အိမ်ခြံမြေအငှားဈေးကွက် ကိုဗစ်ကာလအကြပ်အတည်းကြောင့် ငှားရမ်းမှုပုံစံအများစုပြောင်းလာ - Property News in Myanmar from iMyanmarHouse.com
917 Views

အိမ်ခြံမြေအငှားဈေးကွက် ကိုဗစ်ကာလအကြပ်အတည်းကြောင့် ငှားရမ်းမှုပုံစံအများစုပြောင်းလာ

[Unicode]

အိမ်ခြံမြေအငှားဈေးကွက်သည် ဝါဝင်ကာလနီးကပ်လာသည်နှင့်အမျှ အားကောင်းလျက်ရှိပြီး ငှားရမ်းမှုပုံစံမှာလည်းကိုဗစ်ကာလအကြပ်အတည်းကြောင့် ပြောင်းလဲလာခဲ့ကြောင်း အိမ် ခြံ မြေ အကျိုးဆောင်အသိုင်းအဝိုင်းမှ သိရသည်။

ယခုနှစ် အိမ်အငှား ဈေးကွက်သည် ကိုဗစ်ကာလအတွင်းဖြစ်သော်လည်း ယခင်နှစ်များနည်းတူ အားကောင်းဆဲဖြစ်ကြောင်း သိရသည်။သို့သော်ငှားရမ်းမှုပုံစံမှာ ယခင်နှစ်များက နှစ်ချုပ်များဖြင့် ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါ လချုပ်များဖြင့် အိမ်ရှင် ၊ အိမ်ငှား နှစ်ဖက်ညှိနှိုင်းကာ ဆောင်ရွက်လာကြကြောင်းသိရသည်။ထိုသို့ပြုလုပ်လာကြခြင်းမှာ ကိုဗစ်ကာလအတွင်း ငွေကြေးကြပ်တည်းမှုကို အပြန်အလှန်နားလည်မှုဖြင့် ထိန်းကျောင်းခြင်းဖြစ်ကြောင်းလည်း သိရသည်။

"""ဘယ်လိုပြောရမလဲဆိုရင် အတင်းကြီး နှစ်ချုပ်မှ နှစ်ချုပ်ဆိုတာမျိုးကျတော့ ပြေလည်တဲ့သူတွေရှိသလို မပြေလည်တဲ့သူတွေလည်းရှိတယ်လေ။ဒီကာလမှာ ခုလိုနှစ်ဖက်ညှိနှိုင်းပြီး ခြောက်လချုပ်လောက်ကျတော့လည်း တော်တော်အဆင်ပြေတယ်။ဈေးကွက်လည်းပိုဖြစ်တာပေါ့။"""ဟု အောင်စည်ဟိန်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူကပြောသည်။

လက်ရှိ အိမ် ခြံ မြေ အငှားဈေးကွက်မှာ နေရာစုံတွင် အဖြစ်များနေပြီး ဝါဝင်ကာလမရောက်မီအထိ အငှားလိုက်နိုင်ကြောင်းသိရသည်။ရန်ကုန်မြို့တွင်း ဧရိယာများအပြင် ဒဂုံလေးမြို့နယ်ကဲ့သို့သောနေရာများတွင်လည်း ငှားရမ်းနေထိုင်မှု အားကောင်းလာကြောင်းသိရသည်။ရွေးချယ်ငှားရမ်းသည့် ဈေးနှုန်းအများစုမှာ ၁၅၀၀၀၀ ကျပ်မှစတင်ပြီး ၂၅၀၀၀၀ ကျပ် နှုန်းထားများမှာ အငှားအလိုက်ဆုံးဖြစ်ကြောင်း သိရသည်။

