စီးပွားရေးလုပ်ငန်းများကို ကုစားရန် ချေးငွေရန်ပုံငွေ ကျပ် ဘီလီယံ (၁၀၀) ဒုတိယအကြိမ် ထပ်မံထားရှိမည် - Property News in Myanmar from iMyanmarHouse.com
767 Views

စီးပွားရေးလုပ်ငန်းများကို ကုစားရန် ချေးငွေရန်ပုံငွေ ကျပ် ဘီလီယံ (၁၀၀) ဒုတိယအကြိမ် ထပ်မံထားရှိမည်

[Unicode]

စီးပွားရေးလုပ်ငန်းများကို ကုစားရန် COVID-19 ရန်ပုံငွေ ကျပ်ဘီလီယံ ၁၀၀ ကို ဒုတိယအကြိမ် ထပ်မံထားရှိမည် ဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာနက ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်သည်။

ဒုတိယအကြိမ်ရန်ပုံငွေကို သုံးကြိမ်ခွဲ၍ ထုတ်ပေးမည်ဖြစ်ပြီး ချေးငွေပေးမည့် လုပ်ငန်း၊ ချေးငွေသက်တမ်းနှင့် စည်းကမ်းများကို မကြာမီ ထုတ်ပြန်ပေးသွားမည် ဟုဆိုသည်။ သုံးကြိမ်ခွဲထုတ်ပေးရာတွင် ပထမအကြိမ် ကျပ် ၃၅ ဘီလီယံ၊ ဒုတိယအကြိမ်တွင်ကျပ် ၃၅ ဘီလီယံနှင့် တတိယအကြိမ်တွင် ကျပ်ဘီလီယံ ၃၀ ထုတ်ပေးမည်ဖြစ်သည်။

ထိုထုတ်ချေးငွေကို ပြည် ထောင်စုအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေမှ ကျပ်ဘီလီယံ ၁၅၀ လွှဲပြောင်းထုတ်ယူမည်ဟု ဝန်ကြီးဌာနကဆိုသည်။ ထိုကျပ် ဘီလီယံ ၁၅၀ တွင် ကျပ်ဘီလီယံ ၁၀၀ ကို ဒုတိယအကြိမ် COVID-19 ရန်ပုံငွေထဲသို့ ထည့်သွင်းမည်ဖြစ်သည်။ ကျန်ကျပ်ဘီလီယံ ၅၀ ကို ပထမအကြိမ် ရန်ပုံငွေထူထောင်စဉ်က ယူသုံးခဲ့သည့် လူမှုဖူလုံရေးရန်ပုံငွေသို့ ပြန်လည်လွှဲ ပြောင်းပေးမည်ဟု ဝန်ကြီးဌာန ကဆိုသည်။

ချေးငွေပေးမည့်လုပ်ငန်း၊ ချေးငွေသက်တမ်းနှင့် စည်းကမ်း များကို COVID-19 ကြောင့်ဖြစ် ပေါ်လာနိုင်သည့် စီးပွားရေးသက် ရောက်မှုများအပေါ် ကုစားရေး ကော်မတီက ထုတ်ပြန်ပေးမည်ဟု ဝန်ကြီးဌာနက ဆိုသည်။

COVID-19 ကြောင့်ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများကို ကုစားရန် အစိုးရက လက်ခစား လုပ်ငန်း(CMP)၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း (SME) လုပ်ငန်းများကို ပထမအ ကြိမ် ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ထုတ်ပေးခဲ့သည်။ ထိုချေးငွေ သည် သက်တမ်းတစ်နှစ်ဖြစ်ပြီး အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြစ်သည်။

ထိုပထမအကြိမ် COVID- 19 ရန်ပုံငွေမှ ခုနစ်ကြိမ်မြောက် ချေးငွေ ထုတ်ပေးနိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်း ပေါင်း ၃၄၀၀ ကျော်ကို ချေးငွေ ၁၀၀ ဘီလီယံ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ်ချေးငွေ ထုတ်ပေးရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ချေးငွေပေး ရန် လုပ်ငန်းရှင်များကတောင်းဆိုနေသည်။ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးရှိန်ဝင်းက ဆောက်လုပ်ရေး လုပ်ငန်းများအတွက် စီမံကိန်း၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ချေးငွေချပေးရန် ဇူလိုင် ၃ ရက်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံတောင်းဆိုခဲ့သည်။ ထို့အပြင် ဈေးကွက်တုံ့ပြန်မှုအပေါ်မူတည် ၍ COVID-19 ရန်ပုံငွေ ပမာဏကို ကျပ်ငွေဘီလီယံ ၂၀၀ မှ ၅၀၀ အထိ တိုးမြှင့်ရန်လည်း အစိုးရက စီစဉ်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စီးပြားေရးလုပ္ငန္းမ်ားကို ကုစားရန္ ေခ်းေငြရန္ပုံေငြ က်ပ္ ဘီလီယံ (၁၀၀) ဒုတိယအႀကိမ္ ထပ္မံထားရွိမည္

