ကိုဗစ်ချေးငွေသက်တမ်းမှာ တစ်နှစ်ဖြစ်၍ ချေးငွေ ပြန်မဆပ်နိုင်ခဲ့ပါက လုပ်ငန်းများပြိုလဲသွားမည်ကို စိုးရိမ် - Property News in Myanmar from iMyanmarHouse.com
926 Views

ကိုဗစ်ချေးငွေသက်တမ်းမှာ တစ်နှစ်ဖြစ်၍ ချေးငွေ ပြန်မဆပ်နိုင်ခဲ့ပါက လုပ်ငန်းများပြိုလဲသွားမည်ကို စိုးရိမ်

[Unicode]

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် COVID -19 နှင့် ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း ၍ ဇွန် ၂၃ ရက်က လုပ်ငန်းရှင်များက အပြန်အလှန်ဆွေးနွေးစဉ်တွင် ကိုဗစ်ချေးငွေသက် တမ်းမှာ တစ်နှစ်ဖြစ်၍ ချေးငွေ ပြန်မဆပ်နိုင်ခဲ့ပါက လုပ်ငန်းများပြိုလဲသွားမည်ကို စိုးရိမ်သည့်လုပ်ငန်းများရှိကြောင်း SME လုပ်ငန်းရှင် ဒေါ်သက်စုဌေးက ပြောထားသည်။

ကိုဗစ်ချေးငွေသက်တမ်းမှာ တစ်နှစ်အတွင်း ပြန်ဆပ်ရမည် ဖြစ်သည့်အတွက် အချို့ SME လုပ်ငန်းရှင်များသည် မိမိတို့၏ လုပ်ငန်းများ မည်သည့်အချိန်တွင် ပုံမှန်လည်ပတ်နိုင်မည်ကို မသိရှိကြသည့်အတွက် မလျှောက်ရဲကြပါကြောင်း၊ အကယ်၍ လုပ်ငန်းပြန်မလည်ပတ်နိုင်ဘဲ ချေးငွေ ပြန်မဆပ်နိုင်ခဲ့ပါက လုပ်ငန်းများပြိုလဲသွားမည်ကို စိုးရိမ်သည့်အတွက် ချေးငွေလျှောက်ချင်သော်လည်း မလျှောက်ဖြစ် ခဲ့သည့် လုပ်ငန်းရှင်များရှိသည် ကိုလည်း ကြားသိရပါကြောင်းSME လုပ်ငန်းရှင် ဒေါ်သက်စုဌေးက နိုင်ငံတော်၏အတိုင်ပင်ခံနှင့် အပြန်အလှန်ဆွေးနွေးမှုတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် JICA two steps loan ချေးငွေနှင့်ပတ်သက်၍လည်း ယင်း JICA two steps loan ချေးငွေမှာ ဘဏ်များမှ သတ်မှတ်ပေး ထားသည့် Criteria များသည့်အတွက် အမှန်တကယ်လုပ်ကိုင်နေသည့် အငယ်စား SME လုပ်ငန်းရှင်များမှာ ယင်းချေးငွေအား မျှော်မှန်း၍ မရပါကြောင်း၊ လုပ်ငန်းခိုင်ခိုင်မာမာရှိသည့် လုပ်ငန်းကြီး များသာရရှိကြောင်းပြောထားသည်။

အာမခံပစ္စည်းပေးရန် မလိုသည့် CGI ချေးငွေ မှာ သိန်း ၂ဝဝ အများဆုံးဖြစ်ကာ လုပ်ငန်းလည်ပတ်ရန် ယင်းပမာဏဖြင့် မည်သို့မျှ မဖြစ်နိုင်သည့်အတွက် လျှောက်ချင်သော်လည်း လျှောက်၍မရသည့် လုပ်ငန်းရှင်များ ရှိပါကြောင်း၊ သတ်မှတ်ထားသည့် အိမ်ဂရန်များကို မပြနိုင်သည့်အတွက် SME ချေးငွေ လျှောက်မရသည့် လုပ်ငန်းရှင်များ ရှိနေကြောင်း၊FDA လျှောက်ရာတွင်လည်း ကိုယ်ပိုင်အိမ်၊ မြေနှင့် အဆောက်အဦ ခိုင်ခိုင်မာမာ ရှိရမည်ဖြစ်ပြီး ကိုယ်ပိုင်မြေမရှိသည့် အချို့လုပ်ငန်းရှင်များမှာ လျှောက်ထားနိုင်ခြင်း မရှိကြောင်းတင်ပြထားပြီး SME လုပ်ငန်းများတွင် အဓိကလိုအပ်နေသည်မှာ ငွေကြေးအပြင် နည်းပညာဖြစ်ပြီး နိုင်ငံတော် အစိုးရအနေ ဖြင့် SME လုပ်ငန်းများ ကြုံတွေ့နေရသည့် အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်း ဆွေးနွေးတင်ပြထားသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုဗစ္ေခ်းေငြသက္တမ္းမွာ တစ္ႏွစ္ျဖစ္၍ ေခ်းေငြ ျပန္မဆပ္နိုင္ခဲ့ပါက လုပ္ငန္းမ်ားၿပိဳလဲသြားမည္ကို စိုးရိမ္

