အစိုးရက ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် SME လုပ်ငန်းများကို အများဆုံးချေးငွေထုတ်ပေးခဲ့ဟု ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
966 Views

အစိုးရက ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် SME လုပ်ငန်းများကို အများဆုံးချေးငွေထုတ်ပေးခဲ့ဟု ထုတ်ပြန်

[Unicode]

အစိုးရက ချေးငွေကျပ်ဘီလီယံ ၁၀၀ ထုတ်ပေးရာတွင် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် SMEလုပ်ငန်းများကို ၇၀ ရာခိုင်နှုန်းခန့် ဖြင့် အများဆုံး ထုတ်ပေးခဲ့ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်သည်။

COVID-19 ရန်ပုံငွေအဖြစ် ပထမအကြိမ်အသုံးပြုခဲ့သော ကျပ်ဘီလီယံ ၁၀၀ တွင် အထက်ပါလုပ်ငန်းများ ပြီးနောက် ဟိုတယ်လုပ်ငန်းက ၁၅ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

ချေးငွေပေးရာတွင် လုပ်ငန်း ၃,၃၉၃ ခုကို ချေးငွေ ခုနှစ်ကြိမ်ခွဲ၍ ထုတ်ချေးခဲ့ပြီး အထည်ချုပ် (CMP) ကဏ္ဍမှ အရေအတွက် ၄၅ ခုဖြင့် ကျပ် ၆ ဒသမ ၃ ဘီလီယံ ၊ အခြား CMP လုပ်ငန်း နှစ်ခုအတွက် ကျပ် ၇၅ သန်း၊ ဟိုတယ်ကဏ္ဍ မှ လုပ်ငန်း ၃၄၀ အတွက် ချေးငွေ ၁၅ ဘီလီယံကျော် ထုတ်ပေးခဲ့သည်။

အလားတူ ခရီးသွားကဏ္ဍမှ လုပ်ငန်း ၂၃၆ ခုအတွက် ကျပ်သန်း ၃,၀၀၀ ကျော်၊ စားသောက်ဆိုင် ၂၀၀ ကျော်အတွက် ကျပ်သန်း ၅,၀၀၀ ကျော် နှင့် စားသောက်ကုန်၊လူသုံးကုန်၊အထွေထွေကုန်ပစ္စည်း ထုတ်လုပ်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အသေးစား၊အငယ်စား၊အလတ်စား လုပ်ငန်း ၂,၅၅၀ အတွက် ကျပ်ဘီလီယံ ၇၀ ကျော် ချေးယူခွင့်ပြုခဲ့ကြောင်း ရှင်းလင်းချက်တွင်ဖော်ပြသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီသည် ထိခိုက်မှုများရှိနေသာ စီးပွားရေးလုပ်ငန်းများအား လိုအပ်သည့်ဘဏ္ဍာရေးဆိုင်ရာအကူအညီပေးနိုင်ရေးအတွက် စီးပွားရေးထိခိုက်မှုအများဆုံးခံခဲ့ရသည့် CMP လုပ်ငန်းများ၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းများကို ဧပြီ ၉ ရက်ကစ၍ ချေးငွေများထုတ်ချေးခဲ့ကြောင်း အသိပေးသည်။

ပထမအကြိမ်ချေးယူခွင့်ပြုခဲ့သည့် ကျပ်ဘီလီယံ ၁၀၀ အသုံးပြုခဲ့ပြီးဖြစ်သည့်အတွက် အစိုးရမှ COVID-19 ရန်ပုံငွေသို့ ကျပ်ဘီလီယံ ၁၀၀ ထပ်မံဖြည့်တင်မည်ဟု ဇူလိုင် ၃ ရက် ထုတ်ပြန်ထားသည်။

ဆက်လက်ထုတ်ချေးမည့် ချေးငွေများအတွက် လျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစားများ ချေးငွေအတိုးနှုန်း နှင့် ချေးငွေသက်တမ်းစသည့် စည်းကမ်းသတ်မှတ်ချက်များကို ကော်မတီမှ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

ဒုတိယအကြိမ်ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ကို စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းများအတွက် တိုးမြှင့် ထုတ်ချေးပေးရန် စီစဉ်ထားပြီး CMP လုပ်ငန်းများ၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့် စားသောက်ဆိုင်များကိုပါ တိုးချဲ့ ထုတ်ချေးပေးနိုင်ရေး စီစဉ်နေကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အစိုးရက ကုန္ထုတ္လုပ္မႈ၊ ဝန္ေဆာင္မႈႏွင့္ SME လုပ္ငန္းမ်ားကို အမ်ားဆုံးေခ်းေငြထုတ္ေပးခဲ့ဟု ထုတ္ျပန္

အစိုးရက ေခ်းေငြက်ပ္ဘီလီယံ ၁၀၀ ထုတ္ေပးရာတြင္ ကုန္ထုတ္လုပ္မႈ၊ ဝန္ေဆာင္မႈႏွင့္ SMEလုပ္ငန္းမ်ားကို ၇၀ ရာခိုင္ႏႈန္းခန႔္ ျဖင့္ အမ်ားဆုံး ထုတ္ေပးခဲ့ေၾကာင္း COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီက ထုတ္ျပန္သည္။

