တိတ်ဆိတ်ခြောက်ကပ်သွားတဲ့ ဧရာဝတီတိုင်းထဲကကမ်းခြေတွေ - Property News in Myanmar from iMyanmarHouse.com
1127 Views

တိတ်ဆိတ်ခြောက်ကပ်သွားတဲ့ ဧရာဝတီတိုင်းထဲကကမ်းခြေတွေ

[Unicode]

ပြည်တွင်းမှာ ကပ်ရောဂါ စတင်တွေ့ရှိရပြီးတဲ့နောက် လူစုလူဝေးဖြစ်စေနိုင်မယ့် နေရာတွေကို ပိတ်ထားတာဟာ သုံးလကျော်လာပါပြီ။ ဒီထဲမှာ ဧရာဝတီတိုင်းက ကမ်းခြေတွေလည်းပါပါတယ်။

အရင်က ပြည်တွင်းခရီးသွား တွေနဲ့ စည်စည်ကားကားရှိခဲ့တဲ့ ချောင်းသာကမ်းခြေဟာ တိတ်ဆိတ်နေပါပြီ။ ခရီးသွားလာရောက်မှုကတော့ မရှိသလောက်ပဲလို့သိရပါတယ်။

ဒါကြောင့် ခရီးသွား လုပ်ငန်းကိုအဓိက ထားတဲ့ ကမ်းခြေက လုပ်ငန်းတွေဟာ စီးပွားရေးအရ ရပ်တည်ဖို့ အခက်အခဲ ရင်ဆိုင်နေရပြီလို့ ဆိုလာကြပါတယ်။ဒီလို ဟိုတယ်တွေ ၊ တည်းခိုရိပ်သာတွေ တင်အခက်အခဲ ကြုံနေရတာတင်မကပါဘူး။ကမ်းခြေကို လာရောက်တဲ့ခရီးသွားတွေကို အဓိက မှီခိုပြီး လုပ်ကိုင်စားသောက်ကြတဲ့ ဒေသခံတွေလည်း ကပ်ရောဂါရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကိုခံနေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကပ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဧရာဝတီတိုင်း အတွင်းက ကမ်းခြေတွေ ကို ယာယီပိတ်ထားတဲ့ သက်တမ်းကို ဇူလိုင်လ ၁၅ ရက်အထိ တိုင်းအစိုးရက သက်တမ်းထပ်မံတိုးထားပါတယ်။ ဒါကလည်း နိုင်ငံတကာ မှာ ကြုံ တွေ့နေရတဲ့ အခြေအနေတွေကြောင့်ပါ။

နိုင်ငံအချို့မှာ ဖြေလျော့မှုတွေ လုပ်ပေးရာမှာ ကမ်းခြေတွေကို လူတွေအစုလိုက်အပြုံလိုက်ရောက်လာကြပြီး ဒီအတွက် ရောဂါကူးစက်မှုပြန့်ပွားမှုကို ပြန်လည်ပေးဆပ်လိုက်ရတဲ့ သာဓကတွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ဒီလိုအခြေအနေမျိုး မကြုံရအောင် ဟိုတယ်တွေ ၊ တည်းခိုခန်းတွေ ပြန်ဖွင့်ရင် လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စည်းမျည်းစည်းကမ်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိပါတယ်။

ပြည်တွင်းခရီးသွားတွေ သွားရောက်မှုများတဲ့ ချောင်းသာကမ်းခြေမှာဆို ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ လုံး ရှိတယ်လို့စာရင်းတွေအရ သိရပါတယ်။

အခုတော့ ဒီဟိုတယ်တွေ ၊တည်းခိုးခန်းတွေအားလုံးနီးပါး ကိုဗစ်ရိုက်ချက်ကိုခံနေရတာပဲဖြစ်ပါတယ်။

အစိုးရကတော့ ကိုဗစ် ရိုက်ချက်ကို ရှေ့တန်းကနေ ခံရတဲ့ ခရီးသွားလုပ်ငန်းတွေ အတွက် ချေးငွေ ထုတ်ချေးပြီးကုစားပေးဖို့ ကြိုးစားနေပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တိတ္ဆိတ္ေျခာက္ကပ္သြားတဲ့ ဧရာဝတီတိုင္းထဲကကမ္းေျခေတြ

