ကျပ်သိန်း ၁၀,၀၀၀ ကျော် ကုန်ကျခံပြုပြင်မွမ်းမံထားသည့် Covid-19 ကုသရေးဌာန (ဖောင်ကြီး)ကို တိုင်းအစိုးသို့ လွှဲပြောင်း - Property News in Myanmar from iMyanmarHouse.com
964 Views

ကျပ်သိန်း ၁၀,၀၀၀ ကျော် ကုန်ကျခံပြုပြင်မွမ်းမံထားသည့် Covid-19 ကုသရေးဌာန (ဖောင်ကြီး)ကို တိုင်းအစိုးသို့ လွှဲပြောင်း

[Unicode]

ဖောင်ကြီးကျေးရွာရှိဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး) ကို Covid-19 ကုသရေးဌာန(ဖောင်ကြီး) အဖြစ်ပြောင်းလဲတည်ဆောက်ပြီးစီး၍ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။

ယင်းသို့ ပြောင်းလဲဆောက်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ပေးအပ်သောကြောင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ ပြီးခဲ့သည့် ဧပြီ ၂ ရက်မှစတင်ကာ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မူလကနဦး စတင်တည်ဆောက်သည့်အချိန်တွင် လူနာဆောင်များအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြု နှင့်ဆေးဖက်ကျွမ်းကျင်ဝန်ထမ်းစုစုပေါင်း ၆၀၀ ဦး နေထိုင်မည့် အဆောင် ၅ ဆောင်အတွက် လျှပ်စစ်မီး၊ ရေနှင့်မိလ္လာစနစ်များ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရောဂါပိုးကူးစက်ခံရသောအတည်ပြုလူနာများအားထားရှိမည့်အထူးကြပ်မတ်ကုသဆောင် (ICU) ၄ ဆောင်အတွက် အဆောက်အဦးနေရာများ ရွေးချယ်ခဲ့ကာအမိုးများအားဖြိုချခြင်း၊ ကြမ်းခင်းနှင့်မျက်နှာကျက်များခွာ၍ ပြုပြင်မွမ်းမံတိုးချဲ့ဆောက်လုပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်နေရာများကို အနီရောင်ဇုန်သတ်မှတ်ထားသည်။

ဆရာဝန်၊ သူနာပြု နှင့်ဆေးဖက်ကျွမ်းကျင် ဝန်ထမ်းများနေထိုင်ကြမည့် အဆောင်နေရာများကို အစိမ်းရောင်ဇုန်နှင့် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းခံရသူများ(Quarantine) ထားရှိမည့် အဆောင်နေရာများအတွက် အဝါရောင်ဇုန်ဖြင့်ခွဲခြားသတ်မှတ်၍ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန်အတွက် ဇုန်အလိုက်စနစ်တကျခြံစည်းရိုးများခတ်ကာရံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

စောင့်ကြပ်ကြည့်ရှုခြင်းခံရသူများနှင့် ကျန်းမာရေးဝန်ထမ်းများနေထိုင်မှု အဆင်ပြေစေရန်အတွက် လူသွားလျှောက်လမ်းခင်းကျင်းဆောင်ရွက်ခြင်း လုပ်ငန်းများအပါအဝင် ပြုပြင်မွမ်းမံတိုးချဲ့ဆောက်လုပ်ထားသည့် အဆောင် ၁၄ ဆောင်စလုံးကို ဆောက်လုပ်ထားသည့်အတွက် လိုအပ်ပါက လူနာ ၂၀၀၀ ဦးဝန်းကျင်အထိထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းလည်း MCEF ထံမှ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service