FMI ကတန်ဖိုးသင့်အိမ်ရာတွေ တည်ဆောက်ဖို့ပြင်ဆင်နေ - Property News in Myanmar from iMyanmarHouse.com
963 Views

FMI ကတန်ဖိုးသင့်အိမ်ရာတွေ တည်ဆောက်ဖို့ပြင်ဆင်နေ

[Unicode]

FMI ကုမ္ပဏီက ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ တန်ဖိုးသင့်အိမ်ရာတွေတည်ဆောက်ဖို့ မြေနေရာရှာဖွေမှုတွေစတင်နေပါပြီ။

ပုဂ္ဂလိကကုမ္ပဏီတွေထဲကနေ အရေအတွက်များစွာသော အိမ်ရာစီမံကိန်းတွေဖော်ဆောင်ဖို့အခုလိုစတင်ခဲ့တာပါ။ First Myanmar Investment (FMI) က တန်ဖိုးသင့်အိမ်ရာတွေကို ရန်ကုန်နှင့် မန္တလေးတွင် တိုးချဲ့ဆောက်လုပ်သွားရန် မြေနေရာများစတင်ရှာဖွေနေတယ်လို့ First Myanmar Investment (FMI) က ထုတ်ပြန်ခဲ့သည်။

FMI ကလုပ်ဆောင်မယ့်လုပ်ငန်းစုတွေနဲ့ပတ်သတ်ပြီးကုမ္ပဏီဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့အလားအလာလေ့လာသုံးသပ်ချက်အစီရင်ခံစာကိုထုတ်ပြန်ကြေငြာခဲ့တာပါ။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီဖြစ်သော FMI သည် ရင်းနှီးမြှုပ်နှံသူများလေ့လာနိုင်ရန်အတွက် ကုမ္ပဏီဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့အလားအလာလေ့လာသုံးသပ်ချက်အစီရင်ခံစာမှာ အိမ်ရာတွေတည်ဆောက်ဖို့ပါဝင်ခဲ့တာပါ။

FMI သည် ရန်ကုန်မြို့ရှိ လူလတ်တန်းစား ဈေးကွက်အတွက်ရည်ရွယ်၍ ရန်ကုန်မြို့ ၊ သန်လျင်မြို့နယ်တွင် တည်ရှိသည့် Star City အိမ်ရာဝင်းအတွင်းရှိ ၂၂ ဧက ကျယ်ဝန်းသော မြေနေရာတွင် City Loft အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည်။

City Loft အိမ်ရာစီမံကိန်းကို ပြီးခဲ့သည့်နှစ်တွင် FMI က စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် အိမ်ရာစီမံကိန်းရှိ အခန်းပေါင်း ၄၅၅ ခန်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို ရောင်းချခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် အဆိုပါအိမ်ရာစီမံကိန်းသည် ဝယ်လိုအားကောင်းမွန်သည့် စီမံကိန်းတစ်ခု ဖြစ်သည်ဟု ကုမ္ပဏီ၏ အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုမ္ပဏီ၏ ရှေ့လုပ်ငန်းအစီအစဉ်အရ ရန်ကုန်နှင့် မန္တလေးရှိ အခြားနေရာများတွင်လည်း City Loft အိမ်ရာစီမံကိန်းကဲ့သို့ အိမ်ရာများကို ဆက်လက်တိုးချဲ့ ဆောက်လုပ်သွားရန် မြေနေရာ စတင်ရှာဖွေနေခြင်း ဖြစ်သည်။

City Loft အိမ်ရာရှိ အိမ်ခန်းဈေးနှုန်းမှာ အိမ်ခန်းအရွယ်အစားနှင့် သတ်မှတ်ချက်ပေါ်မူတည်ပြီး ကျပ်သိန်း ၄၂၀ မှ သိန်း ၁၆၀ဝ အထိရှိပြီး အိမ်ခန်းဝယ်ယူသူများအတွက် ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်၍ အိမ်ရာချေးငွေဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ထားသည်။

FMI ၏ အဓိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ ဖြစ်ပြီး Star City အိမ်ရာစီမံကိန်းနှင့် Yoma Central စီမံကိန်းတို့ကို လုပ်ဆောင်နေသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

FMI ကတန္ဖိုးသင့္အိမ္ရာေတြ တည္ေဆာက္ဖို ့ျပင္ဆင္ေန

FMI ကုမၸဏီက ရန္ကုန္အပါအဝင္ျမိဳ ့ၾကီးေတြမွာ တန္ဖိုးသင့္အိမ္ရာေတြတည္ေဆာက္ဖို ့ ေျမေနရာရွာေဖြမွဳေတြစတင္ေနပါျပီ။

