အစိုးရနှင့် ပုဂ္ဂလိကပေါင်း၍ အိမ်ယာများဆောက်ကာ အလုပ်စဝင်သည့် ဝန်ထမ်းများကို နှစ် ၃၀ အထိ အရစ်ကျရောင်းချရန် ဒုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
906 Views

အစိုးရနှင့် ပုဂ္ဂလိကပေါင်း၍ အိမ်ယာများဆောက်ကာ အလုပ်စဝင်သည့် ဝန်ထမ်းများကို နှစ် ၃၀ အထိ အရစ်ကျရောင်းချရန် ဒုဝန်ကြီးပြော

[Unicode]

အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ အိမ်ယာများတည်ဆောက်ပြီး အလုပ်စဝင်သည့် ဝန်ထမ်းများကို ဦးစားပေး၍ ၁၅ နှစ်မှ နှစ် ၃၀ အထိ အရစ်ကျချေးငွေဖြင့် အိမ်ယာရောင်းချရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးကပြောသည်။

ပြည်တွင်းစီးပွား‌ရေးနလံထရန်အတွက် စဉ်းစားမိသမျှ ဟူသော မူဝါဒနှင့် မဟာဗျူဟာများ အချက်တွင် ထည့်သွင်းရေးသားခဲ့ခြင်း ဖြစ်သည်။

“ပြည်တွင်းအိုးအိမ်တည်ဆောက်မှုလုပ်ငန်းများကို အစိုးရ ပုဂ္ဂလိက ပူးပေါင်းမှု(Public Private Partnership) ဖြင့် တည်ဆောက်၍၊ အလုပ်စတင်ဝင်ရောက်သည့် ဝန်ထမ်းများကို ဦးစားပေးရည်မှန်းချက် (target) ထား၍ (၁၅)နှစ်မှ နှစ်(၃၀) အရစ်ကျ ချေး‌ငွေစနစ်များဖြင့် ချေးငွေ ထုတ်ချေး၍ အိုးအိမ် ရောင်းချနိုင်ရေးဆောင်ရွက်သွားရန်၊” ဟု ၎င်းကရေးသားထားခဲ့သည်။

ကိုဗစ်-၁၉ ကယ်တင်ရေးအစီအစဉ်ကို တစ်နိုင်ငံလုံးက တက်တက် ကြွကြွအကောင်အထည်ဖော်နေကြပြီး ယခုအစီအစဉ်သည် စီးပွားရေးစနစ်အတွက် ထိခိုက်မှုအနည်းဆုံးရန်ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုအတွက် ဆောင်ရွက်ရန်အောက်ပါအချက်များဆောင်ရွက်ရန်လိုသည်ဟု ဒုဝန်ကြီးကဆိုသည်။

၎င်းတို့မှာ လယ်ယာထုတ်လုပ်မှု လုပ်ငန်းများတွင် တိုးချဲ့လုပ်ကိုင်ရန်(ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ သစ်သီးဝလံထုတ်လုပ်မှု)၊ ရေချိုနှင့်ရေငန် ငါးမွေးမှုလုပ်ငန်းများတွင် ရင်းမြုပ်နှံမှု တိုးချဲ့၍ ပို့ကုန် မြှင့်တင်ရန်၊ ကျွဲ၊နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်မွေးမြူမှုကို တိုးချဲ့ရန် (ကန်ထရိုက် စနစ်၊ အကြီးစားမွေးမြူရေးလုပ်ငန်းနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ကို အားပေးရန်)၊ အထည်ချုပ်လုပ်ငန်းများကို အမြန်ဆုံးပြန်လည်နိုးထလည်ပတ်ရေးကို ကြိုးစားဆောင်ရွက်ရန်၊ ပြည်တွင်းအထည်အလိပ်လုပ်ငန်း(Textile Industry)များကို အားပေး ဆောင် ရွက်ရန် (ဝါစိုက်ပျိုးမှု၊ ပိုးမွေးမြူမှု နှင့် ဓါတုချည်မျှင် (synthetic fibre) ထုတ်လုပ်မှုတို့တွင် ရင်းနှီးမြုပ်နှံမှုများ တိုးချဲ့ပြု လုပ်ရန်၊ ပြည်တွင်းအထည်ယက်လုပ်ငန်းများကို အားပေးရန်နှင့် ယက္ကန်း နှင့် ခေတ်မှီစက်များတင်သွင်းနိုင်ရေး ပံ့ပိုး‌ဆောင်ရွက်ရန်)၊ ပြည်တွင်းကုန်ကြမ်းများကို အခြေခံပြီး အစားအစာပြုပြင်၍ ကုန်ချောထုတ်လုပ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုရရှိစေရေး ပိုမို တွန်းအားပေးလုပ်ကိုင်ရန်ဖြစ်ပြီး ယင်းရင်းနှီးမြုပ်နှံမှုများကို အထောက်အကူပြုပေးရန်၊ အအေးခန်း၊ သိုလှောင်ရုံ၊ ထုတ်ပိုးမှုစက်များ၊ အ‌ခြောက်ခံစက်များ နှင့် logistics လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုကို တိုးချဲ့နိုင်ရန် အထောက်အကူပြုလုပ်ငန်းများကို ထူထောင်သွားရန်တို့ပါဝင်သည်။