စီးပြားေရးလုပ္ငန္းမ်ားကို ကုစားရန္ COVID-19 ရန္ပုံေငြ က်ပ္ဘီလီယံ ၁၀၀ ကို ဒုတိယအႀကိမ္ ထပ္မံထားရွိမည္ ဟု စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈ ဝန္ႀကီးဌာနက ဇူလိုင္ ၄ ရက္တြင္ ထုတ္ျပန္သည္။

ဒုတိယအႀကိမ္ရန္ပုံေငြကို သုံးႀကိမ္ခြဲ၍ ထုတ္ေပးမည္ျဖစ္ၿပီး ေခ်းေငြေပးမည့္ လုပ္ငန္း၊ ေခ်းေငြသက္တမ္းႏွင့္ စည္းကမ္းမ်ားကို မၾကာမီ ထုတ္ျပန္ေပးသြားမည္ ဟုဆိုသည္။ သုံးႀကိမ္ခြဲထုတ္ေပးရာတြင္ ပထမအႀကိမ္ က်ပ္ ၃၅ ဘီလီယံ၊ ဒုတိယအႀကိမ္တြင္က်ပ္ ၃၅ ဘီလီယံႏွင့္ တတိယအႀကိမ္တြင္ က်ပ္ဘီလီယံ ၃၀ ထုတ္ေပးမည္ျဖစ္သည္။

ထိုထုတ္ေခ်းေငြကို ျပည္ ေထာင္စုအစိုးရအဖြဲ႕၏ အေထြေထြပိုလွ်ံရန္ပုံေငြမွ က်ပ္ဘီလီယံ ၁၅၀ လႊဲေျပာင္းထုတ္ယူမည္ဟု ဝန္ႀကီးဌာနကဆိုသည္။ ထိုက်ပ္ ဘီလီယံ ၁၅၀ တြင္ က်ပ္ဘီလီယံ ၁၀၀ ကို ဒုတိယအႀကိမ္ COVID-19 ရန္ပုံေငြထဲသို႔ ထည့္သြင္းမည္ျဖစ္သည္။ က်န္က်ပ္ဘီလီယံ ၅၀ ကို ပထမအႀကိမ္ ရန္ပုံေငြထူေထာင္စဥ္က ယူသုံးခဲ့သည့္ လူမႈဖူလုံေရးရန္ပုံေငြသို႔ ျပန္လည္လႊဲ ေျပာင္းေပးမည္ဟု ဝန္ႀကီးဌာန ကဆိုသည္။

ေခ်းေငြေပးမည့္လုပ္ငန္း၊ ေခ်းေငြသက္တမ္းႏွင့္ စည္းကမ္း မ်ားကို COVID-19 ေၾကာင့္ျဖစ္ ေပၚလာႏိုင္သည့္ စီးပြားေရးသက္ ေရာက္မႈမ်ားအေပၚ ကုစားေရး ေကာ္မတီက ထုတ္ျပန္ေပးမည္ဟု ဝန္ႀကီးဌာနက ဆိုသည္။

COVID-19 ေၾကာင့္ထိခိုက္သည့္ စီးပြားေရးလုပ္ငန္းမ်ားကို ကုစားရန္ အစိုးရက လက္ခစား လုပ္ငန္း(CMP)၊ ဟိုတယ္ႏွင့္ခရီး သြားလုပ္ငန္းႏွင့္ အေသးစား၊ အလတ္စားစီးပြားေရးလုပ္ငန္း (SME) လုပ္ငန္းမ်ားကို ပထမအ ႀကိမ္ ေခ်းေငြ က်ပ္ဘီလီယံ ၁၀၀ ထုတ္ေပးခဲ့သည္။ ထိုေခ်းေငြ သည္ သက္တမ္းတစ္ႏွစ္ျဖစ္ၿပီး အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းျဖစ္သည္။

ထိုပထမအႀကိမ္ COVID- 19 ရန္ပုံေငြမွ ခုနစ္ႀကိမ္ေျမာက္ ေခ်းေငြ ထုတ္ေပးႏိုင္ခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံတစ္ဝန္းရွိ လုပ္ငန္း ေပါင္း ၃၄၀၀ ေက်ာ္ကို ေခ်းေငြ ၁၀၀ ဘီလီယံ ထုတ္ေပးခဲ့ျခင္း ျဖစ္သည္။ ဒုတိယအႀကိမ္ေခ်းေငြ ထုတ္ေပးရာတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို ေခ်းေငြေပး ရန္ လုပ္ငန္းရွင္မ်ားကေတာင္းဆိုေနသည္။ ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒ဦးရွိန္ဝင္းက ေဆာက္လုပ္ေရး လုပ္ငန္းမ်ားအတြက္ စီမံကိန္း၏ ၂၀ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္းအထိ ေခ်းေငြခ်ေပးရန္ ဇူလိုင္ ၃ ရက္တြင္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ထံေတာင္းဆိုခဲ့သည္။ ထို႔အျပင္ ေဈးကြက္တုံ႔ျပန္မႈအေပၚမူတည္ ၍ COVID-19 ရန္ပုံေငြ ပမာဏကို က်ပ္ေငြဘီလီယံ ၂၀၀ မွ ၅၀၀ အထိ တိုးျမႇင့္ရန္လည္း အစိုးရက စီစဥ္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service