စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူများနှင့်ပတ်သက်သည့် “ မူလအချိုးသင့် ပိုင်ဆိုင်မှုအစုတန်ဖိုး တွက်ချက်ခြင်းဆိုင်ရာ ညွှန်ကြားချက် ” ကိုထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
1458 Views

စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူများနှင့်ပတ်သက်သည့် “ မူလအချိုးသင့် ပိုင်ဆိုင်မှုအစုတန်ဖိုး တွက်ချက်ခြင်းဆိုင်ရာ ညွှန်ကြားချက် ” ကိုထုတ်ပြန်

[Unicode]

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲလျှက်ရှိသည့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ ပုဒ်မ ၃၉၊ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ “ မူလအချိုးသင့် ပိုင်ဆိုင်မှုအစုတန်ဖိုး တွက်ချက်ခြင်းဆိုင်ရာ ညွှန်ကြားချက် ” ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူများနှင့်သာ သက်ဆိုင်ကြောင်း၊ တည်ထောင်သူသည် စုပေါင်းပိုင် နည်းဥပဒေ ၁၄၊ နည်းဥပဒေခွဲ(ဃ)အရ ကြမ်းခင်ဧရိယာတွက်ချက်ရာတွင် အပြည်ပြည်ဆိုင်ရာအခြေခံပစ္စည်း တိုင်းတာမှုစံနှုန်း(2016 International Property Measurement Standard)နှင့်အညီ တွက်ချက်ရမည်ဖြစ်ကြောင်း၊ တွက်ချက်ရာတွင် ကိန်းပြည့်တန်ဖိုးရရှိစေ ရန် စုပေါင်းပိုင်အဆောက်အအုံအလိုက် ခွဲဝေထားသော အစုရှယ်ယာ တန်ဖိုးကို ၁၀ ဆတိုးကိန်း-ဥပမာ(၁၀၀, ၁၀၀၀, ၁၀၀၀၀ စသည် ဖြင့်) သတ်မှတ်တွက်ချက်ရမည်ဖြစ်ကြောင်း၊ လူနေထိုင်ရန်နှင့် အခြားနည်းအသုံးပြုရန်ရောနှောဆောက်လုပ်ထားသည့်(Mix Used) စုပေါင်းပိုင်အဆောက်အအုံတွင် အိမ်ခန်းအသုံးပြုမှုအလိုက် ထပ်ဆောင်းသတ်မှတ်ကိန်းကို ခွဲဝေထားသော အစုရှယ်ယာ တန်ဖိုး၏ မြှောက်ဖော်ကိန်းအဖြစ် ထည့်သွင်းတွက်ချက်ရမည်ဟုဖော်ပြထားရာ

(က)လူနေအိမ်ခန်းများနှင့်ရုံးခန်းများအတွက် ထပ်ဆောင်းသတ် မှတ်ကိန်း “တစ်”

(ခ)အခြားစီးပွားရေးလုပ်ငန်း အသုံးပြုမှုအတွက် ထပ်ဆောင်းသတ်မှတ်ကိန်း “နှစ်”

အဆိုပါ ဖော်ပြပါနည်းအတိုင်း တွက်ချက်ထားသော မူလအချိုးသင့် ပိုင်ဆိုင်မှုအစုတန်ဖိုးကို (က)စုပေါင်းပိုင်အဆောက်အအုံရှိ စုပေါင်းပိုင်ဆိုင်သူ အားလုံးနှင့် အကျိုးသက်ဆိုင်သည့် စုပေါင်းပိုင်ပစ္စည်းများကို ရေရှည်တည်တံ့ခိုင်မြဲ ထိန်းသိမ်းစောင့်ရှောက်ရန် နည်းဥပဒေ ၇၅၊ နည်းဥပ ဒေခွဲ(ခ)အရ အချိုးကျထည့်ဝင်ရမည့် ရန်ပုံငွေပမာဏကို သတ်မှတ်ခြင်း၊ (ခ)အသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးနှင့် အထူးအစည်းအဝေးများတွင် အသင်းဝင်တစ်ဦးချင်းစီ၏ ဆန္ဒမဲပေးပိုင်ခွင့် ပမာဏကို မူလအချိုးသင့်ပိုင်ဆိုင်မှု အစုတန်ဖိုးနှင့် အညီ သတ်မှတ်ခြင်း၊ (ဂ)စုပေါင်းပိုင်အဆောက်အအုံနှင့် သက်ဆိုင်သည့်အကျိုးအမြတ်များ၊ ရရန်ပိုင်ခွင်များနှင့် ပေးရန်တာဝန်များကို မူလ အချိုးသင့်ပိုင်ဆိုင်မှု အစုတန်ဖိုးနှင့်အညီ အချိုးကျခွဲဝေသတ်မှတ်ခြင်း စသည့်ကိစ္စရပ်များပေါ်ပေါက်သည့်အခါ သုံးစွဲရန်အတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။

