Local Property News | Posted by Aye Myat Thu
[Unicode]
ကမ္ဘာ့ရွှေဈေးမြင့်နေသော်လည်း ပြည်တွင်းအခေါက်ရွှေဈေးမှာ ၁၂၂၀၀၀၀ ဝန်းကျင်ခန့်တွင်သာအတက်အကျရှိနေကြောင်း ရွှေဈေးကွက် ရှိဈေးနှုန်းများအရ သိရသည်။
လက်ရှိကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၈၀ ဝန်းကျင်ခန့်ရှိနေပြီး ပြည်တွင်းရွှေဈေးမှာမူ အဝယ်ထက် အရောင်းများကာ ရွှေဈေးကွက်အေးနေသည့်အနေအထားရှိကြောင်း သိရသည်။
ကိုဗစ်ကြောင့် ရွှေဈေးကွက်ပိတ်ထားပြီးနောက်ပိုင်း မေလ တတိယပတ်က ဈေးကွက်ပြန်ဖွင့်ခဲ့ရာတွင် ပြည်တွင်းရွှေဈေးမှာ ယခုဇွန်လကုန်အထိ တစ်သောင်းကျပ်ခန့်အတွင်းသာ အတက်အကျ ရှိနေခဲ့ကြောင်း တွေ့ရသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။