COVID-19 ရန္ပုံေငြအျဖစ္ ပထမအႀကိမ္အသုံးျပဳခဲ့ေသာ က်ပ္ဘီလီယံ ၁၀၀ တြင္ အထက္ပါလုပ္ငန္းမ်ား ၿပီးေနာက္ ဟိုတယ္လုပ္ငန္းက ၁၅ ရာခိုင္ႏႈန္းျဖင့္ ဒုတိယအမ်ားဆုံး ထုတ္ေခ်းေပးခဲ့ျခင္းျဖစ္သည္။

ေခ်းေငြေပးရာတြင္ လုပ္ငန္း ၃,၃၉၃ ခုကို ေခ်းေငြ ခုႏွစ္ႀကိမ္ခြဲ၍ ထုတ္ေခ်းခဲ့ၿပီး အထည္ခ်ဳပ္ (CMP) က႑မွ အေရအတြက္ ၄၅ ခုျဖင့္ က်ပ္ ၆ ဒသမ ၃ ဘီလီယံ ၊ အျခား CMP လုပ္ငန္း ႏွစ္ခုအတြက္ က်ပ္ ၇၅ သန္း၊ ဟိုတယ္က႑ မွ လုပ္ငန္း ၃၄၀ အတြက္ ေခ်းေငြ ၁၅ ဘီလီယံေက်ာ္ ထုတ္ေပးခဲ့သည္။

အလားတူ ခရီးသြားက႑မွ လုပ္ငန္း ၂၃၆ ခုအတြက္ က်ပ္သန္း ၃,၀၀၀ ေက်ာ္၊ စားေသာက္ဆိုင္ ၂၀၀ ေက်ာ္အတြက္ က်ပ္သန္း ၅,၀၀၀ ေက်ာ္ ႏွင့္ စားေသာက္ကုန္၊လူသုံးကုန္၊အေထြေထြကုန္ပစၥည္း ထုတ္လုပ္ဝန္ေဆာင္မႈလုပ္ငန္းဆိုင္ရာ အေသးစား၊အငယ္စား၊အလတ္စား လုပ္ငန္း ၂,၅၅၀ အတြက္ က်ပ္ဘီလီယံ ၇၀ ေက်ာ္ ေခ်းယူခြင့္ျပဳခဲ့ေၾကာင္း ရွင္းလင္းခ်က္တြင္ေဖာ္ျပသည္။

COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီသည္ ထိခိုက္မႈမ်ားရွိေနသာ စီးပြားေရးလုပ္ငန္းမ်ားအား လိုအပ္သည့္ဘ႑ာေရးဆိုင္ရာအကူအညီေပးႏိုင္ေရးအတြက္ စီးပြားေရးထိခိုက္မႈအမ်ားဆုံးခံခဲ့ရသည့္ CMP လုပ္ငန္းမ်ား၊ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ားႏွင့္ အေသးစား၊အငယ္စား၊အလတ္စား စီးပြားေရးလုပ္ငန္းမ်ားကို ဧၿပီ ၉ ရက္ကစ၍ ေခ်းေငြမ်ားထုတ္ေခ်းခဲ့ေၾကာင္း အသိေပးသည္။

ပထမအႀကိမ္ေခ်းယူခြင့္ျပဳခဲ့သည့္ က်ပ္ဘီလီယံ ၁၀၀ အသုံးျပဳခဲ့ၿပီးျဖစ္သည့္အတြက္ အစိုးရမွ COVID-19 ရန္ပုံေငြသို႔ က်ပ္ဘီလီယံ ၁၀၀ ထပ္မံျဖည့္တင္မည္ဟု ဇူလိုင္ ၃ ရက္ ထုတ္ျပန္ထားသည္။

ဆက္လက္ထုတ္ေခ်းမည့္ ေခ်းေငြမ်ားအတြက္ ေလွ်ာက္ထားႏိုင္သည့္ လုပ္ငန္းအမ်ိဳးအစားမ်ား ေခ်းေငြအတိုးႏႈန္း ႏွင့္ ေခ်းေငြသက္တမ္းစသည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ားကို ေကာ္မတီမွ ထုတ္ျပန္ေပးသြားမည္ျဖစ္သည္။

ဒုတိယအႀကိမ္ေခ်းေငြ က်ပ္ဘီလီယံ ၁၀၀ ကို စိုက္ပ်ိဳးေရး၊ေမြးျမဴေရး လုပ္ငန္းမ်ားအတြက္ တိုးျမႇင့္ ထုတ္ေခ်းေပးရန္ စီစဥ္ထားၿပီး CMP လုပ္ငန္းမ်ား၊ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ားႏွင့္ စားေသာက္ဆိုင္မ်ားကိုပါ တိုးခ်ဲ႕ ထုတ္ေခ်းေပးႏိုင္ေရး စီစဥ္ေနေၾကာင္း အစိုးရတာဝန္ရွိသူမ်ားက ေျပာၾကားထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service