပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာသံရုံးတွေကတဆင့်ချိတ်ဆတ်ကာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံပေါင်း၂၀ကျော်လောက်က မြန်မာနိုင်ငံသားတွေကို ပြည်တွင်းပြည်ပလေကြောင်းလိုင်းတွေနဲ့စီစဉ်ပြီးခေါ်ယူခဲ့တာပါ ။

နိုင်ငံတကာကလေကြောင်းလိုင်းတွေပိတ်ထားတဲ့အပြင် တစ်မြို့နဲ့တစ်မြို့ကနေ လာရောက်ရတဲ့ မြန်မာနိုင်ငံသားတွေကိုစောင့်ဆိုင်း၊ ချိတ်ဆက်ပြီး အခက်အခဲတွေကြားထဲကနေ ခေါ်ယူခဲ့တာလို့လည်း ဝန်ကြီးကပြောပါတယ်။

ပြည်ပနိုင်ငံတွေကပြန်လာသူအများစုဟာ သံရုံးတွေကတဆင့် ပြန်လာဖို့ချိတ်ဆတ်ရတာဖြစ်ပြီး Relief လေယာဉ်တွေရဲ့ အချိန်စာရင်းကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး မြန်မာပြည်ကို ပြန်လာဖို့ပြင်ဆင်ရတာဖြစ်တယ်လို့လဲ ပြည်ပကပြန်လာတဲ့ အမျိူးသမီးတစ်ဦးကဆိုပါတယ်။

ပြည်တွင်းမှာ Quartrine ထားရှိနိုင်တဲ့ ပမာဏပေါ်မူတည်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ညှိုနှိုင်း ခေါ်ယူရတာလို့လည်း သိရပါတယ်။

ရောဂါပိုးရှိသူတွေပါလာရင် ပြည်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ပါ ကြိုတင်ခန့်မှန်းရတာကြောင့် အနည်းငယ်အခက်အခဲတွေတော့ရှိတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













ပြည်ပနိုင်ငံတွေကပြန်လာသူအများစုဟာ သံရုံးတွေကတဆင့် ပြန်လာဖို့ချိတ်ဆတ်ရတာဖြစ်ပြီး Relief လေယာဉ်တွေရဲ့ အချိန်စာရင်းကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး မြန်မာပြည်ကို ပြန်လာဖို့ပြင်ဆင်ရတာဖြစ်တယ်လို့လဲ ပြည်ပကပြန်လာတဲ့ အမျိုးသမီးတစ်ဦးကဆိုပါတယ်။








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service