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ COVID -19 ႏွင့္ ကုန္သြယ္ေရးက႑အေပၚ သက္ေရာက္မႈမ်ားႏွင့္ စပ္လ်ဥ္း ၍ ဇြန္ ၂၃ ရက္က လုပ္ငန္းရွင္မ်ားက အျပန္အလွန္ေဆြးေႏြးစဥ္တြင္ ကိုဗစ္ေခ်းေငြသက္ တမ္းမွာ တစ္ႏွစ္ျဖစ္၍ ေခ်းေငြ ျပန္မဆပ္နိုင္ခဲ့ပါက လုပ္ငန္းမ်ားၿပိဳလဲသြားမည္ကို စိုးရိမ္သည့္လုပ္ငန္းမ်ားရွိေၾကာင္း SME လုပ္ငန္းရွင္ ေဒၚသက္စုေဌးက ေျပာထားသည္။

ကိုဗစ္ေခ်းေငြသက္တမ္းမွာ တစ္ႏွစ္အတြင္း ျပန္ဆပ္ရမည္ ျဖစ္သည့္အတြက္ အခ်ိဳ႕ SME လုပ္ငန္းရွင္မ်ားသည္ မိမိတို႔၏ လုပ္ငန္းမ်ား မည္သည့္အခ်ိန္တြင္ ပုံမွန္လည္ပတ္နိုင္မည္ကို မသိရွိၾကသည့္အတြက္ မေလၽွာက္ရဲၾကပါေၾကာင္း၊ အကယ္၍ လုပ္ငန္းျပန္မလည္ပတ္နိုင္ဘဲ ေခ်းေငြ ျပန္မဆပ္နိုင္ခဲ့ပါက လုပ္ငန္းမ်ားၿပိဳလဲသြားမည္ကို စိုးရိမ္သည့္အတြက္ ေခ်းေငြေလၽွာက္ခ်င္ေသာ္လည္း မေလၽွာက္ျဖစ္ ခဲ့သည့္ လုပ္ငန္းရွင္မ်ားရွိသည္ ကိုလည္း ၾကားသိရပါေၾကာင္းSME လုပ္ငန္းရွင္ ေဒၚသက္စုေဌးက ႏိုင္ငံေတာ္၏အတိုင္ပင္ခံႏွင့္ အျပန္အလွန္ေဆြးေႏြးမႈတြင္ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ JICA two steps loan ေခ်းေငြႏွင့္ပတ္သက္၍လည္း ယင္း JICA two steps loan ေခ်းေငြမွာ ဘဏ္မ်ားမွ သတ္မွတ္ေပး ထားသည့္ Criteria မ်ားသည့္အတြက္ အမွန္တကယ္လုပ္ကိုင္ေနသည့္ အငယ္စား SME လုပ္ငန္းရွင္မ်ားမွာ ယင္းေခ်းေငြအား ေမၽွာ္မွန္း၍ မရပါေၾကာင္း၊ လုပ္ငန္းခိုင္ခိုင္မာမာရွိသည့္ လုပ္ငန္းႀကီး မ်ားသာရရွိေၾကာင္းေျပာထားသည္။

အာမခံပစၥည္းေပးရန္ မလိုသည့္ CGI ေခ်းေငြ မွာ သိန္း ၂ဝဝ အမ်ားဆုံးျဖစ္ကာ လုပ္ငန္းလည္ပတ္ရန္ ယင္းပမာဏျဖင့္ မည္သို႔မၽွ မျဖစ္နိုင္သည့္အတြက္ ေလၽွာက္ခ်င္ေသာ္လည္း ေလၽွာက္၍မရသည့္ လုပ္ငန္းရွင္မ်ား ရွိပါေၾကာင္း၊ သတ္မွတ္ထားသည့္ အိမ္ဂရန္မ်ားကို မျပနိုင္သည့္အတြက္ SME ေခ်းေငြ ေလၽွာက္မရသည့္ လုပ္ငန္းရွင္မ်ား ရွိေနေၾကာင္း၊FDA ေလၽွာက္ရာတြင္လည္း ကိုယ္ပိုင္အိမ္၊ ေျမႏွင့္ အေဆာက္အဦ ခိုင္ခိုင္မာမာ ရွိရမည္ျဖစ္ၿပီး ကိုယ္ပိုင္ေျမမရွိသည့္ အခ်ိဳ႕လုပ္ငန္းရွင္မ်ားမွာ ေလၽွာက္ထားနိုင္ျခင္း မရွိေၾကာင္းတင္ျပထားၿပီး SME လုပ္ငန္းမ်ားတြင္ အဓိကလိုအပ္ေနသည္မွာ ေငြေၾကးအျပင္ နည္းပညာျဖစ္ၿပီး နိုင္ငံေတာ္ အစိုးရအေန ျဖင့္ SME လုပ္ငန္းမ်ား ၾကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားအား ကူညီေျဖရွင္းေပးနိုင္ပါရန္ ေမတၱာရပ္ခံလိုပါေၾကာင္း ေဆြးေႏြးတင္ျပထားသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service