အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း (၁၇) မျိုးကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းဖွင့်လှစ်သင်ကြားပေးဖို့ စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
4336 Views

အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း (၁၇) မျိုးကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းဖွင့်လှစ်သင်ကြားပေးဖို့ စီစဉ်နေ

[Unicode]

အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၇ မျိုးကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းဖွင့်လှစ်သင်ကြား ပေးသွားဖို့ စီစဉ်နေ ကြောင်း ဇူလိုင် ၂ ရက်က မြန်မာလေဘာနယူးမှသိရသည်။

ကူးစက်ကပ်ရောဂါဖြစ်နေစဉ် ကာလအတွင်း ပြည်သူများ ဝင်ငွေရရှိစေရန်နှင့် မိမိတို့၏နေအိမ် ပတ်ဝန်းကျင်တွင် တစ်ပိုင်တစ်နိုင်ထုတ် လုပ်နိုင်မည့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေဖို့ ရည်ရွယ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာရှိသည့် မြို့နယ် ၃၀ ကို အခြေပြု သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသားများကို သင်တန်းကာလအတွင်း တစ်နေ့ကို သုံးထောင်ကျပ် နေ့တွက်စရိတ်ပေးသွားဖို့လည်း စီစဉ်ထားကြောင်း သိရသည်။

အရည်အချင်း သတ်မှတ်ချက်အနေနှင့် အခြေခံပညာအလယ်တန်း အဆင့်ရှိပြီး အသက်အားဖြင့် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းဖြစ်ပြီး ကိုဗစ်ကာလအတွင်းဖွင့်မည့်သင်တန်းဖြစ်၍ သင်တန်းသားဦးရေလျှော့ချမှာဖြစ်ကြောင်း သိသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အဓိကထားသင်ကြားပေးသွားမည့် သင်တန်းအမျိုးအစားမှာ ဝါးအခြေပြုလက်မှုသင်တန်းများ၊ သစ်အချောထည်နှင့်ပတ်သက်သည့် သင်တန်းများ၊လျှပ်စစ်နှင့်ပတ်သက်သည့် သင်းတန်းများ၊ လူသုံးကုန်နှင့်ပတ်သက်သည့်သင်တန်းများ ယွန်းနှင့်ပတ်သက်သည့် သင်တန်းများ၊ စားသောက်ကုန်နှင့် ပတ်သက်သည့် သင်တန်းများနှင့် စက်ပြင်သင်တန်းများ ကို ဦးစားပေးသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္တြင္းစက္မႈလက္မႈလုပ္ငန္း (၁၇) မ်ိဳးကို အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက သင္တန္းဖြင့္လွစ္သင္ၾကားေပးဖို႔ စီစဥ္ေန

အိမ္တြင္းစက္မႈလက္မႈလုပ္ငန္း ၁၇ မ်ိဳးကို အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက သင္တန္းဖြင့္လွစ္သင္ၾကား ေပးသြားဖို႔ စီစဥ္ေန ေၾကာင္း ဇူလိုင္ ၂ ရက္က ျမန္မာေလဘာနယူးမွသိရသည္။

ကူးစက္ကပ္ေရာဂါျဖစ္ေနစဥ္ ကာလအတြင္း ျပည္သူမ်ား ဝင္ေငြရရွိေစရန္ႏွင့္ မိမိတို႔၏ေနအိမ္ ပတ္ဝန္းက်င္တြင္ တစ္ပိုင္တစ္နိုင္ထုတ္ လုပ္နိုင္မည့္ စီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္နိုင္ေစဖို႔ ရည္ရြယ္ေၾကာင္း သိရသည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွာရွိသည့္ ၿမိဳ႕နယ္ ၃၀ ကို အေျချပဳ သင္ၾကားေပးသြားမွာျဖစ္ၿပီး သင္တန္းသားမ်ားကို သင္တန္းကာလအတြင္း တစ္ေန႔ကို သုံးေထာင္က်ပ္ ေန႔တြက္စရိတ္ေပးသြားဖို႔လည္း စီစဥ္ထားေၾကာင္း သိရသည္။

အရည္အခ်င္း သတ္မွတ္ခ်က္အေနႏွင့္ အေျခခံပညာအလယ္တန္း အဆင့္ရွိၿပီး အသက္အားျဖင့္ ၁၈ ႏွစ္မွ ၄၅ ႏွစ္အတြင္းျဖစ္ၿပီး ကိုဗစ္ကာလအတြင္းဖြင့္မည့္သင္တန္းျဖစ္၍ သင္တန္းသားဦးေရေလွ်ာ့ခ်မွာျဖစ္ေၾကာင္း သိသည္။

အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနအေနျဖင့္ အဓိကထားသင္ၾကားေပးသြားမည့္ သင္တန္းအမ်ိဳးအစားမွာ ဝါးအေျချပဳလက္မႈသင္တန္းမ်ား၊ သစ္အေခ်ာထည္ႏွင့္ပတ္သက္သည့္ သင္တန္းမ်ား၊လၽွပ္စစ္ႏွင့္ပတ္သက္သည့္ သင္းတန္းမ်ား၊ လူသုံးကုန္ႏွင့္ပတ္သက္သည့္သင္တန္းမ်ား ယြန္းႏွင့္ပတ္သက္သည့္ သင္တန္းမ်ား၊ စားေသာက္ကုန္ႏွင့္ ပတ္သက္သည့္ သင္တန္းမ်ားႏွင့္ စက္ျပင္သင္တန္းမ်ား ကို ဦးစားေပးသင္ၾကားသြားမည္ျဖစ္ေၾကာင္းသိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service