လယ်ယာမြေများကိုဒဏ်ကြေးကောက်ပြီး အခြားနည်းလမ်းအသုံးပြုရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
1979 Views

လယ်ယာမြေများကိုဒဏ်ကြေးကောက်ပြီး အခြားနည်းလမ်းအသုံးပြုရန် စီစဉ်

[Unicode]

ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေများကို ဒဏ်ကြေး ငွေကောက်ခံပြီး အခြားနည်းလမ်းသုံးစွဲခွင့်ပြုပေးရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ဇွန်လ ၁၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် တိုင်းဒေသကြီးအတွင်း လယ်ယာ၊ သားငါးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် အသင်းအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဗီဒီယိုကွန်ဖ ရင့်ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က ပြောကြားခြင်းဖြစ်သည်။

ရန်ကုန်တိုင်း အတွင်းရှိ လယ်မြေများကို ဒေသပေါက်ဈေးရာဖြတ်သတ်မှတ်ပြီး သတ်မှတ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ဒဏ် ကြေးပေးဆောင်ခြင်းဖြင့် တရားဝင်အခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။

ထိုကဲ့သို့ လယ်ယာမြေကို အခြားနည်းလမ်း သုံးစွဲခွင့်ပြုမည့် အစီအစဉ်က စက်သုံးဆီဆိုင်ဖွင့် လှစ်ရောင်းချလိုသူများ၊ ဂိုဒေါင်တည်ဆောက်ရင်းနှီးမြှုပ်နှံလိုသူများ၊ အိမ်ရာစီမံကိန်း ရင်းနှီးမြှုပ်နှံလိုသူများအတွက် အဆင်ပြေ ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့ကပြောသည်။

ရန်ကုန်တိုင်းတွင် လယ်ယာ မြေများကို အခြားနည်းလမ်းသုံးစွဲရန်အတွက် ဝယ်ယူရင်းနှီးမြှုပ်နှံ မှုများရှိနေသည်။ မှော်ဘီမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် လယ်မြေများကို တစ်ဧကလျှင် ကျပ်သိန်း ၅၀ ဈေးဖွင့်ပြီး ဝယ်ယူမှု များရှိသည်။

မိုးရာသီတွင်သာ စပါးစိုက်ပျိုးနိုင်ပြီး အထွက်နှုန်းနည်းသဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ဝယ်ယူရာတွင် လယ်ဧက၂၀ ကို ရောင်းချခဲ့သည်ဟု မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာအုပ်စု လယ်သမား ဦးဆန်းတင်က ပြော သည်။

ရန်ကုန်တိုင်းအစိုးရသည် လယ်မြေများကို အခြားနည်းလမ်းသုံးစွဲခွင့် လန(၃၉) ချထားပေးခြင်းကို ရပ်ဆိုင်းထားခဲ့သည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မထိခိုက်စေရန် လယ်မြေများကို အခြားနည်းလမ်း သုံးစွဲခွင့်မပြု ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန် ကြီးချုပ်က ပြောကြားထားသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

လယ္ယာေျမမ်ားကိုဒဏ္ေၾကးေကာက္ၿပီး အျခားနည္းလမ္းအသံုးျပဳရန္ စီစဥ္

ရန္ကုန္တိုင္းအတြင္းရွိ လယ္ယာေျမမ်ားကို ဒဏ္ေၾကး ေငြေကာက္ခံၿပီး အျခားနည္းလမ္းသုံးစြဲခြင့္ျပဳေပးရန္ စီစဥ္ေနသည္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားေၾကာင္း ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးဝင္းၾကိဳင္က ေျပာသည္။

ဇြန္လ ၁၇ ရက္က ျပဳလုပ္သည့္ ရန္ကုန္တိုင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီႏွင့္ တိုင္းေဒသႀကီးအတြင္း လယ္ယာ၊ သားငါးက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံေဆာင္႐ြက္ေနသည့္ အသင္းအဖြဲ႕မ်ားႏွင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ား ဗီဒီယိုကြန္ဖ ရင့္ေဆြးေႏြးပြဲတြင္ ဝန္ႀကီးခ်ဳပ္က ေျပာၾကားျခင္းျဖစ္သည္။

ရန္ကုန္တိုင္း အတြင္းရွိ လယ္ေျမမ်ားကို ေဒသေပါက္ေဈးရာျဖတ္သတ္မွတ္ၿပီး သတ္မွတ္တန္ဖိုး၏ ၃၀ ရာခိုင္ႏႈန္း ဒဏ္ ေၾကးေပးေဆာင္ျခင္းျဖင့္ တရားဝင္အျခားလုပ္ငန္းမ်ားကို ေျပာင္းလဲလုပ္ကိုင္ခြင့္ျပဳမည္ျဖစ္သည္။

ထိုကဲ့သို႔ လယ္ယာေျမကို အျခားနည္းလမ္း သုံးစြဲခြင့္ျပဳမည့္ အစီအစဥ္က စက္သုံးဆီဆိုင္ဖြင့္ လွစ္ေရာင္းခ်လိုသူမ်ား၊ ဂိုေဒါင္တည္ေဆာက္ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ား၊ အိမ္ရာစီမံကိန္း ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ားအတြက္ အဆင္ေျပ ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ အခ်ိဳ႕ကေျပာသည္။

ရန္ကုန္တိုင္းတြင္ လယ္ယာ ေျမမ်ားကို အျခားနည္းလမ္းသုံးစြဲရန္အတြက္ ဝယ္ယူရင္းႏွီးျမႇဳပ္ႏွံ မႈမ်ားရွိေနသည္။ ေမွာ္ဘီၿမိဳ႕နယ္ အတြင္းရွိ ေက်း႐ြာအခ်ိဳ႕တြင္ လယ္ေျမမ်ားကို တစ္ဧကလွ်င္ က်ပ္သိန္း ၅၀ ေဈးဖြင့္ၿပီး ဝယ္ယူမႈ မ်ားရွိသည္။

မိုးရာသီတြင္သာ စပါးစိုက္ပ်ိဳးႏိုင္ၿပီး အထြက္ႏႈန္းနည္းသျဖင့္ ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ား လာေရာက္ဝယ္ယူရာတြင္ လယ္ဧက၂၀ ကို ေရာင္းခ်ခဲ့သည္ဟု ေမွာ္ဘီၿမိဳ႕နယ္ ဝါးနက္ေခ်ာင္းေက်း႐ြာအုပ္စု လယ္သမား ဦးဆန္းတင္က ေျပာ သည္။

ရန္ကုန္တိုင္းအစိုးရသည္ လယ္ေျမမ်ားကို အျခားနည္းလမ္းသုံးစြဲခြင့္ လန(၃၉) ခ်ထားေပးျခင္းကို ရပ္ဆိုင္းထားခဲ့သည္။ ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္မႈ မထိခိုက္ေစရန္ လယ္ေျမမ်ားကို အျခားနည္းလမ္း သုံးစြဲခြင့္မျပဳ ျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းဝန္ ႀကီးခ်ဳပ္က ေျပာၾကားထားသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service