"""အခုက ဒဂုံလေးမြို့နယ်က အရင်လိုမဟုတ်တော့ဘူးလေများသောအားဖြင့် မြောက်ဒဂုံဆို လမ်းတွေအကုန်က လမ်းအကျယ်ကြီးတွေဖြစ်လာပြီ။နောက်ပြီး သွားလာရေးကလည်းအရင်လို မခက်ခဲတော့ဘဲ လွယ်ကူလာကြပြီဆိုတော့ တစ်ချို့နာမည်ကြီး ကုမ္ပဏီတွေတောင်ဒီဘက်ကို ကြည့်လာ ၊ ငှားလာကြတယ်။မြေတန်ဖိုးစကတော့ ထိုက်သင့်သလောက် နှုန်းထားမှာပဲရှိနေသေးတာကြောင့်လည်း လမ်းမတန်းမြေနေရာကျယ်တွေ ၊ ထောင့်ကွက်တွေ ငှားရမ်းမှုရှိကြတယ်။ဈေးကတော့ သိန်း ၂၀ ပတ်လည်လောက်နဲ့သွားကြတယ်။"""ဟု အောင်စည်ဟိန်းအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူက ဆက်လက်ပြောပြသည်။

ကိုဗစ်ကာလအတွင်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်သည် ဘဏ်တိုးနှုန်းလျှော့ချမှုနှင့် အပြိုင် အရောင်းအဝယ်ပြန်လည်ဖြစ်ထွန်းလျက်ရှိသည်။နေထိုင်ရန်ဝယ်ယူသူများသည် သိန်း ၅၀၀ မှ သိန်းတစ်ထောင်ကြား မြေကွက်များကို ဝယ်ယူကြပြီး ရင်းနှီးမြုပ်နှံရန်အတွက် ဝယ်ယူကြသူများမှာမူ ယခင်ကဲ့သို့ နေရာစုံတွင် အကွက်များများဝယ်ယူခြင်းမပြုလုပ်ပဲ နေရာကောင်းတွင်တစ်ကွက်ကောင်းရွေးချယ်ဝယ်ယူသည့် ပုံစံမျိုးပြုလုပ်လျက်ရှိကြောင်းသိရသည်။

 

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ၿခံေျမအငွားေဈးကြက္ ကိုဗစ္ကာလအၾကပ္အတည္းေၾကာင့္ ငွားရမ္းမႈပုံစံအမ်ားစုေျပာင္းလာ

 

အိမ္ၿခံေျမအငွားေဈးကြက္သည္ ဝါဝင္ကာလနီးကပ္လာသည္ႏွင့္အမွ် အားေကာင္းလ်က္ရွိၿပီး ငွားရမ္းမႈပုံစံမွာလည္းကိုဗစ္ကာလအၾကပ္အတည္းေၾကာင့္ ေျပာင္းလဲလာခဲ့ေၾကာင္း အိမ္ ၿခံ ေျမ အက်ိဳးေဆာင္အသိုင္းအဝိုင္းမွ သိရသည္။

ယခုႏွစ္ အိမ္အငွား ေဈးကြက္သည္ ကိုဗစ္ကာလအတြင္းျဖစ္ေသာ္လည္း ယခင္ႏွစ္မ်ားနည္းတူ အားေကာင္းဆဲျဖစ္ေၾကာင္း သိရသည္။သို႔ေသာ္ငွားရမ္းမႈပုံစံမွာ ယခင္ႏွစ္မ်ားက ႏွစ္ခ်ဳပ္မ်ားျဖင့္ ျပဳလုပ္ခဲ့ၾကေသာ္လည္း ယခုအခါ လခ်ဳပ္မ်ားျဖင့္ အိမ္ရွင္ ၊ အိမ္ငွား ႏွစ္ဖက္ညႇိႏႈိင္းကာ ေဆာင္႐ြက္လာၾကေၾကာင္းသိရသည္။ထိုသို႔ျပဳလုပ္လာၾကျခင္းမွာ ကိုဗစ္ကာလအတြင္း ေငြေၾကးၾကပ္တည္းမႈကို အျပန္အလွန္နားလည္မႈျဖင့္ ထိန္းေက်ာင္းျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

"""ဘယ္လိုေျပာရမလဲဆိုရင္ အတင္းႀကီး ႏွစ္ခ်ဳပ္မွ ႏွစ္ခ်ဳပ္ဆိုတာမ်ိဳးက်ေတာ့ ေျပလည္တဲ့သူေတြရွိသလို မေျပလည္တဲ့သူေတြလည္းရွိတယ္ေလ။ဒီကာလမွာ ခုလိုႏွစ္ဖက္ညႇိႏႈိင္းၿပီး ေျခာက္လခ်ဳပ္ေလာက္က်ေတာ့လည္း ေတာ္ေတာ္အဆင္ေျပတယ္။ေဈးကြက္လည္းပိုျဖစ္တာေပါ့။"""ဟု ေအာင္စည္ဟိန္းအိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းတာဝန္ရွိသူကေျပာသည္။

