နေပြည်တော်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအိမ်ရာ ဝယ်ယူခွင့်ရရှိသူများ ဇွန် ၂၉ တွင် သတ်မှတ်အခန်းတန်ဖိုး စတင်ပေးသွင်းခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
2790 Views

နေပြည်တော်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအိမ်ရာ ဝယ်ယူခွင့်ရရှိသူများ ဇွန် ၂၉ တွင် သတ်မှတ်အခန်းတန်ဖိုး စတင်ပေးသွင်းခွင့်ပြု

[Unicode]

အငြိမ်းစားဝန်ထမ်းအားလုံး လျှောက်ထားနိုင်သည့် နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအိမ်ရာဝယ်ယူခွင့်ရရှိသူများသည် သတ်မှတ်ထားသည့် အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ယခုလ ၂၉ ရက်တွင်စတင်ပေးသွင်းရမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါအိမ်ရာများကို ဇွန်လ ၁ ရက် ကစတင်လျှောက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အငြိမ်းစားဝန်ထမ်းများနှင့် ၂၀၂၀ တွင် အငြိမ်စားယူမည့် ဝန်ထမ်းများအထိ လျှောက်ထားနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အိမ်ရာများကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက် မြို့မဈေးအနီးတွင်ဆောက်လုပ်ထားခြင်းဖြစ်ပြီး အခန်းပေါင်း ၃၀၀၀ အနက်မှ ပထမအဆင့် တိုက် ၃၉ လုံးရှိ အထပ် ၄ထပ်ရှိ အခန်းပေါင်း ၆၂၄ ခန်းကို စတင်ရောင်းချခြင်းဖြစ်သည်။

အခန်းအကျယ် ၆၅၀ စတုရန်းပေ ရှိပြီးအိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းနှင့် ထမင်းစားခန်းတွဲလျက်၊ မီးဖိုချောင်၊ ရေချိုးခန်းအိမ်သာတစ်စုံ စသဖြင့် ပါဝင်သည့်လေးခန်းတွဲ၊ လေးထပ်တိုက်များဖြစ်သည်။

မြေဧရိယာ ဧက ၇၀ ခန့်တွင် အခန်း ၃၀၀၀ ကျော် တည်ဆောက်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားနိုင်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါတိုက်ခန်းများသည် အခန်းတန်ဖိုးအားဖြင့် ကျပ်သိန်း ၂၂၀ မှ အထပ်အလိုက် သိန်း ၂၅၀ အထိ တစ်ထပ်လျှင် ၁၀သိန်း လျော့ဖြင့်သတ်မှတ်ထားပြီး ၃၀ ရာခိုင်နှုန်း ကနဦးပေးသွင်းငွေဖြင့် ကျန်ငွေများကို ဗဟိုဘဏ်ကသတ်မှတ်ထားသည့် ဘဏ်ချေးငွေနှုန်းထားအတိုင်း ၅ နှစ်မှ ၁၀ နှစ်အထိ အရစ်ကျပေးသွင်းရမည်ဖြစ်သည်။

ကနဦးပေးသွင်းငွေများကို လာမည့် စက်တင်ဘာ ၃၀ ရက်နေ့နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ပေးချေမှု မရှိသူများကို အခန်းဝယ်ယူခွင့်လျှောက်လွှာစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေနျပည္ေတာ္ႏိုင္ငံ့ဝန္ထမ္းအၿငိမ္းစားမ်ားအိမ္ရာ ဝယ္ယူခြင့္ရရွိသူမ်ား ဇြန္ ၂၉ တြင္ သတ္မွတ္အခန္းတန္ဖိုး စတင္ေပးသြင္းခြင့္ျပဳ

အၿငိမ္းစားဝန္ထမ္းအားလုံး ေလွ်ာက္ထားႏိုင္သည့္ ေနျပည္ေတာ္ရွိ ႏိုင္ငံ့ဝန္ထမ္းအၿငိမ္းစားမ်ားအိမ္ရာဝယ္ယူခြင့္ရရွိသူမ်ားသည္ သတ္မွတ္ထားသည့္ အခန္းတန္ဖိုး၏ ၃၀ ရာခိုင္ႏႈန္းကို ယခုလ ၂၉ ရက္တြင္စတင္ေပးသြင္းရမည္ျဖစ္ေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

အဆိုပါအိမ္ရာမ်ားကို ဇြန္လ ၁ ရက္ ကစတင္ေလွ်ာက္ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တြင္ အၿငိမ္းစားဝန္ထမ္းမ်ားႏွင့္ ၂၀၂၀ တြင္ အၿငိမ္စားယူမည့္ ဝန္ထမ္းမ်ားအထိ ေလွ်ာက္ထားႏိုင္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အိမ္ရာမ်ားကို ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္၊ သုခသိဒၶိရပ္ကြက္ ၿမိဳ႕မေစ်းအနီးတြင္ေဆာက္လုပ္ထားျခင္းျဖစ္ၿပီး အခန္းေပါင္း ၃၀၀၀ အနက္မွ ပထမအဆင့္ တိုက္ ၃၉ လုံးရွိ အထပ္ ၄ထပ္ရွိ အခန္းေပါင္း ၆၂၄ ခန္းကို စတင္ေရာင္းခ်ျခင္းျဖစ္သည္။

အခန္းအက်ယ္ ၆၅၀ စတုရန္းေပ ရွိၿပီးအိပ္ခန္းႏွစ္ခန္း၊ ဧည့္ခန္းႏွင့္ ထမင္းစားခန္းတြဲလ်က္၊ မီးဖိုေခ်ာင္၊ ေရခ်ိဳးခန္းအိမ္သာတစ္စုံ စသျဖင့္ ပါဝင္သည့္ေလးခန္းတြဲ၊ ေလးထပ္တိုက္မ်ားျဖစ္သည္။

ေျမဧရိယာ ဧက ၇၀ ခန႔္တြင္ အခန္း ၃၀၀၀ ေက်ာ္ တည္ေဆာက္သြားမည္ျဖစ္ၿပီး ဇြန္ ၁ ရက္ေန႔မွ ၃၀ ရက္ေန႔အထိ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ ေလွ်ာက္ထားႏိုင္ေၾကာင္းေဆာက္လုပ္ေရးဝန္ႀကီးဌာနထံမွ သိရသည္။

အဆိုပါ တိုက္ခန္းမ်ားသည္ အခန္းတန္ဖိုးအားျဖင့္ က်ပ္သိန္း ၂၂၀ မွ အထပ္အလိုက္ သိန္း ၂၅၀ အထိ တစ္ထပ္လွ်င္ ၁၀သိန္း ေလ်ာ့ျဖင့္သတ္မွတ္ထားၿပီး ၃၀ ရာခိုင္ႏႈန္း ကနဦးေပးသြင္းေငြျဖင့္ က်န္ေငြမ်ားကို ဗဟိုဘဏ္ကသတ္မွတ္ထားသည့္ ဘဏ္ေခ်းေငြႏႈန္းထားအတိုင္း ၅ ႏွစ္မွ ၁၀ ႏွစ္အထိ အရစ္က်ေပးသြင္းရမည္ျဖစ္သည္။

ကနဦးေပးသြင္းေငြမ်ားကို လာမည့္ စက္တင္ဘာ ၃၀ ရက္ေန႔ေနာက္ဆုံးထားေပးသြင္းရမည္ျဖစ္ၿပီး သတ္မွတ္ရက္အတြင္း လာေရာက္ေပးေခ်မႈ မရွိသူမ်ားကို အခန္းဝယ္ယူခြင့္ေလွ်ာက္လႊာစာရင္းမွ ပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service