ပုဂၢလိကကုမၸဏီေတြထဲကေန အေရအတြက္မ်ားစြာေသာ အိမ္ရာစီမံကိန္းေတြေဖာ္ေဆာင္ဖို ့အခုလိုစတင္ခဲ့တာပါ။ First Myanmar Investment (FMI) က တန္ဖိုးသင့္အိမ္ရာေတြကို ရန္ကုန္ႏွင့္ မႏၲေလးတြင္ တိုးခ်ဲ႕ေဆာက္လုပ္သြားရန္ ေျမေနရာမ်ားစတင္ရွာေဖြေနတယ္လို့ First Myanmar Investment (FMI) က ထုတ္ျပန္ခဲ့သည္။

FMI ကလုပ္ေဆာင္မယ့္လုပ္ငန္းစုေတြနဲ ့ပတ္သတ္ျပီးကုမၸဏီဘ႑ာေရးရွင္းတမ္းႏွင့္ ေရွ႕အလားအလာေလ့လာသုံးသပ္ခ်က္အစီရင္ခံစာကိုထုတ္ျပန္ေၾကျငာခဲ့တာပါ။

ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္းဝင္ကုမၸဏီျဖစ္ေသာ FMI သည္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားေလ့လာႏိုင္ရန္အတြက္ ကုမၸဏီဘ႑ာေရးရွင္းတမ္းႏွင့္ ေရွ႕အလားအလာေလ့လာသုံးသပ္ခ်က္အစီရင္ခံစာမွာ အိမ္ရာေတြတည္ေဆာက္ဖို ့ပါဝင္ခဲ့တာပါ။

FMI သည္ ရန္ကုန္ၿမိဳ႕ရွိ လူလတ္တန္းစား ေဈးကြက္အတြက္ရည္႐ြယ္၍ ရန္ကုန္ၿမိဳ႕ ၊ သန္လ်င္ၿမိဳ႕နယ္တြင္ တည္ရွိသည့္ Star City အိမ္ရာဝင္းအတြင္းရွိ ၂၂ ဧက က်ယ္ဝန္းေသာ ေျမေနရာတြင္ City Loft အိမ္ရာစီမံကိန္းကို အေကာင္အထည္ေဖာ္တည္ေဆာက္လ်က္ရွိသည္။

City Loft အိမ္ရာစီမံကိန္းကို ၿပီးခဲ့သည့္ႏွစ္တြင္ FMI က စတင္မိတ္ဆက္ခဲ့ၿပီး လက္ရွိတြင္ အိမ္ရာစီမံကိန္းရွိ အခန္းေပါင္း ၄၅၅ ခန္း၏ ၉၀ ရာခိုင္ႏႈန္းေက်ာ္ကို ေရာင္းခ်ခဲ့ၿပီး ျဖစ္သည္။

ထို႔ေၾကာင့္ အဆိုပါအိမ္ရာစီမံကိန္းသည္ ဝယ္လိုအားေကာင္းမြန္သည့္ စီမံကိန္းတစ္ခု ျဖစ္သည္ဟု ကုမၸဏီ၏ အဆိုပါအစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ကုမၸဏီ၏ ေရွ႕လုပ္ငန္းအစီအစဥ္အရ ရန္ကုန္ႏွင့္ မႏၲေလးရွိ အျခားေနရာမ်ားတြင္လည္း City Loft အိမ္ရာစီမံကိန္းကဲ့သို႔ အိမ္ရာမ်ားကို ဆက္လက္တိုးခ်ဲ႕ ေဆာက္လုပ္သြားရန္ ေျမေနရာ စတင္ရွာေဖြေနျခင္း ျဖစ္သည္။

City Loft အိမ္ရာရွိ အိမ္ခန္းေဈးႏႈန္းမွာ အိမ္ခန္းအ႐ြယ္အစားႏွင့္ သတ္မွတ္ခ်က္ေပၚမူတည္ၿပီး က်ပ္သိန္း ၄၂၀ မွ သိန္း ၁၆၀ဝ အထိရွိၿပီး အိမ္ခန္းဝယ္ယူသူမ်ားအတြက္ ျပည္တြင္းဘဏ္မ်ားႏွင့္ ခ်ိတ္ဆက္၍ အိမ္ရာေခ်းေငြျဖင့္ ဝယ္ယူႏိုင္ရန္ စီစဥ္ထားသည္။

FMI ၏ အဓိကရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသည္ အိမ္ရာတည္ေဆာက္ေရးလုပ္ငန္းမ်ား ျဖစ္ၿပီး Star City အိမ္ရာစီမံကိန္းႏွင့္ Yoma Central စီမံကိန္းတို႔ကို လုပ္ေဆာင္ေနသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service