MNO ကုမ္ပဏီက ဆေးဝါးစက်ရုံတည်ဆောက်ရန် ပဲခူးတိုင်းအစိုးရထံ မြေတောင်းခံ - Property News in Myanmar from iMyanmarHouse.com
1197 Views

MNO ကုမ္ပဏီက ဆေးဝါးစက်ရုံတည်ဆောက်ရန် ပဲခူးတိုင်းအစိုးရထံ မြေတောင်းခံ

[Unicode]

ပဲခူးတိုင်း တွင်း ဆေးဝါးစက်ရုံတည်ဆောက်ရန်အတွက် MNO limitedမှ တိုင်းအစိုးရထံ မြေတောင်းခံကြောင်း တိုင်းအစိုးရက သတင်းထုတ်ပြန်သည်။

ထိုဆေးဝါးစက်ရုံတွင် အလုပ်သမား ၃၀၀၀ ခန့်အလုပ်အကိုင်ပေးပြီး အခြေခံလစာ ၅ သိန်းပေးမည်ဟု ကုမ္ပဏီက တင်ပြကြောင်း တိုင်းအစိုးရက သတင်းထုတ်ပြန်သည်။

ထိုစက်ရုံကို ပြည်တွင်းလုပ်ငန်းရှင်ကသာရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မြေနေရာကိုလည်း လူနေအိမ်များနှင့် လှမ်းကွာသည့်နေရာတွင်၌ သာလိုအပ်သည်ဟု ကုမ္ပဏီကဆိုသည်။

ထိုသို့မြေတောင်းခြင်းအပေါ် ပဲခူးတိုင်းဝန်ကြီး ဦးဝင်းသိန်းက ပြည်တွင်းရင်းနှီးမြှုပ်နှံဖြစ်၍ ကြိုဆိုသည်ဟုဆိုသည်။ ဆေးဝါးစက်ရုံဖြစ်၍ တိုင်းပြည်အတွက်လည်း ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။ ထိုကြောင့် သင့်တော်သည့် မြေနေရာရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဟုဆိုသည်။

သို့သော် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ ညွှန်ကြားချက် ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

MNO limited သည် ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနတွင် ၂၀၁၅ ခုနှစ်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ၊ မော်တော်ယာဉ်ဆိုင်ရာလုပ်ငန်းများ၊ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများစသည့်ဖြင့် လုပ်ကိုင်သော ကုမ္ပဏီငယ်တစ်ခုဖြစ်သည်။

ပဲခူးတိုင်းသည် အာဆီယံမဲခေါင်စင်္ကနြ့်လမ်းမတွင်တည်ရှိပြီး အာရှလမ်းမကြီးပေါ်တွင်ရှိ၍ လုပ်ငန်းရှင်များက တိုင်းအစိုးရထံ မြေနေရာတောင်းမှုများ အများအပြားရှိသည်။

ပဲခူးတိုင်းအတွင်း အိမ်ရာစီမံကိန်း တည်ဆောက်ရေး Pride Myanmar ကုမ္ပဏီက မြေနေရာသုံးခု တင်ပြတောင်းခံ ထားကြောင်း ပဲခူးတိုင်းအစိုးရ အဖွဲ့က ဇန်နဝါရီ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ကုမ္ပဏီသည် ၂၀၁၉ ဒီဇင်ဘာတွင် ပဲခူးတိုင်း အစိုးရထံတင်ပြခြင်းဖြစ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများအတွက် တင်ပြ ခြင်းဖြစ်သည်။ သို့သော် ကုမ္ပဏီက တင်ပြသည့် မြေနေရာနှင့် မြေ ဧရိယာကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

ပဲခူးတိုင်းအတွင်း နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တစ်ခုတည်ဆောက်ခွင့်ရပါက အလုပ်သမား တစ်သိန်းမှ ခြောက်သိန်းကြား အလုပ်အကိုင် ဖန်တီးပေးမည်ဟု တရုတ်နိုင်ငံ အခြေစိုက် မြန်မာ-ကျဲ့ကျန်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Tu. Guoding က ပဲခူးတိုင်းအစိုးရထံ ၂၀၁၈ တွင် ကမ်းလှမ်းခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

MNO ကုမၸဏီက ေဆးဝါးစက္႐ုံတည္ေဆာက္ရန္ ပဲခူးတိုင္းအစိုးရထံ ေျမေတာင္းခံ

ပဲခူးတိုင္း  တြင္း ေဆးဝါးစက္႐ုံတည္ေဆာက္ရန္အတြက္ MNO limitedမွ တိုင္းအစိုးရထံ ေျမေတာင္းခံေၾကာင္း တိုင္းအစိုးရက သတင္းထုတ္ျပန္သည္။

