COVID-19 ရန်ပုံငွေမှ လုပ်ငန်းပေါင်း ၃၀၀ကျော်ကို ချေးငွေ ကျပ် ၁၄ ဘီလီယံကျော်ပေး - Property News in Myanmar from iMyanmarHouse.com
717 Views

COVID-19 ရန်ပုံငွေမှ လုပ်ငန်းပေါင်း ၃၀၀ကျော်ကို ချေးငွေ ကျပ် ၁၄ ဘီလီယံကျော်ပေး

[Unicode]

COVID-19 ရန်ပုံငွေမှ သတ္တမအကြိမ်အဖြစ်လုပ်ငန်း ၃၀၀ ကျော်ကို ချေးငွေ ကျပ် ၁၄ ဘီလီယံကျော်ထုတ် ချေးယူခွင့်ပြုလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

COVID-19 ရန်ပုံငွေမှ ခုနှစ်ကြိမ်မြောက်ချေးငွေ ထုတ်ပေးနိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းပေါင်း ၃၄၀၀ကျော်ကို ချေးငွေ ၁၀၀ ဘီလီယံ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုလုပ်ငန်းများသည် ဘဏ်တစ်ခုက တရားဆွဲခြင်းခံထားရပါက ချေးငွေရယူမဟုတ်ဟုဆိုထားသည်။

အစိုးရက COVID- 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရန်အတွက် ကျပ် ဘီလီယံ ၁၀၀ ကို ရန်ပုံငွေအဖြစ် ထုတ်ချေးပေးနေခြင်းဖြစ်သည်။

အစိုးရ၏ COVID-19 ကုစားရေးအစီအစဉ်တွင် ထိခိုက်ခဲ့သည့် လက်ခစား(CMP)လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ်ထောက်ပံ့ရန်ဟုဆိုထားသည်။

ထိုကော်မတီက COVID-19 ကြောင့်ထိခိုက်သည့် လုပ်ငန်းများကို ဧပြီ ၉ ရက်မတိုင်ခင် ချေးငွေလျှောက်လွှာ ခေါ်ယူခဲ့သည်။

ထိုပြင်ဈေးကွက် တုံ့ပြန်မှုပေါ်မူတည်၍ ရန်ပုံငွေ အရွည်အစားကို ကျပ်ငွေ ဘီလီယံ ၂၀၀ မှ ၅၀၀ အထိ တိုးမြှင့်ရန်လည်း တိုက်တွန်းထားသည်။ ထိုလုပ်ငန်းကို ၂၀၂၀ နှစ်မကုန်ခင် ရသုံးဦးစီးဌာနက ဆောင်ရွက်ရမည်ဟု ဆိုထားသည်။

ထို့အပြင် အစိုးရကထုတ်ပြန်ထားသည့် COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်တွင် ဈေးကွက်တုံ့ပြန်မှုပေါ် မူတည်၍ ချေးငွေရန်ပုံငွေကို ကျပ်ငွေဘီလီ ယံ ၂၀၀ မှ ၅၀၀ အထိ ထပ်မံ တိုးမြှင့်ရန်လည်း စိစဉ်ထားသည်။

ဒုတိယအကြိမ် COVID -19 Fund ထပ်မံလျာထားရာတွင် ချေးငွေထုတ်ပေးမည့် လုပ်ငန်းကဏ္ဍများ သတ်မှတ်ရေးနှင့် ချေးငွေရယူထားသည့် လုပ်ငန်းများက ချေးငွေအသုံးပြုမှုအပေါ် စိစစ်ကြပ်မတ် ဆောင်ရွက်မည်ဟုဆိုသည်။ ချေးငွေလျှောက်လွှာများကိုလည်း ထပ်မံဖိတ်ခေါ်သွားမည်ဟု ဆိုထားသည်။

ပထမအကြိမ် COVID- 19 ကြောင့်ထိခိုက်သည့် လုပ်ငန်း များကို ဧပြီ ၉ရက်မတိုင်ခင် ချေးငွေလျှောက်လွှာ ခေါ်ယူခဲ့သည်။ လျှောက်ထားရာတွင် အချက် ၁၀ ချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး ၎င်းတို့မှာနိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်း ဖြစ်ရမည်၊ လက်ရှိလည် ပတ်နေခြင်း (သို့မဟုတ်) ကြေ ညာချက်မထုတ်ပြန်မီ သုံးလအတွင်း ရပ်ဆိုင်းထားသည့်လုပ်ငန်း ဖြစ်ရမည်။ ထို့အပြင်လွန်ခဲ့သည့် ၂ နှစ်အတွင်း လိုင်စင်၊ ခွင့်ပြုချက်ရထားခြင်းနှင့် ဝင်ငွေရရှိထားခြင်း တို့ပါဝင်သည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












 



Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service