ျပည္တြင္းမွာ ကပ္ေရာဂါ စတင္ေတြ႕ရွိရၿပီးတဲ့ေနာက္ လူစုလူေဝးျဖစ္ေစႏိုင္မယ့္ ေနရာေတြကို ပိတ္ထားတာဟာ သုံးလေက်ာ္လာပါၿပီ။ ဒီထဲမွာ ဧရာဝတီတိုင္းက ကမ္းေျခေတြလည္းပါပါတယ္။

အရင္က ျပည္တြင္းခရီးသြား ေတြနဲ႔ စည္စည္ကားကားရွိခဲ့တဲ့ ေခ်ာင္းသာကမ္းေျခဟာ တိတ္ဆိတ္ေနပါၿပီ။ ခရီးသြားလာေရာက္မႈကေတာ့ မရွိသေလာက္ပဲလို႔သိရပါတယ္။

ဒါေၾကာင့္ ခရီးသြား လုပ္ငန္းကိုအဓိက ထားတဲ့ ကမ္းေျခက လုပ္ငန္းေတြဟာ စီးပြားေရးအရ ရပ္တည္ဖို႔ အခက္အခဲ ရင္ဆိုင္ေနရၿပီလို႔ ဆိုလာၾကပါတယ္။ဒီလို ဟိုတယ္ေတြ ၊ တည္းခိုရိပ္သာေတြ တင္အခက္အခဲ ႀကဳံေနရတာတင္မကပါဘူး။ကမ္းေျခကို လာေရာက္တဲ့ခရီးသြားေတြကို အဓိက မွီခိုၿပီး လုပ္ကိုင္စားေသာက္ၾကတဲ့ ေဒသခံေတြလည္း ကပ္ေရာဂါရဲ႕ ႐ိုက္ခတ္တဲ့ ဒဏ္ကိုခံေနရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ဧရာဝတီတိုင္း အတြင္းက ကမ္းေျခေတြ ကို ယာယီပိတ္ထားတဲ့ သက္တမ္းကို ဇူလိုင္လ ၁၅ ရက္အထိ တိုင္းအစိုးရက သက္တမ္းထပ္မံတိုးထားပါတယ္။ ဒါကလည္း ႏိုင္ငံတကာ မွာ ႀကဳံ ေတြ႕ေနရတဲ့ အေျခအေနေတြေၾကာင့္ပါ။

ႏိုင္ငံအခ်ိဳ႕မွာ ေျဖေလ်ာ့မႈေတြ လုပ္ေပးရာမွာ ကမ္းေျခေတြကို လူေတြအစုလိုက္အၿပဳံလိုက္ေရာက္လာၾကၿပီး ဒီအတြက္ ေရာဂါကူးစက္မႈျပန႔္ပြားမႈကို ျပန္လည္ေပးဆပ္လိုက္ရတဲ့ သာဓကေတြရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ဒီလိုအေျခအေနမ်ိဳး မႀကဳံရေအာင္ ဟိုတယ္ေတြ ၊ တည္းခိုခန္းေတြ ျပန္ဖြင့္ရင္ လိုက္နာရမယ့္ က်န္းမာေရးဆိုင္ရာ စည္းမ်ည္းစည္းကမ္းေတြကို က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာရွိပါတယ္။

ျပည္တြင္းခရီးသြားေတြ သြားေရာက္မႈမ်ားတဲ့ ေခ်ာင္းသာကမ္းေျခမွာဆို ဟိုတယ္ ၃၉ လုံး၊ တည္းခိုခန္း ၅၉ လုံး ရွိတယ္လို႔စာရင္းေတြအရ သိရပါတယ္။

အခုေတာ့ ဒီဟိုတယ္ေတြ ၊တည္းခိုးခန္းေတြအားလုံးနီးပါး ကိုဗစ္႐ိုက္ခ်က္ကိုခံေနရတာပဲျဖစ္ပါတယ္။ အစိုးရကေတာ့ ကိုဗစ္ ႐ိုက္ခ်က္ကို ေရွ႕တန္းကေန ခံရတဲ့ ခရီးသြားလုပ္ငန္းေတြ အတြက္ ေခ်းေငြ ထုတ္ေခ်းၿပီးကုစားေပးဖို႔ ႀကိဳးစားေနပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service