ကျေးရွာ ၁၇၀၀ ကို ၄၂ ဘီလီယံ ထောက်ပံ့မယ် - Property News in Myanmar from iMyanmarHouse.com
632 Views

ကျေးရွာ ၁၇၀၀ ကို ၄၂ ဘီလီယံ ထောက်ပံ့မယ်

[Unicode]

တိုင်းနဲ့ပြည်နယ်အားလုံးက ကျေးရွာပေါင်း ၁၇၀၀ ကို စိုက်ပျိူးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန က ကျပ် ၄၂ ဘီလီယံ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်မှာ Covid-၁၉ ကြောင့်လယ်ယာစိုက်ပျိူးရေးကဏ္ဍအပေါ်သက်ရောက်မှုစီမံကိန်းနဲ့ပက်သတ်ပြီး ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့တာပါ။

ကိုဗစ်ကြောင့် လယ်ယာစိုက်ပျိူးရေးကဏ္ဍမှာ ပြည်ပတင်ပို့ ဈေးကွက်မရှိတော့တာကြောင့် တောင်သူလယ်သမားအများစုဟာ ငွေကြေးကျပ်တည်းမှုနဲ့ ကြုံတွေ့နေရတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့တာပါ။

ဒါကြောင့် လယ်ယာကဏ္ဍကို ပံ့ပိုးနိုင်ဖို့ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတွေ လုပ်ဆောင်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ပြောကြားခဲ့တာပါ။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအဖြစ် အိမ်ခြေ ၅၀ အောက်ရှိတဲ့ကျေးရွာကို သိန်း ၁၀၀ အိမ်ခြေ ၅၀ နဲ့ ၁၀၀ကြားကို သိန်း၂၀၀နဲ့ အိမ်ခြေ ၁၀၀ အထက်ကိုသိန်း ၃၀၀ ထောက်ပံ့သွားမှာဖြစ်ပြီး ဒီပမာဏဟာ တစ်နိုင်ငံလုံးအတွက် ၄၂ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။

“ လက်ရှိတောင်သူတွေကအကျပ်တည်းဆုံးဖြစ်နေတာပါ ဈေးကွက်မရှိအလုပ်မရှိနဲ့ဒီနှစ် သီးနှံရာသီ အစိုးရကထောက်ပံ့ပေးဖို့ အခုလိုပြင်ဆင်ထားတာပါ “လို့ ဒေါက်တာအောင်သူကပြောပါတယ်။

စိုက်ပျိူးရေးသီးနှံတွေဟာ သိုလှောင်ထိန်းသိမ်းနိုင်မှုနည်းပညာ အခြေခံအဆောက်အအုံအားနည်းနေမှုကြောင့်လည်းပိုပိုပြီး အကျပ်အတည်းတွေ့နေရတယ်လို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။

ဒုတိယကူညီမှုအနေနဲ့ မြို့နယ်ပေါင်း၂၈၀ကျော် ဧကတစ်သိန်းကျော်အတွက် စပါးမျိူးစေ့ တွေ ဖြန့်ဝေသွားမှာဖြစ်ပြီး၁၄ ဒသမ ၉၁ ဘီလီယံထောက်ပံ့ပေးဖို့စက်တင်ဘာလကုန်အထိဆောင်ရွက်သွားမယ်လို့ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီစီမံကိန်းတွေကို သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းအပြီးသတ်ဆောင်ရွက်ဖို့လိုပြီး ရေတိုရေရှည်အတွက်ပါကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ပြောကြားခဲ့တာပါ။

“မြန်မြန်နဲ့မှန်မှန်လုပ်ဖို့လိုမယ် အချိန်ကာလတစ်ခုသိစေဖို့လဲ ပြည်သူတွေကိုထုတ်ပြန်ကြေငြာထားတာမျိူးတွေလုပ်ရမယ် ဒါမှလည်း အများပြည်သူကသိရှိမှာဖြစ်တယ်” လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]


တိုင်းနဲ့ပြည်နယ်အားလုံးက ကျေးရွာပေါင်း ၁၇၀၀ ကို စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနက ကျပ် ၄၂ ဘီလီယံ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်မှာ Covid-၁၉ ကြောင့်လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ်သက်ရောက်မှုစီမံကိန်းနဲ့ပက်သတ်ပြီး ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့တာပါ။

ကိုဗစ်ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ပြည်ပတင်ပို့ ဈေးကွက်မရှိတော့တာကြောင့် တောင်သူလယ်သမားအများစုဟာ ငွေကြေးကျပ်တည်းမှုနဲ့ ကြုံတွေ့နေရတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့တာပါ။




စိုက်ပျိုးရေးသီးနှံတွေဟာ သိုလှောင်ထိန်းသိမ်းနိုင်မှုနည်းပညာ အခြေခံအဆောက်အအုံအားနည်းနေမှုကြောင့်လည်းပိုပိုပြီး အကျပ်အတည်းတွေ့နေရတယ်လို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။

ဒုတိယကူညီမှုအနေနဲ့ မြို့နယ်ပေါင်း၂၈၀ကျော် ဧကတစ်သိန်းကျော်အတွက် စပါးမျိုးစေ့ တွေ ဖြန့်ဝေသွားမှာဖြစ်ပြီး၁၄ ဒသမ ၉၁ ဘီလီယံထောက်ပံ့ပေးဖို့စက်တင်ဘာလကုန်အထိဆောင်ရွက်သွားမယ်လို့ပြောပါတယ်။


“မြန်မြန်နဲ့မှန်မှန်လုပ်ဖို့လိုမယ် အချိန်ကာလတစ်ခုသိစေဖို့လဲ ပြည်သူတွေကိုထုတ်ပြန်ကြေငြာထားတာမျိုးတွေလုပ်ရမယ် ဒါမှလည်း အများပြည်သူကသိရှိမှာဖြစ်တယ်” လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုပါတယ်။



 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service