ပုဂံတွင် ဟိုတယ် (၂၉)လုံး ပြန်ဖွင့်လှစ်ခွင့်ပြုထား - Property News in Myanmar from iMyanmarHouse.com
1184 Views

ပုဂံတွင် ဟိုတယ် (၂၉)လုံး ပြန်ဖွင့်လှစ်ခွင့်ပြုထား

[Unicode]

COVID-19 အခြေအနေကြောင့် ပိတ်သိမ်းထားရသည့် ပုဂံရှိ ဟိုတယ်နှင့် တည်းခိုခန်းများအနက် ကျန်းမာရေးညွှန် ကြားချက်နှင့်ကိုက်ညီ၍ ဇူလိုင် ၇ ရက်အထိ ဟိုတယ်နှင့် တည်းခိုခန်း ၂၉ လုံးကို ဖွင့်လှစ်ခွင့်ပြုထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ပုဂံ ဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်ကပြောသည်။

ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက် ၅၇ ချက်ကို အစိုးရကထုတ်ပြန်ထားသည်။

ပုဂံဒေသတွင် ဖွင့်လှစ်ခွင့်တင်ထားသော ဟိုတယ်နှင့်တည်းခိုခန်း ၂၉ လုံးကို မြို့နယ်စစ်ဆေးရေးအဖွဲ့က စစ်ဆေးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သည်။

‘‘ဖွင့်လှစ်ဖို့အတွက် နောက်ထပ်တင်ပြလာတဲ့ ဟိုတယ်တွေ လည်းရှိသေးတယ်။ အဲဒါတွေကိုလည်း စစ်ဆေးနေတယ်’’ ဟု ဦးဝင်းအောင်ကပြောသည်။

ပုဂံတွင် ယခုချိန်မှ ဟိုတယ်များ ပြန်လည်ဖွင်လှစ်ခွင့်ပြုသော်လည်း အခြား တိုင်းနှင့်ပြည်နယ်အချို့တွင် ဇွန် ၁၅ရက်ပင် ပြန်လည်ဖွင့်လှစ်နေကြခြင်းဖြစ်သည်။

စစ်ဆေးမှုကို ကျန်းမာရေး ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီး ဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) မှ အဖွဲ့ဝင်တစ်ဦးပါ ဝင်ကာ သက်ဆိုင်ရာမြို့နယ် အလိုက် စစ်ဆေးနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွင့်လှစ်ခြင်းကို အတည်ပြုပေးခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၄၀၀ ခန့်ရှိပြီး COVID -19 ရောဂါကြောင့် အဆိုပါဝန်ဆောင်မှု လုပ်ငန်းများကို ဧပြီ ၆ ရက်က စတင်၍ ယာယီပိတ်သိမ်းခဲ့သည်။

ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။ တိုင်းအတွင်းရှိ ဟိုတယ် ၃ လုံးမှလွဲ၍ ကျန်သည့်ဟိုတယ်အားလုံးနီးပါးက ကိုရိုနာရောဂါပိုး ကူးစက်ဖြစ်ပွားမှု အများဆုံး ကာလဖြစ်သည့် မတ်လနှင့် ဧပြီလတွင် ယာယီပိတ်ထားခဲ့ရသည်။

ရှမ်းပြည်နယ်အတွင်း မဖြစ်မနေ သွားလာသူများအတွက် ဟိုတယ်နှင့်တည်းခိုခန်းများကို ဇွန်လပထမပတ်ကစစ်ဆေး၍ ဖွင့်ခွင့်ပြုထားသည်။ ပြည်နယ်အတွင်း ဟိုတယ် နှင့်တည်းခိုခန်း ၃၈၀ ခန့်ရှိသည့် အနက် လက်ရှိအချိန်တွင် ၂၂၆ လုံးဖွင့်ခွင့်ပြုထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service