လေဆိပ်သုံးခုကို အဆင့်မြှင့်တင်ရန် အကြံပေးဝန်ဆောင်မှု ကုမ္ပဏီများကို ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
1236 Views

လေဆိပ်သုံးခုကို အဆင့်မြှင့်တင်ရန် အကြံပေးဝန်ဆောင်မှု ကုမ္ပဏီများကို ဖိတ်ခေါ်

[Unicode]

သံတွဲ၊ ထားဝယ်၊ ပုသိမ်နှင့် လွိုင်ကော်လေဆိပ်များကို အဆင့်မြှင့်ရန်အတွက် အကြံပေးဝန်ဆောင်မှု ကုမ္ပဏီများကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဖိတ်ခေါ် သည်။

လေဆိပ်လေးခုကို ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်း အစီအစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ထိုအတွက် စိတ်ဝင်စားသည့် အကြံပေးကုမ္ပဏီက အချက်ခြောက်ချက် ဆောင်ရွက်ရမည်ဟု လေကြောင်းဦးစီးဌာနက ဆိုသည်။

အကြံပေးကုမ္ပဏီက ထိုလေဆိပ်လေးခုအတွက် ဖွံ့ဖြိုးရေးစီမံကိန်း၊ စိတ်ဝင်စားမှုဖော်ပြလွှာတင်ပြခြင်း၊ တင်ဒါလုပ်ငန်းစဉ်၊ ညှိနှိုင်းဆောင်ရွက်မှုတို့ကို အကြံပေးခြင်း၊ ဥပဒေအကြံပေး ခြင်းနှင့် စီမံကိန်းပြီးမြောက်မှုများကို အစီအစဉ်ရေးဆွဲခြင်းတို့ပါဝင်သည်။

စိတ်ဝင်စားသည့် အကြံပေး ကုမ္ပဏီများသည် စိတ်ဝင်စားမှု ဖော်ပြလွှာများကို ဩဂုတ် ၃ ရက် နောက်ဆုံးထား တင်ပြနိုင်သည်ဟု ဦးစီးဌာနကဆိုသည်။

ငပလီရှိ သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၉ အောက်တိုဘာ ၁၅ ရက်တွင် အိတ်ဖွင့်တင်ဒါ စတင်ဖိတ်ခေါ်သည်။

လက်ရှိ ပြည်တွင်းလေဆိပ် အဖြစ် အသုံးပြုနေသည့် သံတွဲလေဆိပ်ရှိ လေယာဉ်ပြေးလမ်းကို ချဲ့ထွင်မည်ဟု ကြေညာခြင်းဖြစ် သည်။ ပြည်တွင်း လေဆိပ် ၃၁ ခု အနက် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက် လေဆိပ် ၁၄ ခုကို အဆင့်မြှင့်တင်ရန် နိုင်ငံတော် သမ္မတက ၂၀၁၆ တွင် သဘောတူညီခဲ့သည်။

ဟဲဟိုး၊ ကော့သောင်း၊ မော်လမြိုင် လေဆိပ်သုံးခုကို အဆင့်မြှင့်တင်ခြင်းနှင့် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၇ တွင် တင်ဒါခေါ်ယူခဲ့ဖူးသည်။

မြို့ပြလေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်ပြီး ထိုလေဆိပ်များကို ppp (Public Private Partnership ) စနစ်ဖြင့် တင်ဒါအောင်ကုမ္ပဏီများသို့ လေဆိပ်အဆင့်မြှင့်တင်ရန် လွဲပြောင်းပေးမည်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၆၉ ခုအနက် အသုံးပြုလည်ပတ်နေသော အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် ၃၁ ခု ရှိပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၂၈ လိုင်းနှင့် ပြည်တွင်းလေကြောင်းလိုင်း ၁၀ လိုင်း ပြေးဆွဲနေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေလဆိပ္သုံးခုကို အဆင့္ျမႇင့္တင္ရန္ အႀကံေပးဝန္ေဆာင္မႈ ကုမၸဏီမ်ားကို ဖိတ္ေခၚ

သံတြဲ၊ ထားဝယ္၊ ပုသိမ္ႏွင့္ လြိဳင္ေကာ္ေလဆိပ္မ်ားကို အဆင့္ျမႇင့္ရန္အတြက္ အႀကံေပးဝန္ေဆာင္မႈ ကုမၸဏီမ်ားကို ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနက ဖိတ္ေခၚ သည္။