လက္ရွိ အိမ္ ၿခံ ေျမ အငွားေဈးကြက္မွာ ေနရာစုံတြင္ အျဖစ္မ်ားေနၿပီး ဝါဝင္ကာလမေရာက္မီအထိ အငွားလိုက္ႏိုင္ေၾကာင္းသိရသည္။ရန္ကုန္ၿမိဳ႕တြင္း ဧရိယာမ်ားအျပင္ ဒဂုံေလးၿမိဳ႕နယ္ကဲ့သို႔ေသာေနရာမ်ားတြင္လည္း ငွားရမ္းေနထိုင္မႈ အားေကာင္းလာေၾကာင္းသိရသည္။ေ႐ြးခ်ယ္ငွားရမ္းသည့္ ေဈးႏႈန္းအမ်ားစုမွာ ၁၅၀၀၀၀ က်ပ္မွစတင္ၿပီး ၂၅၀၀၀၀ က်ပ္ ႏႈန္းထားမ်ားမွာ အငွားအလိုက္ဆုံးျဖစ္ေၾကာင္း သိရသည္။

"""အခုက ဒဂုံေလးၿမိဳ႕နယ္က အရင္လိုမဟုတ္ေတာ့ဘူးေလမ်ားေသာအားျဖင့္ ေျမာက္ဒဂုံဆို လမ္းေတြအကုန္က လမ္းအက်ယ္ႀကီးေတြျဖစ္လာၿပီ။ေနာက္ၿပီး သြားလာေရးကလည္းအရင္လို မခက္ခဲေတာ့ဘဲ လြယ္ကူလာၾကၿပီဆိုေတာ့ တစ္ခ်ိဳ႕နာမည္ႀကီး ကုမၸဏီေတြေတာင္ဒီဘက္ကို ၾကည့္လာ ၊ ငွားလာၾကတယ္။ေျမတန္ဖိုးစကေတာ့ ထိုက္သင့္သေလာက္ ႏႈန္းထားမွာပဲရွိေနေသးတာေၾကာင့္လည္း လမ္းမတန္းေျမေနရာက်ယ္ေတြ ၊ ေထာင့္ကြက္ေတြ ငွားရမ္းမႈရွိၾကတယ္။ေဈးကေတာ့ သိန္း ၂၀ ပတ္လည္ေလာက္နဲ႔သြားၾကတယ္။"""ဟု ေအာင္စည္ဟိန္းအက်ိဳးေဆာင္လုပ္ငန္းမွ တာဝန္ရွိသူက ဆက္လက္ေျပာျပသည္။

ကိုဗစ္ကာလအတြင္း ျပည္တြင္းအိမ္ၿခံေျမေဈးကြက္သည္ ဘဏ္တိုးႏႈန္းေလွ်ာ့ခ်မႈႏွင့္ အၿပိဳင္ အေရာင္းအဝယ္ျပန္လည္ျဖစ္ထြန္းလ်က္ရွိသည္။ေနထိုင္ရန္ဝယ္ယူသူမ်ားသည္ သိန္း ၅၀၀ မွ သိန္းတစ္ေထာင္ၾကား ေျမကြက္မ်ားကို ဝယ္ယူၾကၿပီး ရင္းႏွီးျမဳပ္ႏွံရန္အတြက္ ဝယ္ယူၾကသူမ်ားမွာမူ ယခင္ကဲ့သို႔ ေနရာစုံတြင္ အကြက္မ်ားမ်ားဝယ္ယူျခင္းမျပဳလုပ္ပဲ ေနရာေကာင္းတြင္တစ္ကြက္ေကာင္းေ႐ြးခ်ယ္ဝယ္ယူသည့္ ပုံစံမ်ိဳးျပဳလုပ္လ်က္ရွိေၾကာင္းသိရသည္။

 

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service