ကိုဗစ်ကာလဖြစ်သော်လည်း မြောက်ဒဂုံမြို့နယ်တွင် အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုများပြားကာ ဈေးအနည်းငယ်လှုပ်ခတ်လာ - Property News in Myanmar from iMyanmarHouse.com
1603 Views

ကိုဗစ်ကာလဖြစ်သော်လည်း မြောက်ဒဂုံမြို့နယ်တွင် အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုများပြားကာ ဈေးအနည်းငယ်လှုပ်ခတ်လာ

[Unicode]

ကိုဗစ်ကာလဖြစ်သော်လည်း မြောက်ဒဂုံမြို့နယ်တွင် အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုများပြားကာ ဈေးအနည်းငယ်လှုပ်ခတ်လျက်ရှိကြောင်း ဒဂုံလေးမြို့နယ်အခြေစိုက်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သည့် အောင်စည်ဟိန်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူက ပြောပြသည်။

လက်ရှိ မြောက်ဒဂုံမြို့နယ်တွင် လာရောက်ဝယ်ယူမှုများပြားသော တန်ဖိုးနှုန်းထားများမှာ  သိန်း ၈၀၀ ဝန်းကျင်မှ သိန်း ၁၀၀၀ ဝန်းကျင်ကြား မြေကွက်များကိုလာရောက်ဝယ်ယူသူများပြားကြောင်းသိရသည်။ ဝယ်ယူသူအများစုမှာ နေထိုင်ရန်အတွက် ဝယ်ယူမှုပြုလုပ်လာကြခြင်းဖြစ်ပြီး မြေကွက်ပြန်လည်ဝယ်ယူမှုများပြားလာရခြင်းမှာ ဘဏ်တိုးနှုန်းလျှော့ချမှုကြောင့် မြေယာကဏ္ဍသို့ စီးဝင်လာသည့်သဘောပင်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“ လာဝယ်တဲ့သူတွေက နေဖို့အတွက်ဝယ်ကြတာတွေ များတယ်။ တစ်ချို့ကျတော့လည်း ရင်းနှီးမြုပ်နှံဖို့ဝယ်တာတွေရှိတယ်။ ဘယ်လိုပုံစံတွေစိတ်ဝင်စားလဲဆိုတော့ မြောက်ဒဂုံမှာဆိုရင် ပင်လုံကျောကပ်တွေ ၊ ပင်လုံတည့်ပေါက်လိုနေရာတွေမှာ အမေးများသလို အရောင်းအဝယ်လည်းဖြစ်တယ်။ နောက်ပြီး ဒီကာလမှာဖြစ်ခဲ့တာတွေက သိန်း ၅၀၀ ကစတာတွေလည်းရှိတယ်။ မြောက်ဒဂုံ ၄၉ ရပ်ကွက်ဘက်မှာဆို သိန်း ၅၀၀ လောက်နဲ့ရတဲ့အကွက်တွေရှိတယ်လေ။ ဖြစ်တာကတော့ နေရာစုံပါပဲ။ မြုပ်နှံဖို့ဝယ်တဲ့သူတွေကျတော့ အရင်လို အကွက်တိုင်းဝယ်တာမဟုတ်တော့ဘူး။ နေရာရွေးလာတယ်။ သေချာမယ့်နေရာကောင်းလောက်ကိုပဲ ဝယ်ပြီး စောင့်ကြတယ် ”ဟု အောင်စည်ဟိန်းအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။

ဝယ်ယူမှုပြန်လည်သွက်လက်လာသည်နှင့်အတူ ယခုရက်ပိုင်းအတွင်း အချို့မြေကွက်များမှာ ဈေးနှုန်းတန်ဖိုးတက်လာကြောင်းလည်းသိရသည်။ မြောက်ဒဂုံမြို့နယ် ကျောင်းလမ်းလမ်းမကြီးအတွင်း ဝယ်ယူရန် စိတ်ဝင်စားမှုမှာလည်း အတန်ငယ်မြင့်တက်လျက်ရှိပြီး ယင်းနေရာအတွင်း မြေကွက်များမှာ သိန်း ငါးဆယ်မှ တစ်ရာကြား ရက်ပိုင်းအတွင်းမြင့်တက်လာခဲ့ကြောင်း ဒဂုံလေးမြို့နယ်အခြေစိုက် အကျိုးဆောင်များက ပြောသည်။

