ဂျပန်နိုင်ငံအစိုးရက မြန်မာအစိုးရသို့ ဂျပန်ယန်း ၂ ဘီလီယံကျော် တန်ဖိုးရှိ အကူအညီ (၃) ခု အကူအညီပေးရန် လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
884 Views

ဂျပန်နိုင်ငံအစိုးရက မြန်မာအစိုးရသို့ ဂျပန်ယန်း ၂ ဘီလီယံကျော် တန်ဖိုးရှိ အကူအညီ (၃) ခု အကူအညီပေးရန် လက်မှတ်ရေးထိုး

[Unicode]

မြန်မာအစိုးရသို့ ဂျပန်နိုင်ငံအစိုးရက ပေးအပ်သည့် စုစုပေါင်းတန်ဖိုး ဂျပန်ယန်း ၂ ဒသမ ၁၉၉ ဘီလီယံ ရှိသည့် အကူအညီပေးရေး ဆိုင်ရာ စာချွန်လွှာ (၃)ခုလက်မှတ်ရေးထိုးခြင်းကို ဇူလိုင် ၂ ရက်က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အကူအညီပေးရေး ဆိုင်ရာ စာချွန်လွှာ (၃)ခုကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အိချိရောမာရုယာမတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်မှတ်ရေးထိုးခြင်းဖြင့် ပြည်ထဲရေးဝန်ကြီးဌာနအတွက် မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ အထောက်အပံ့ရရှိခြင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ကျုံးရေကိုသန့်စင် ပေးဝေရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းနှင့် ရန်ကုန်မြစ်အတွင်း ရေကြောင်းလမ်းညွှန် အထောက်အကူပြုအချက်ပြကိရိယာများ အဆင့်မြှင့်တင်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]







Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
shwe-wutthmone
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service