စွန့်လွှတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်သည့်အခမ်းအနား မြောင်းမြမြို့တွင်ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
561 Views

စွန့်လွှတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်သည့်အခမ်းအနား မြောင်းမြမြို့တွင်ပြုလုပ်

[Unicode]

စွန့်လွှတ်မြေများအား မူလပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်ပေးအပ်သည့်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြ မြို့တွင် ဇွန် ၂၉ ရက်ကပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်တိုင်းဒေသကြီးဝန်ကြီးများတက်ရောက်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံမြေများနှင့်ပတ်သက်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီမှ ချမှတ်ပေးထားသော မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ စိစစ်ဆောင်ရွက်ခဲ့ပြီး စွန့်လွှတ်မြေများအား မူလတောင်သူများထံ သို့ ပြန်လည်ပေးအပ်ခြင်း၊ လျော်ကြေး/နစ်နာကြေးပေးအပ်ခြင်းများကို မူလတောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ အလေအလွင့် မဖြစ်စေရေးနှင့် မှန်မှန်ကန်ကန်ဖြစ်စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး မစွန့်လွှတ်ရသေးသည့် သိမ်းဆည်းခံမြေများကိုလည်း ကော်မတီအသီးသီးက အမြန်ဆုံးစိစစ်ပြီး မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျော်ကြေး/နစ်နာကြေးပေးလျော်ရမည့် ကိစ္စရပ်များကိုလည်း ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

မိမိတို့ လက်ထက်(၄)နှစ်တာကာလအတွင်း သိမ်းဆည်းမြေများအား ပြန်လည်စွန့်လွှတ်ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး မြို့နယ်ပေါင်း (၁၉) မြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စုရှိ တောင်သူပေါင်း(၂၀၅၃)ဦး၊ ဧရိယာ(၁၁၉၅၆.၈၀၉)ဧကကို လုပ်ပိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ ပြီး မြောင်းမြခရိုင်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု(၉)အုပ်စုမှ တောင်သူပေါင်း(၈၁)ဦးထံသို့ စွန့်လွှတ် မြေဧရိယာ(၂၆၃.၈၇)ဧကအား ပေးအပ်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်ဦးလှမိုးအောင်က ပြောထားသည်။

ယင်းနောက် မူလပိုင်ရှင်များလက်ဝယ်သို့ လုပ်ပိုင်ခွင့်ပြုလက်မှတ်ယာယီပုံစံ(၃)များအား ကော်မတီဝင်များနှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စြန္႔လႊတ္ေျမမ်ားအား မူလပိုင္ရွင္မ်ားလက္ဝယ္သို႔ ျပန္လည္ေပးအပ္သည့္အခမ္းအနား ေျမာင္းျမၿမိဳ႕တြင္ျပဳလုပ္

စြန္႔လႊတ္ေျမမ်ားအား မူလပိုင္ရွင္မ်ားလက္ဝယ္သို႔ ျပန္လည္ေပးအပ္သည့္အခမ္းအနားကို ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမခရိုင္၊ ေျမာင္းျမ ၿမိဳ႕တြင္ ဇြန္ ၂၉ ရက္ကျပဳလုပ္ခဲ့ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီးအစိုးရမွ သိရသည္။

အဆိုပါအခမ္းအနားသို႔ တိုင္းေဒသႀကီးလယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီဥကၠ႒၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဦးလွမိုးေအာင္ႏွင့္တိုင္းေဒသႀကီးဝန္ႀကီးမ်ားတက္ေရာက္ခဲ့ၾကၿပီး ေကာ္မတီဥကၠ႒က တိုင္းေဒသႀကီး၊ ခရိုင္၊ ၿမိဳ႕နယ္၊ ရပ္ကြက္/ေက်းရြာအုပ္စု လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ အဆင့္ဆင့္အေနျဖင့္ တိုင္းေဒသႀကီးအတြင္းရွိ သိမ္းဆည္းခံေျမမ်ားႏွင့္ပတ္သက္၍ လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္ စိစစ္ေရး ဗဟိုေကာ္မတီမွ ခ်မွတ္ေပးထားေသာ မူဝါဒလုပ္ငန္းစဥ္မ်ားႏွင့္အညီ စိစစ္ေဆာင္ရြက္ခဲ့ၿပီး စြန္႔လႊတ္ေျမမ်ားအား မူလေတာင္သူမ်ားထံ သို႔ ျပန္လည္ေပးအပ္ျခင္း၊ ေလ်ာ္ေၾကး/နစ္နာေၾကးေပးအပ္ျခင္းမ်ားကို မူလေတာင္သူမ်ား နစ္နာဆုံးရႈံးမႈမရွိေစေရး၊ အေလအလြင့္ မျဖစ္ေစေရးႏွင့္ မွန္မွန္ကန္ကန္ျဖစ္ေစေရးတို႔အတြက္ အေလးထားေဆာင္ရြက္လ်က္ရွိၿပီး မစြန္႔လႊတ္ရေသးသည့္ သိမ္းဆည္းခံေျမမ်ားကိုလည္း ေကာ္မတီအသီးသီးက အျမန္ဆုံးစိစစ္ၿပီး မူလပိုင္ရွင္မ်ားထံ ျပန္လည္ေပးအပ္နိုင္ေရးၾကပ္မတ္ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ေလ်ာ္ေၾကး/နစ္နာေၾကးေပးေလ်ာ္ရမည့္ ကိစၥရပ္မ်ားကိုလည္း ဗဟိုေကာ္မတီမွ ခ်မွတ္ထားေသာ မူဝါဒလုပ္ငန္းစဥ္မ်ားႏွင့္အညီ အျမန္ဆုံးစိစစ္ေဆာင္ရြက္ေပးလ်က္ရွိပါေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ေၾကာင္းသိရသည္။

မိမိတို႔ လက္ထက္(၄)ႏွစ္တာကာလအတြင္း သိမ္းဆည္းေျမမ်ားအား ျပန္လည္စြန္႔လႊတ္ေပးအပ္ျခင္းႏွင့္ ပတ္သက္ၿပီး ၿမိဳ႕နယ္ေပါင္း (၁၉) ၿမိဳ႕နယ္မွ ရပ္ကြက္/ေက်းရြာအုပ္စုရွိ ေတာင္သူေပါင္း(၂၀၅၃)ဦး၊ ဧရိယာ(၁၁၉၅၆.၈၀၉)ဧကကို လုပ္ပိုင္ခြင့္ျပဳလက္မွတ္မ်ား ေပးအပ္နိုင္ခဲ့ ၿပီး ေျမာင္းျမခရိုင္အေနျဖင့္ ရပ္ကြက္/ေက်းရြာအုပ္စု(၉)အုပ္စုမွ ေတာင္သူေပါင္း(၈၁)ဦးထံသို႔ စြန္႔လႊတ္ ေျမဧရိယာ(၂၆၃.၈၇)ဧကအား ေပးအပ္နိုင္ခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္ဦးလွမိုးေအာင္က ေျပာထားသည္။

ယင္းေနာက္ မူလပိုင္ရွင္မ်ားလက္ဝယ္သို႔ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ယာယီပုံစံ(၃)မ်ားအား ေကာ္မတီဝင္မ်ားႏွင့္တာဝန္ရွိသူမ်ားက ေပးအပ္ခဲ့ၾကေၾကာင္း သိရသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service