လက်ရှိတွင် နေထိုင်ရန်ဝယ်ယူကြသူများအပြင်  ဝယ်-ဆောက်-ရောင်း ပြုလုပ်သူများမှာလည်း များပြားလာခဲ့ပြီး ၎င်းဈေးကွက်မှာလည်းဖြစ်ထွန်းလာကြောင်း သိရသည်။ “ ဝယ်တယ် ပြီးရင် ပြန်ဆောက်တယ်။ ပြီးမှ ပြန်ရောင်းတာပေါ့နော်။ ဒီပုံစံကလည်း ဒီနောက်ပိုင်းမှာ တော်တော်လေးဖြစ်လာတယ်။ သူတို့ကျတော့ ဈေးကွက်ထဲကိုယ်တိုင်ဆင်းပြီး ကြည့်ပြီး ဝယ်တယ်။ ပြီးတာနဲ့ စိတ်ကြိုက်ပြင်ပြီးတော့ အချိန်စောင့်ပြီးရောင်းကြတာ။ သိန်းတစ်ထောင်ပတ်လည်နှုန်းထားတွေနဲ့အသွားများတာပေါ့ ”ဟု ၎င်းပုဂ္ဂိုလ်က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုဗစ္ကာလျဖစ္ေသာ္လည္း ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ အိမ္ၿခံေျမ ေဈးကြက္အတြင္း အေရာင္းအဝယ္ျဖစ္မႈမ်ားျပားကာ ေဈးအနည္းငယ္လႈပ္ခတ္လာ

ကိုဗစ္ကာလျဖစ္ေသာ္လည္း ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ အိမ္ၿခံေျမ ေဈးကြက္အတြင္း အေရာင္းအဝယ္ျဖစ္မႈမ်ားျပားကာ ေဈးအနည္းငယ္လႈပ္ခတ္လ်က္ရွိေၾကာင္း ဒဂုံေလးၿမိဳ႕နယ္အေျခစိုက္အိမ္ၿခံေျမအက်ိဳးေဆာင္တစ္ဦးျဖစ္သည့္ ေအာင္စည္ဟိန္းအိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းမွ တာဝန္ရွိသူက ေျပာျပသည္။

လက္ရွိ ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ လာေရာက္ဝယ္ယူမႈမ်ားျပားေသာ တန္ဖိုးႏႈန္းထားမ်ားမွာ သိန္း ၈၀၀ ဝန္းက်င္မွ သိန္း ၁၀၀၀ ဝန္းက်င္ၾကား ေျမကြက္မ်ားကိုလာေရာက္ဝယ္ယူသူမ်ားျပားေၾကာင္းသိရသည္။ ဝယ္ယူသူအမ်ားစုမွာ ေနထိုင္ရန္အတြက္ ဝယ္ယူမႈျပဳလုပ္လာၾကျခင္းျဖစ္ၿပီး ေျမကြက္ျပန္လည္ဝယ္ယူမႈမ်ားျပားလာရျခင္းမွာ ဘဏ္တိုးႏႈန္းေလွ်ာ့ခ်မႈေၾကာင့္ ေျမယာက႑သို႔ စီးဝင္လာသည့္သေဘာပင္ျဖစ္ေၾကာင္း ၎က သုံးသပ္ေျပာဆိုသည္။

