မြန်မာ့ပို့ကုန်ကဏ္ဍသည် ယခင်ကထက် အဆများစွာပိုပို့ခဲ့နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား - Property News in Myanmar from iMyanmarHouse.com
1182 Views

မြန်မာ့ပို့ကုန်ကဏ္ဍသည် ယခင်ကထက် အဆများစွာပိုပို့ခဲ့နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား

[Unicode]

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးက ဇွန် ၂၄ ရက်က စတုတ္ထ  ၁နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားစဉ်တွင် ပို့ကုန်၃ဆတိုးရမည်ဆိုသော ရည်မှန်းကြိုးပမ်းချက်ကြောင့် မြန်မာ့ ပို့ကုန်ကဏ္ဍသည် ယခင်ကထက် အဆများစွာ ပိုပို့ခဲ့နိုင်ကြောင်း၊ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ဘီလီယံချီကျသွားခဲ့ကြောင်း ပြောထားသည်။

ဒုတိယဝန်ကြီးက စတုတ္ထ (၁) နှစ်တာကာလ ကုန်စည်တွေတင်ပို့မှုတွင် တိုးတက်မှုတွေ ရရှိခဲ့ပြီး ဆန်တင်ပို့မှုအနေဖြင့် တစ်နှစ်ကို ဆန်တန်ချိန် ၂ သန်း အထက် တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ၂ ဒသမ ၅ သန်းလောက်အထိ တင်ပို့နိုင်ဖို့ရှိကြောင်း၊ဈေးကွက်အသစ် အနေဖြင့် ဖိလစ်ပိုင် နှင့်မလေးရှားနိုင်ငံတို့သို့လည်းရောင်းချဖို့စီစဉ်ထားကြောင်း၊

ပြောင်းသီးနှံအနေဖြင့် တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံသို့ ပိုမိုတိုးချဲ့ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကတန်ချိန် ၁ ဒသမ ၅၃ သန်း တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် တန်ချိန် ၁ ဒသမ ၇၈ သန်းတင်ပို့နိုင်ခဲ့ကြောင်း ၊လက်ရှိ ပြည်တွင်း၌ပြောင်းလိုအပ်ချက်တိုးလာသဖြင့် ပြောင်းတင်ပို့မှုကို ခေတ္တရပ်ထားရကြောင်း၊ပဲမျိုးစုံတင်ပို့မှုတွင် အိန္ဒိယနိုင်ငံအပြင် တရုတ်ဝယ်အားလည်း တက်လာခြင်းကြောင့် ( ၂ဝ၁၈-၁၉) ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၁ ဒသမ ၆၄ သန်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရရှိခဲ့ကြောင်း၊

ပြီးခဲ့သည့်နှစ်တွင် ကျွဲ၊ နွား အရှင် ကောင်ရေ ၅သိန်း လောက် အထိ တင်ပို့နိုင်ခဲ့ပြီး တရုတ်ဝယ်လိုအားရှိခြင်းကြောင့်ထပ်ပြီးတက်လာစ ရာရှိကြောင်း၊ ရေထွက်ပို့ကုန်တင်ပို့မှုမှ ပြီးခဲ့သော နှစ်တွင် ကန်ဒေါ်လာ သန်း ၇ဝဝ တင်ပို့နိုင်ခဲ့ပြီး၊ သစ်သီးဝလံ၊ အထည်ချုပ်ကဏ္ဍနှင့် စက်မှုကုန်ချောကဏ္ဍတို့၏ ပို့ကုန်တန်ဖိုးတို့ပါ ယခင်ကထက် ပိုများလာကြောင်း ၊စက်မှုနှင့်အထည်ချုပ်လုပ်ငန်းကဏ္ဍမှ ပို့ကုန်ဝင်ငွေက အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၅ ဘီလီယံခန့် ရှိကြောင်း၊ယင်းပမာဏသည် ယခင်ကာလနှင့်နှိုင်းယှဉ်လျှင် ၁ဝ ဆလောက်တက်လာ ကြောင်း ၊ကိုဗစ်မဖြစ်လျှင် အထည်ချုပ်ကဏ္ဍကနေ ၁ဝ ဘီလီယံလောက်ထိ မျှော်မှန်းထား ကြောင်း၊ပို့ကုန်ပိုင်းအနေဖြင့် အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ဝန်းကျင်ရှိ၍ ကုန်သွယ်မှုလိုငွေ လည်း ကျဆင်းခဲ့ကြောင်း၊ ယခင်က ကုန်သွယ်မှုလိုငွေသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထက်မှာ ရှိခဲ့ပြီး ၂၀၁၈ - ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ နီးပါးလောက် ကျဆင်းလာသည်ကိုတွေ့ရကြောင်း စတုတ္ထ ၄ နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းဒုဝန်ကြီးက ရှင်းပြသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service