ရန်ကုန်မြို့သစ်စီမံကိန်းကို စက်တင်ဘာလတွင် Swiss Challenge စတင်ခေါ်ယူမည် - Property News in Myanmar from iMyanmarHouse.com
792 Views

ရန်ကုန်မြို့သစ်စီမံကိန်းကို စက်တင်ဘာလတွင် Swiss Challenge စတင်ခေါ်ယူမည်

[Unicode]

ရန်ကုန်မြို့သစ်တည်ဆောက်ရေးအတွက် Swiss Challenge ခေါ်ဆိုခြင်းကို စက်တင်ဘာလတွင် ဆောင်ရွက်ရန်ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ဦးဖြိုးမင်းသိန်းကပြောသည်။

ထိုသို့ခေါ်ယူမည့် အဖွဲ့တွင် ရန်ကုန်တိုင်းမှ စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးနှင့် YCDC အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ပါဝင်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို အောက်တိုဘာလတွင် စတင်ပန္နိုက်ရန် မျှော်မှန်းထားကြောင်းနှင့် ထိုအတွက် Swiss Challenge ခေါ်ရာတွင် ဒိုင်လုပ်ပေးမည့် တတိယအဖွဲ့အစည်းကို ရွှေးချယ်သွားမည်ဟု ဝန်ကြီးချုပ်ကဆိုထားသည်။ တတိယအဖွဲ့အစည်းသည် Swiss Challenge ခေါ်ရန်အတွက် လုပ်ဆောင်မည်ဖြစ်သည်ဟုလည်းဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် Swiss Challenge ခေါ်ရန် ကြီးကြပ်မည့်အဖွဲ့ကို ပြည်ထောင်စုအဆင့်ဖွဲ့ စည်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။

“Swiss Chanllenge ခေါ်တဲ့အဖွဲ့ထဲမှာ ထည့်မယ်လိုပြောထားပါတယ်၊ ဒါပေ့မယ် အဲ့ဒီအဖွဲ့က ဘာမှ မထွက်လာသေးပါဘူး။ အခုလုပ်မှာက ပြည်ထောင်စုအဆင့်လုပ်မှာ။ ကျွန်မတို့လုပ်မှာ မဟုတ်ဘူး”ဟု ဒေါ်လှိုင်မော်ဦးကပြောသည်။

Swiss Challenge ဆိုသည်မှာ ကုမ္ပဏီတစ်ခုက မိမိလုပ်ကိုင်လိုသည့် စီမံကိန်းတစ်ခုကို အစအဆုံး ကုန်ကျခံလေ့လာ စစ်တမ်းပြုလုပ်၍ စီမံကိန်း ပုံစံထုတ်ပေးရမည်ဖြစ်သည်။ စီမံကိန်းပုံစံထွက်လာပါက အခြားကုမ္ပဏီများနှင့် အတူ ဈေးပြိုင်တင်ဒါဝင်ပြိုင်ရမည် ဖြစ်သည်။ အကယ်၍ ယင်းကုမ္ပဏီသည် တင်ဒါမအောင်မြင်ပါက တင်ဒါအောင်မြင်သည့် ကုမ္ပဏီက စီမံကိန်းပုံစံထုတ်လုပ်ခဲ့သည့် မူလကုမ္ပဏီကို ကုန်ကျစရိတ် ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ဆောင်ရွက်ပါက ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၈၀၀ နှင့် ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများကို အလုပ်အကိုင်ပေးနိုင်မည်ဟု ဝန်ကြီးချုပ်ကဆိုထားသည်။

ရန်ကုန်မြို့သစ်တွင် အပိုင်း နှစ်ပိုင်းပါဝင်ပြီး အပိုင်း (က)သည် ရန်ကုန်မြို့ပြင် ပတ်လမ်း၏ အဓိကအပိုင်း၌ ပါဝင်နေသည်ဟုဆိုသည်။ အပိုင်း (ခ) တွင် လေဆိပ်၊ အထူးစီးပွားရေးဇုန်နှင့်ရေနက် ဆိပ်ကမ်းတို့ပါဝင်မည် ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ယခင်အစိုးရ လက်ထက်တွင် စတင်ခဲ့သည့် မြေနေရာရှိ မြေဧက ၂၀,၀၀၀ တွင် ပထမအဆင့် စတင် အကောင်အထည်ဖော်မည်ဖြစ်သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ စီမံကိန်းကို ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး အနည်းဆုံး လူဦးရေသုံးသန်းကျော် နေထိုင်နိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းကျော် ဖန်တီးနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မြို့သစ်စီမံကိန်းတည် ဆောက်ပြီးစီးပါက စင်ကာပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းမည်ဟု အဆိုပါကုမ္ပဏီသစ်က ထုတ်ပြန် ထားသည်။

ထိုရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်သမ္မတခရီးစဉ်အတွင်း ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအသစ်စာလွှာကို လက်မှတ်ရေးထိုးခဲ့သည်၊

ရန်ကုန်မြို့သစ်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းတို့သည် စင်ကာပူနှင့် ကိုလ်းကတ္တားမြို့များကို ချိတ်ဆက်နိုင်မည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို စက္တင္ဘာလတြင္ Swiss Challenge စတင္ေခၚယူမည္

ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ေရးအတြက္ Swiss Challenge ေခၚဆိုျခင္းကို စက္တင္ဘာလတြင္ ေဆာင္႐ြက္ရန္ရွိေၾကာင္း ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၊ဦးၿဖိဳးမင္းသိန္းကေျပာသည္။

ထိုသို႔ေခၚယူမည့္ အဖြဲ႕တြင္ ရန္ကုန္တိုင္းမွ စီမံကိန္းႏွင့္ဘ႑ာဝန္ႀကီး ဦးရဲမင္းဦးႏွင့္ YCDC အတြင္းေရးမႉး ေဒၚလႈိင္ေမာ္ဦးတို႔ပါဝင္မည္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ဆိုထားသည္။