ထိုပြင် အိမ်ယာကဏ္ဍကို အထက်ပါအတိုင်းအကြံပြုခဲ့ခြင်းဖြစ်သည်။ ထိုနောက် လျှပ်စစ်ဓါတ်အားရရှိမှုကို လက်ရှိ (၅၀) ရာခိုင်နှုန်းမှ (၇၅) ရာခိုင်နှုန်းထိ တိုးမြှင့်အောင်ဆောင်ရွက်နိုင်လျှင် နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုစွမ်းအား တိုးတက်လာပြီး ပြန်လည်နလံထူမှုကို လျှင်မြန်စေမှာ ဖြစ်သည်ဟု ဦးအောင်ထူးကပြောသည်။

အထူးသဖြင့်မဟာဓါတ်အားလိုင်း မရှိသေးသည့် တနင်္သာရီတိုင်းလိုဒေသတွင် လျှပ်စစ်ဓါတ်အားရရှိအောင် ဆောင်ရွက်ပေးနိုင်ပါက စီးပွားရေးနလံထူမှုကို အထောက်အကူပြုမှာ ဖြစ်သည်ဟုဆိုသည်။

နိုင်ငံ၏စီးပွားရေးကို အချိန်တိုအတွင်း တိုးတက်စေနိုင်သည်မှာ ခရီးသွားလုပ်ငန်း ဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်။

ခရီးသွားလုပ်ငန်းနှင့်အတူ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို ဖွံ့ဖြိုးစေသည့် လက်ဆောင်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း (Souvenir Industry)၊ မြန်မာ့အစားအစာနဲ့ မြန်မာနိုင်ငံထုတ်ပစ္စည်းများ(Made in Myanmar) ထုတ်လုပ်မှုရောင်းချမှုကိုမြှင့်တင်ဆောင်ရွက်ပေးရမှာ ဖြစ်သည်ဟု၎င်းကပြောသည်။ အသေးစားအလတ်စားနှင့်အငယ်စားလုပ်ငန်းများတိုးတက်ရေးအတွက် ချေးငွေရရှိရေးသည် အရေးပါသကဲ့သို့၊ နည်းပညာရရှိရေး၊ ကျွမ်းကျင် လုပ်သားရရှိရေးနှင့် ဈေးကွက်ရရှိရေးဟာ အရေးပါသည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အစိုးရႏွင့္ ပုဂၢလိကေပါင္း၍ အိမ္ယာမ်ားေဆာက္ကာ အလုပ္စဝင္သည့္ ဝန္ထမ္းမ်ားကို ႏွစ္ ၃၀ အထိ အရစ္က်ေရာင္းခ်ရန္ ဒုဝန္ႀကီးေျပာ

အစိုးရႏွင့္ ပုဂၢလိက ပူးေပါင္း၍ အိမ္ယာမ်ားတည္ေဆာက္ၿပီး အလုပ္စဝင္သည့္ ဝန္ထမ္းမ်ားကို ဦးစားေပး၍ ၁၅ ႏွစ္မွ ႏွစ္ ၃၀ အထိ အရစ္က်ေခ်းေငြျဖင့္ အိမ္ယာေရာင္းခ်ရန္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေအာင္ထူးကေျပာသည္။