ေလဆိပ္ေလးခုကို ပုဂၢလိကႏွင့္အက်ိဳးတူပူးေပါင္း အစီအစဥ္ျဖင့္ ေဆာင္႐ြက္မည္ျဖစ္ၿပီး ထိုအတြက္ စိတ္ဝင္စားသည့္ အႀကံေပးကုမၸဏီက အခ်က္ေျခာက္ခ်က္ ေဆာင္႐ြက္ရမည္ဟု ေလေၾကာင္းဦးစီးဌာနက ဆိုသည္။

အႀကံေပးကုမၸဏီက ထိုေလဆိပ္ေလးခုအတြက္ ဖြံ႕ၿဖိဳးေရးစီမံကိန္း၊ စိတ္ဝင္စားမႈေဖာ္ျပလႊာတင္ျပျခင္း၊ တင္ဒါလုပ္ငန္းစဥ္၊ ညႇိႏႈိင္းေဆာင္႐ြက္မႈတို႔ကို အႀကံေပးျခင္း၊ ဥပေဒအႀကံေပး ျခင္းႏွင့္ စီမံကိန္းၿပီးေျမာက္မႈမ်ားကို အစီအစဥ္ေရးဆြဲျခင္းတို ႔ပါဝင္သည္။

စိတ္ဝင္စားသည့္ အႀကံေပး ကုမၸဏီမ်ားသည္ စိတ္ဝင္စားမႈ ေဖာ္ျပလႊာမ်ားကို ဩဂုတ္ ၃ ရက္ ေနာက္ဆုံးထား တင္ျပႏိုင္သည္ဟု ဦးစီးဌာနကဆိုသည္။

ငပလီရွိ သံတြဲေလဆိပ္ကို အျပည္ျပည္ဆိုင္ရာေလဆိပ္အျဖစ္ အဆင့္ျမႇင့္တင္ရန္ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနက ၂၀၁၉ ေအာက္တိုဘာ ၁၅ ရက္တြင္ အိတ္ဖြင့္တင္ဒါ စတင္ဖိတ္ေခၚသည္။

လက္ရွိ ျပည္တြင္းေလဆိပ္ အျဖစ္ အသုံးျပဳေနသည့္ သံတြဲေလဆိပ္ရွိ ေလယာဥ္ေျပးလမ္းကို ခ်ဲ႕ထြင္မည္ဟု ေၾကညာျခင္းျဖစ္ သည္။ ျပည္တြင္း ေလဆိပ္ ၃၁ ခု အနက္ ခရီးသြားက႑ဖြံ႕ၿဖိဳးေရးအတြက္ ေလဆိပ္ ၁၄ ခုကို အဆင့္ျမႇင့္တင္ရန္ ႏိုင္ငံေတာ္ သမၼတက ၂၀၁၆ တြင္ သေဘာတူညီခဲ့သည္။

ဟဲဟိုး၊ ေကာ့ေသာင္း၊ ေမာ္လၿမိဳင္ ေလဆိပ္သုံးခုကို အဆင့္ျမႇင့္တင္ျခင္းႏွင့္ ေလဆိပ္ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ စိတ္ပါဝင္စားေသာ လုပ္ငန္းရွင္မ်ားကို ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာနက ၂၀၁၇ တြင္ တင္ဒါေခၚယူခဲ့ဖူးသည္။

ၿမိဳ႕ျပေလေၾကာင္း ပို႔ေဆာင္ေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ရည္႐ြယ္ၿပီး ထိုေလဆိပ္မ်ားကို ppp (Public Private Partnership ) စနစ္ျဖင့္ တင္ဒါေအာင္ကုမၸဏီမ်ားသို႔ ေလဆိပ္အဆင့္ျမႇင့္တင္ရန္ လြဲေျပာင္းေပးမည္ျဖစ္သည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ေလယာဥ္ကြင္း ၆၉ ခုအနက္ အသုံးျပဳလည္ပတ္ေနေသာ အျပည္ျပည္ဆိုင္ရာ ေလဆိပ္အပါအဝင္ ျပည္တြင္းေလဆိပ္ ၃၁ ခု ရွိၿပီး အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္း ၂၈ လိုင္းႏွင့္ ျပည္တြင္းေလေၾကာင္းလိုင္း ၁၀ လိုင္း ေျပးဆြဲေနသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service