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ေအာက္တိုဘာလတြင္ စတင္ပႏၷိဳက္ရန္ ေမွ်ာ္မွန္းထားေၾကာင္းႏွင့္ ထိုအတြက္ Swiss Challenge ေခၚရာတြင္ ဒိုင္လုပ္ေပးမည့္ တတိယအဖြဲ႕အစည္းကို ေ႐ႊးခ်ယ္သြားမည္ဟု ဝန္ႀကီးခ်ဳပ္ကဆိုထားသည္။ တတိယအဖြဲ႕အစည္းသည္ Swiss Challenge ေခၚရန္အတြက္ လုပ္ေဆာင္မည္ျဖစ္သည္ဟုလည္းဆိုသည္။

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအတြက္ Swiss Challenge ေခၚရန္ ႀကီးၾကပ္မည့္အဖြဲ႕ကို ျပည္ေထာင္စုအဆင့္ဖြဲ႕ စည္းသြားမည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊အတြင္းေရးမႉး ေဒၚလႈိင္ေမာ္ဦးက ေျပာသည္။

“Swiss Chanllenge ေခၚတဲ့အဖြဲ႕ထဲမွာ ထည့္မယ္လိုေျပာထားပါတယ္၊ ဒါေပ့မယ္ အဲ့ဒီအဖြဲ႕က ဘာမွ မထြက္လာေသးပါဘူး။ အခုလုပ္မွာက ျပည္ေထာင္စုအဆင့္လုပ္မွာ။ ကြၽန္မတို႔လုပ္မွာ မဟုတ္ဘူး”ဟု ေဒၚလႈိင္ေမာ္ဦးကေျပာသည္။

Swiss Challenge ဆိုသည္မွာ ကုမၸဏီတစ္ခုက မိမိလုပ္ကိုင္လိုသည့္ စီမံကိန္းတစ္ခုကို အစအဆုံး ကုန္က်ခံေလ့လာ စစ္တမ္းျပဳလုပ္၍ စီမံကိန္း ပုံစံထုတ္ေပးရမည္ျဖစ္သည္။ စီမံကိန္းပုံစံထြက္လာပါက အျခားကုမၸဏီမ်ားႏွင့္ အတူ ေဈးျပိဳင္တင္ဒါဝင္ၿပိဳင္ရမည္ ျဖစ္သည္။ အကယ္၍ ယင္းကုမၸဏီသည္ တင္ဒါမေအာင္ျမင္ပါက တင္ဒါေအာင္ျမင္သည့္ ကုမၸဏီက စီမံကိန္းပုံစံထုတ္လုပ္ခဲ့သည့္ မူလကုမၸဏီကို ကုန္က်စရိတ္ ျပန္လည္ေပးအပ္ရမည္ျဖစ္သည္။

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ေဆာင္႐ြက္ပါက ရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ သန္း ၈၀၀ ႏွင့္ ကိုဗစ္ေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားသည့္ အလုပ္သမားမ်ားကို အလုပ္အကိုင္ေပးႏိုင္မည္ဟု ဝန္ႀကီးခ်ဳပ္ကဆိုထားသည္။

ရန္ကုန္ၿမိဳ႕သစ္တြင္ အပိုင္း ႏွစ္ပိုင္းပါဝင္ၿပီး အပိုင္း (က)သည္ ရန္ကုန္ၿမိဳ႕ျပင္ ပတ္လမ္း၏ အဓိကအပိုင္း၌ ပါဝင္ေနသည္ဟုဆိုသည္။ အပိုင္း (ခ) တြင္ ေလဆိပ္၊ အထူးစီးပြားေရးဇုန္ႏွင့္ေရနက္ ဆိပ္ကမ္းတို႔ပါဝင္မည္ ျဖစ္သည္။

ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းကို ယခင္အစိုးရ လက္ထက္တြင္ စတင္ခဲ့သည့္ ေျမေနရာရွိ ေျမဧက ၂၀,၀၀၀ တြင္ ပထမအဆင့္ စတင္ အေကာင္အထည္ေဖာ္မည္ျဖစ္သည္ဟု ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ထုတ္ျပန္ထားသည္။ စီမံကိန္းကို ရန္ကုန္ျမစ္အေနာက္ဘက္ကမ္းတြင္ တည္ေဆာက္မည္ျဖစ္ၿပီး အနည္းဆုံး လူဦးေရသုံးသန္းေက်ာ္ ေနထိုင္ႏိုင္မည့္အျပင္ အလုပ္အကိုင္အခြင့္အလမ္း ႏွစ္သန္းေက်ာ္ ဖန္တီးႏိုင္ရန္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။ ၿမိဳ႕သစ္စီမံကိန္းတည္ ေဆာက္ၿပီးစီးပါက စင္ကာပူႏိုင္ငံထက္ ႏွစ္ဆက်ယ္ဝန္းမည္ဟု အဆိုပါကုမၸဏီသစ္က ထုတ္ျပန္ ထားသည္။

ထိုရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို တ႐ုတ္သမၼတခရီးစဥ္အတြင္း ရန္ကုန္ၿမိဳ႕ေတာ္အတြက္ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းအသစ္စာလႊာကို လက္မွတ္ေရးထိုးခဲ့သည္၊

ရန္ကုန္ၿမိဳ႕သစ္ႏွင့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၊ ေရနက္ဆိပ္ကမ္းတို႔သည္ စင္ကာပူႏွင့္ ကိုလ္းကတၱားၿမိဳ႕မ်ားကို ခ်ိတ္ဆက္ႏိုင္မည္ဟုဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service