ျပည္တြင္းစီးပြား‌ေရးနလံထရန္အတြက္ စဥ္းစားမိသမွ် ဟူေသာ မူဝါဒႏွင့္ မဟာဗ်ဴဟာမ်ား အခ်က္တြင္ ထည့္သြင္းေရးသားခဲ့ျခင္း ျဖစ္သည္။

“ျပည္တြင္းအိုးအိမ္တည္ေဆာက္မႈလုပ္ငန္းမ်ားကို အစိုးရ ပုဂၢလိက ပူးေပါင္းမႈ(Public Private Partnership) ျဖင့္ တည္ေဆာက္၍၊ အလုပ္စတင္ဝင္ေရာက္သည့္ ဝန္ထမ္းမ်ားကို ဦးစားေပးရည္မွန္းခ်က္ (target) ထား၍ (၁၅)ႏွစ္မွ ႏွစ္(၃၀) အရစ္က် ေခ်း‌ေငြစနစ္မ်ားျဖင့္ ေခ်းေငြ ထုတ္ေခ်း၍ အိုးအိမ္ ေရာင္းခ်ႏိုင္ေရးေဆာင္႐ြက္သြားရန္၊” ဟု ၎ကေရးသားထားခဲ့သည္။

ကိုဗစ္-၁၉ ကယ္တင္ေရးအစီအစဥ္ကို တစ္ႏိုင္ငံလုံးက တက္တက္ ႂကြႂကြအေကာင္အထည္ေဖာ္ေနၾကၿပီး ယခုအစီအစဥ္သည္ စီးပြားေရးစနစ္အတြက္ ထိခိုက္မႈအနည္းဆုံးရန္ေဆာင္႐ြက္ျခင္းျဖစ္သည္ဟုဆိုသည္။ ထိုအတြက္ ေဆာင္႐ြက္ရန္ေအာက္ပါအခ်က္မ်ားေဆာင္႐ြက္ရန္လိုသည္ဟု ဒုဝန္ႀကီးကဆိုသည္။

၎တို႔မွာ လယ္ယာထုတ္လုပ္မႈ လုပ္ငန္းမ်ားတြင္ တိုးခ်ဲ႕လုပ္ကိုင္ရန္(ဆန္စပါး၊ ပဲမ်ိဳးစုံ၊ ေျပာင္း၊ သစ္သီးဝလံထုတ္လုပ္မႈ)၊ ေရခ်ိဳႏွင့္ေရငန္ ငါးေမြးမႈလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမဳပ္ႏွံမႈ တိုးခ်ဲ႕၍ ပို႔ကုန္ ျမႇင့္တင္ရန္၊ ကြၽဲ၊ႏြား၊ သိုး၊ ဆိတ္၊ ၾကက္၊ ဝက္ေမြးျမဴမႈကို တိုးခ်ဲ႕ရန္ (ကန္ထ႐ိုက္ စနစ္၊ အႀကီးစားေမြးျမဴေရးလုပ္ငန္းႏွင့္ တစ္ႏိုင္တစ္ပိုင္လုပ္ငန္းမ်ားကို အားေပးရန္)၊ အထည္ခ်ဳပ္လုပ္ငန္းမ်ားကို အျမန္ဆုံးျပန္လည္ႏိုးထလည္ပတ္ေရးကို ႀကိဳးစားေဆာင္႐ြက္ရန္၊ ျပည္တြင္းအထည္အလိပ္လုပ္ငန္း(Textile Industry)မ်ားကို အားေပး ေဆာင္ ႐ြက္ရန္ (ဝါစိုက္ပ်ိဳးမႈ၊ ပိုးေမြးျမဴမႈ ႏွင့္ ဓါတုခ်ည္မွ်င္ (synthetic fibre) ထုတ္လုပ္မႈတို႔တြင္ ရင္းႏွီးျမဳပ္ႏွံမႈမ်ား တိုးခ်ဲ႕ျပဳ လုပ္ရန္၊ ျပည္တြင္းအထည္ယက္လုပ္ငန္းမ်ားကို အားေပးရန္ႏွင့္ ယကၠန္း ႏွင့္ ေခတ္မွီစက္မ်ားတင္သြင္းႏိုင္ေရး ပံ့ပိုး‌ေဆာင္႐ြက္ရန္)၊ ျပည္တြင္းကုန္ၾကမ္းမ်ားကို အေျခခံၿပီး အစားအစာျပဳျပင္၍ ကုန္ေခ်ာထုတ္လုပ္သည့္ လုပ္ငန္းမ်ားတြင္ ရင္းႏွီးျမဳပ္ႏွံမႈရရွိေစေရး ပိုမို တြန္းအားေပးလုပ္ကိုင္ရန္ျဖစ္ၿပီး ယင္းရင္းႏွီးျမဳပ္ႏွံမႈမ်ားကို အေထာက္အကူျပဳေပးရန္၊ အေအးခန္း၊ သိုေလွာင္႐ုံ၊ ထုတ္ပိုးမႈစက္မ်ား၊ အ‌ေျခာက္ခံစက္မ်ား ႏွင့္ logistics လုပ္ငန္းမ်ားတြင္ ရင္းႏွီးျမဳပ္ႏွံမႈကို တိုးခ်ဲ႕ႏိုင္ရန္ အေထာက္အကူျပဳလုပ္ငန္းမ်ားကို ထူေထာင္သြားရန္တို႔ပါဝင္သည္။