တည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ခွင့်ပြုမိန့်အတွက် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရာတွင် မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် (Professional Engineer) သို့မဟုတ် အကြီးတန်းလိုင်စင်ရ ဗိသုကာ(Senior Licensed Architect)တစ်ဦး လက်မှတ်ရေးထိုးထားသော အိမ်ခန်းတစ်ခန်းခြင်းအလိုက် မူလအချိုးသင့်ပိုင်ဆိုင်မှု အစုတန်ဖိုး သတ်မှတ်ချက်ဇယား နှင့် အဆောက်အအုံ၏ ကြမ်းခင်းအလွှာအလိုက် ဧရိယာတွက်ချက်မှုပုံစံ(Components Area Plan)တို့ကို ပူးတွဲ တင်ပြရမည်။ ယင်းသတ်မှတ်ချက်ဇယားကိုပြင်ဆင်လိုပါက ပြင်ဆင်လိုသည့် အကျိုးအကြောင်းဖော်ပြချက်နှင့်တကွ အိမ်ခန်းတစ်ခန်းချင်းအလိုက် ပြင်ဆင် တွက်ချက်ထားသောမူလအချိုးသင့်ပိုင်ဆိုင်မှု အစုတန်ဖိုး သတ်မှတ်ချက်ဇယားအား စီမံခန့်ခွဲရေးကော်မတီမှ အတည်ပြုချက်ပြန်လည် ရယူရမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စုေပါင္းပိုင္အေဆာက္အအုံတည္ေထာင္သူမ်ားႏွင့္ပတ္သက္သည့္ “ မူလအခ်ိဳးသင့္ ပိုင္ဆိုင္မႈအစုတန္ဖိုး တြက္ခ်က္ျခင္းဆိုင္ရာ ၫႊန္ၾကားခ်က္ ” ကိုထုတ္ျပန္

ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ စီမံခန႔္ခြဲလွ်က္ရွိသည့္ စုေပါင္းပိုင္အေဆာက္အအုံဆိုင္ရာ ဥပေဒ ပုဒ္မ ၃၉၊ ပုဒ္မခြဲ (ဂ) အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္ကိုက်င့္သုံး၍ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ “ မူလအခ်ိဳးသင့္ ပိုင္ဆိုင္မႈအစုတန္ဖိုး တြက္ခ်က္ျခင္းဆိုင္ရာ ၫႊန္ၾကားခ်က္ ” ကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဇြန္ ၂၄ ရက္တြင္ ထုတ္ျပန္ထားသည္။

အဆိုပါ ထုတ္ျပန္ခ်က္သည္ စုေပါင္းပိုင္အေဆာက္အအုံတည္ေထာင္သူမ်ားႏွင့္သာ သက္ဆိုင္ေၾကာင္း၊ တည္ေထာင္သူသည္ စုေပါင္းပိုင္ နည္းဥပေဒ ၁၄၊ နည္းဥပေဒခြဲ(ဃ)အရ ၾကမ္းခင္ဧရိယာတြက္ခ်က္ရာတြင္ အျပည္ျပည္ဆိုင္ရာအေျခခံပစၥည္း တိုင္းတာမႈစံႏႈန္း(2016 International Property Measurement Standard)ႏွင့္အညီ တြက္ခ်က္ရမည္ျဖစ္ေၾကာင္း၊ တြက္ခ်က္ရာတြင္ ကိန္းျပည့္တန္ဖိုးရရွိေစ ရန္ စုေပါင္းပိုင္အေဆာက္အအုံအလိုက္ ခြဲေဝထားေသာ အစုရွယ္ယာ တန္ဖိုးကို ၁၀ ဆတိုးကိန္း-ဥပမာ(၁၀၀, ၁၀၀၀, ၁၀၀၀၀ စသည္ ျဖင့္) သတ္မွတ္တြက္ခ်က္ရမည္ျဖစ္ေၾကာင္း၊ လူေနထိုင္ရန္ႏွင့္ အျခားနည္းအသုံးျပဳရန္ေရာေႏွာေဆာက္လုပ္ထားသည့္(Mix Used) စုေပါင္းပိုင္အေဆာက္အအုံတြင္ အိမ္ခန္းအသုံးျပဳမႈအလိုက္ ထပ္ေဆာင္းသတ္မွတ္ကိန္းကို ခြဲေဝထားေသာ အစုရွယ္ယာ တန္ဖိုး၏ ေျမႇာက္ေဖာ္ကိန္းအျဖစ္ ထည့္သြင္းတြက္ခ်က္ရမည္ဟုေဖာ္ျပထားရာ