“ လာဝယ္တဲ့သူေတြက ေနဖို႔အတြက္ဝယ္ၾကတာေတြ မ်ားတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း ရင္းႏွီးျမဳပ္ႏွံဖို႔ဝယ္တာေတြရွိတယ္။ ဘယ္လိုပုံစံေတြစိတ္ဝင္စားလဲဆိုေတာ့ ေျမာက္ဒဂုံမွာဆိုရင္ ပင္လုံေက်ာကပ္ေတြ ၊ ပင္လုံတည့္ေပါက္လိုေနရာေတြမွာ အေမးမ်ားသလို အေရာင္းအဝယ္လည္းျဖစ္တယ္။ ေနာက္ၿပီး ဒီကာလမွာျဖစ္ခဲ့တာေတြက သိန္း ၅၀၀ ကစတာေတြလည္းရွိတယ္။ ေျမာက္ဒဂုံ ၄၉ ရပ္ကြက္ဘက္မွာဆို သိန္း ၅၀၀ ေလာက္နဲ႔ရတဲ့အကြက္ေတြရွိတယ္ေလ။ ျဖစ္တာကေတာ့ ေနရာစုံပါပဲ။ ျမဳပ္ႏွံဖို႔ဝယ္တဲ့သူေတြက်ေတာ့ အရင္လို အကြက္တိုင္းဝယ္တာမဟုတ္ေတာ့ဘူး။ ေနရာေ႐ြးလာတယ္။ ေသခ်ာမယ့္ေနရာေကာင္းေလာက္ကိုပဲ ဝယ္ၿပီး ေစာင့္ၾကတယ္ ”ဟု ေအာင္စည္ဟိန္းအက်ိဳးေဆာင္လုပ္ငန္းမွ တာဝန္ရွိသူက ေျပာသည္။

ဝယ္ယူမႈျပန္လည္သြက္လက္လာသည္ႏွင့္အတူ ယခုရက္ပိုင္းအတြင္း အခ်ိဳ႕ေျမကြက္မ်ားမွာ ေဈးႏႈန္းတန္ဖိုးတက္လာေၾကာင္းလည္းသိရသည္။ ေျမာက္ဒဂုံၿမိဳ႕နယ္ ေက်ာင္းလမ္းလမ္းမႀကီးအတြင္း ဝယ္ယူရန္ စိတ္ဝင္စားမႈမွာလည္း အတန္ငယ္ျမင့္တက္လ်က္ရွိၿပီး ယင္းေနရာအတြင္း ေျမကြက္မ်ားမွာ သိန္း ငါးဆယ္မွ တစ္ရာၾကား ရက္ပိုင္းအတြင္းျမင့္တက္လာခဲ့ေၾကာင္း ဒဂုံေလးၿမိဳ႕နယ္အေျခစိုက္ အက်ိဳးေဆာင္မ်ားက ေျပာသည္။

လက္ရွိတြင္ ေနထိုင္ရန္ဝယ္ယူၾကသူမ်ားအျပင္  ဝယ္-ေဆာက္-ေရာင္း ျပဳလုပ္သူမ်ားမွာလည္း မ်ားျပားလာခဲ့ၿပီး ၎ေဈးကြက္မွာလည္းျဖစ္ထြန္းလာေၾကာင္း သိရသည္။ “ ဝယ္တယ္ ၿပီးရင္ ျပန္ေဆာက္တယ္။ ၿပီးမွ ျပန္ေရာင္းတာေပါ့ေနာ္။ ဒီပုံစံကလည္း ဒီေနာက္ပိုင္းမွာ ေတာ္ေတာ္ေလးျဖစ္လာတယ္။ သူတို႔က်ေတာ့ ေဈးကြက္ထဲကိုယ္တိုင္ဆင္းၿပီး ၾကည့္ၿပီး ဝယ္တယ္။ ၿပီးတာနဲ႔ စိတ္ႀကိဳက္ျပင္ၿပီးေတာ့ အခ်ိန္ေစာင့္ၿပီးေရာင္းၾကတာ။ သိန္းတစ္ေထာင္ပတ္လည္ႏႈန္းထားေတြနဲ႔အသြားမ်ားတာေပါ့ ”ဟု ၎ပုဂၢိဳလ္က ဆက္လက္ေျပာဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service