ထိုေဆးဝါးစက္႐ုံတြင္ အလုပ္သမား ၃၀၀၀ ခန႔္အလုပ္အကိုင္ေပးၿပီး အေျခခံလစာ ၅ သိန္းေပးမည္ဟု ကုမၸဏီက တင္ျပေၾကာင္း တိုင္းအစိုးရက သတင္းထုတ္ျပန္သည္။

ထိုစက္႐ုံကို ျပည္တြင္းလုပ္ငန္းရွင္ကသာရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္ၿပီး ေျမေနရာကိုလည္း လူေနအိမ္မ်ားႏွင့္ လွမ္းကြာသည့္ေနရာတြင္၌ သာလိုအပ္သည္ဟု ကုမၸဏီကဆိုသည္။

ထိုသို႔ေျမေတာင္းျခင္းအေပၚ ပဲခူးတိုင္းဝန္ႀကီး ဦးဝင္းသိန္းက ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံျဖစ္၍ ႀကိဳဆိုသည္ဟုဆိုသည္။ ေဆးဝါးစက္႐ုံျဖစ္၍ တိုင္းျပည္အတြက္လည္း က်န္းမာေရးဆိုင္ရာလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းႏိုင္မည္ျဖစ္သည္ဟု ၎ကဆိုသည္။ ထိုေၾကာင့္ သင့္ေတာ္သည့္ ေျမေနရာရရွိႏိုင္ေရး ကူညီေဆာင္႐ြက္ေပးမည္ဟုဆိုသည္။

သို႔ေသာ္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတို႔၏ ၫႊန္ၾကားခ်က္ ဥပေဒမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ရန္ လိုအပ္မည္ဟု ဝန္ႀကီးခ်ဳပ္ကဆိုသည္။

MNO limited သည္ ကုမၸဏီမ်ားၫြန႔္ၾကားမႈဦးစီးဌာနတြင္ ၂၀၁၅ ခုႏွစ္တြင္ မွတ္ပုံတင္ထားသည့္ ကုမၸဏီတစ္ခုျဖစ္ၿပီး က်န္းမာေရးဆိုင္ရာလုပ္ငန္းမ်ား၊ ေမာ္ေတာ္ယာဥ္ဆိုင္ရာလုပ္ငန္းမ်ား၊ ေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းမ်ားစသည့္ျဖင့္ လုပ္ကိုင္ေသာ ကုမၸဏီငယ္တစ္ခုျဖစ္သည္။

ပဲခူးတိုင္းသည္ အာဆီယံမဲေခါင္စၾကၤန႔္လမ္းမတြင္တည္ရွိၿပီး အာရွလမ္းမႀကီးေပၚတြင္ရွိ၍ လုပ္ငန္းရွင္မ်ားက တိုင္းအစိုးရထံ ေျမေနရာေတာင္းမႈမ်ား အမ်ားအျပားရွိသည္။

ပဲခူးတိုင္းအတြင္း အိမ္ရာစီမံကိန္း တည္ေဆာက္ေရး Pride Myanmar ကုမၸဏီက ေျမေနရာသုံးခု တင္ျပေတာင္းခံ ထားေၾကာင္း ပဲခူးတိုင္းအစိုးရ အဖြဲ႕က ဇန္နဝါရီ ၃၁ ရက္တြင္ သတင္းထုတ္ျပန္သည္။

အဆိုပါ ကုမၸဏီသည္ ၂၀၁၉ ဒီဇင္ဘာတြင္ ပဲခူးတိုင္း အစိုးရထံတင္ျပျခင္းျဖစ္ၿပီး တန္ဖိုးနည္း၊ တန္ဖိုးသင့္ႏွင့္ တန္ဖိုးမွ်တ အိမ္ရာစီမံကိန္းမ်ားအတြက္ တင္ျပ ျခင္းျဖစ္သည္။ သို႔ေသာ္ ကုမၸဏီက တင္ျပသည့္ ေျမေနရာႏွင့္ ေျမ ဧရိယာကိုမူ ထုတ္ျပန္ျခင္းမရွိေပ။

ပဲခူးတိုင္းအတြင္း ႏိုင္ငံတကာအဆင့္မီ စက္မႈဇုန္တစ္ခုတည္ေဆာက္ခြင့္ရပါက အလုပ္သမား တစ္သိန္းမွ ေျခာက္သိန္းၾကား အလုပ္အကိုင္ ဖန္တီးေပးမည္ဟု တ႐ုတ္ႏိုင္ငံ အေျခစိုက္ ျမန္မာ-က်ဲ႕က်န္းကုန္သည္ႀကီးမ်ားအသင္း ဥကၠ႒ Mr. Tu. Guoding က ပဲခူးတိုင္းအစိုးရထံ ၂၀၁၈ တြင္ ကမ္းလွမ္းခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service