(က)လူေနအိမ္ခန္းမ်ားႏွင့္႐ုံးခန္းမ်ားအတြက္ ထပ္ေဆာင္းသတ္ မွတ္ကိန္း “တစ္”

(ခ)အျခားစီးပြားေရးလုပ္ငန္း အသုံးျပဳမႈအတြက္ ထပ္ေဆာင္းသတ္မွတ္ကိန္း “ႏွစ္”

အဆိုပါ ေဖာ္ျပပါနည္းအတိုင္း တြက္ခ်က္ထားေသာ မူလအခ်ိဳးသင့္ ပိုင္ဆိုင္မႈအစုတန္ဖိုးကို (က)စုေပါင္းပိုင္အေဆာက္အအုံရွိ စုေပါင္းပိုင္ဆိုင္သူ အားလုံးႏွင့္ အက်ိဳးသက္ဆိုင္သည့္ စုေပါင္းပိုင္ပစၥည္းမ်ားကို ေရရွည္တည္တံ့ခိုင္ၿမဲ ထိန္းသိမ္းေစာင့္ေရွာက္ရန္ နည္းဥပေဒ ၇၅၊ နည္းဥပ ေဒခြဲ(ခ)အရ အခ်ိဳးက်ထည့္ဝင္ရမည့္ ရန္ပုံေငြပမာဏကို သတ္မွတ္ျခင္း၊ (ခ)အသင္း၏ ႏွစ္ပတ္လည္အသင္းသားစုံညီ အစည္းအေဝးႏွင့္ အထူးအစည္းအေဝးမ်ားတြင္ အသင္းဝင္တစ္ဦးခ်င္းစီ၏ ဆႏၵမဲေပးပိုင္ခြင့္ ပမာဏကို မူလအခ်ိဳးသင့္ပိုင္ဆိုင္မႈ အစုတန္ဖိုးႏွင့္ အညီ သတ္မွတ္ျခင္း၊ (ဂ)စုေပါင္းပိုင္အေဆာက္အအုံႏွင့္ သက္ဆိုင္သည့္အက်ိဳးအျမတ္မ်ား၊ ရရန္ပိုင္ခြင္မ်ားႏွင့္ ေပးရန္တာဝန္မ်ားကို မူလ အခ်ိဳးသင့္ပိုင္ဆိုင္မႈ အစုတန္ဖိုးႏွင့္အညီ အခ်ိဳးက်ခြဲေဝသတ္မွတ္ျခင္း စသည့္ကိစၥရပ္မ်ားေပၚေပါက္သည့္အခါ သုံးစြဲရန္အတြက္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

တည္ေထာင္သူသည္ စုေပါင္းပိုင္အေဆာက္အအုံ တည္ေထာင္ခြင့္ျပဳမိန႔္အတြက္ သက္ဆိုင္ရာစီမံခန႔္ခြဲေရးေကာ္မတီသို႔ ေလွ်ာက္ထားရာတြင္ မွတ္ပုံတင္အင္ဂ်င္နီယာပညာရွင္ (Professional Engineer) သို႔မဟုတ္ အႀကီးတန္းလိုင္စင္ရ ဗိသုကာ(Senior Licensed Architect)တစ္ဦး လက္မွတ္ေရးထိုးထားေသာ အိမ္ခန္းတစ္ခန္းျခင္းအလိုက္ မူလအခ်ိဳးသင့္ပိုင္ဆိုင္မႈ အစုတန္ဖိုး သတ္မွတ္ခ်က္ဇယား ႏွင့္ အေဆာက္အအုံ၏ ၾကမ္းခင္းအလႊာအလိုက္ ဧရိယာတြက္ခ်က္မႈပုံစံ(Components Area Plan)တို႔ကို ပူးတြဲ တင္ျပရမည္။ ယင္းသတ္မွတ္ခ်က္ဇယားကိုျပင္ဆင္လိုပါက ျပင္ဆင္လိုသည့္ အက်ိဳးအေၾကာင္းေဖာ္ျပခ်က္ႏွင့္တကြ အိမ္ခန္းတစ္ခန္းခ်င္းအလိုက္ ျပင္ဆင္ တြက္ခ်က္ထားေသာမူလအခ်ိဳးသင့္ပိုင္ဆိုင္မႈ အစုတန္ဖိုး သတ္မွတ္ခ်က္ဇယားအား စီမံခန႔္ခြဲေရးေကာ္မတီမွ အတည္ျပဳခ်က္ျပန္လည္ ရယူရမည္ျဖစ္ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service