ထိုျပင္ အိမ္ယာက႑ကို အထက္ပါအတိုင္းအႀကံျပဳခဲ့ျခင္းျဖစ္သည္။ ထိုေနာက္ လွ်ပ္စစ္ဓါတ္အားရရွိမႈကို လက္ရွိ (၅၀) ရာခိုင္ႏႈန္းမွ (၇၅) ရာခိုင္ႏႈန္းထိ တိုးျမႇင့္ေအာင္ေဆာင္႐ြက္ႏိုင္လွ်င္ ႏိုင္ငံ၏ ျပည္တြင္းထုတ္လုပ္မႈစြမ္းအား တိုးတက္လာၿပီး ျပန္လည္နလံထူမႈကို လွ်င္ျမန္ေစမွာ ျဖစ္သည္ဟု ဦးေအာင္ထူးကေျပာသည္။

အထူးသျဖင့္မဟာဓါတ္အားလိုင္း မရွိေသးသည့္ တနသၤာရီတိုင္းလိုေဒသတြင္ လွ်ပ္စစ္ဓါတ္အားရရွိေအာင္ ေဆာင္႐ြက္ေပးႏိုင္ပါက စီးပြားေရးနလံထူမႈကို အေထာက္အကူျပဳမွာ ျဖစ္သည္ဟုဆိုသည္။

ႏိုင္ငံ၏စီးပြားေရးကို အခ်ိန္တိုအတြင္း တိုးတက္ေစႏိုင္သည္မွာ ခရီးသြားလုပ္ငန္း ျဖစ္သည္ဟု ဒုဝန္ႀကီးကဆိုသည္။

ခရီးသြားလုပ္ငန္းႏွင့္အတူ အေသးစား၊ အငယ္စားႏွင့္ အလတ္စားလုပ္ငန္းမ်ားကို ဖြံ႕ၿဖိဳးေစသည့္ လက္ေဆာင္ပစၥည္းထုတ္လုပ္သည့္လုပ္ငန္း (Souvenir Industry)၊ ျမန္မာ့အစားအစာနဲ႔ ျမန္မာႏိုင္ငံထုတ္ပစၥည္းမ်ား(Made in Myanmar) ထုတ္လုပ္မႈေရာင္းခ်မႈကိုျမႇင့္တင္ေဆာင္႐ြက္ေပးရမွာ ျဖစ္သည္ဟု၎ကေျပာသည္။ အေသးစားအလတ္စားႏွင့္အငယ္စားလုပ္ငန္းမ်ားတိုးတက္ေရးအတြက္ ေခ်းေငြရရွိေရးသည္ အေရးပါသကဲ့သို႔၊ နည္းပညာရရွိေရး၊ ကြၽမ္းက်င္ လုပ္သားရရွိေရးႏွင့္ ေစ်းကြက္ရရွိေရးဟာ အေရးပါသည္ဟုဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service