COVID-19 တိုက်ချက်ရေးအတွက် အမေရိကန်က မြန်မာကို ဒေါ်လာလေးသန်း ထပ်မံပေးအပ် - Property News in Myanmar from iMyanmarHouse.com
586 Views

COVID-19 တိုက်ချက်ရေးအတွက် အမေရိကန်က မြန်မာကို ဒေါ်လာလေးသန်း ထပ်မံပေးအပ်

[Unicode]

မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာလေးသန်း ထပ်မံပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဇွန် ၁၇ ရက်တွင်ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ တုံ့ပြန် တိုက်ဖျက်ရေးအတွက် စုစုပေါင်းဒေါ်လာ ၁၃ခွဲ သန်းရှိပြီဖြစ်သည်ဟု ဆိုသည်။

ထိုငွေကြေးကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီသည် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေအစီအစဉ်ကတစ်ဆင့် မြန်မာပြည်သူများကို ပေးအပ်မည်ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ကိုဗစ်–၁၉ တုံ့ပြန်တိုက်ဖျက်ရေးအတွက် ပေးအပ်တဲ့ ဒီအမေရိကန်အကူအညီ ဒေါ်လာ ၁၃ခွဲ သန်းဟာ နိုင်ငံတစ်ဝန်းကျန်းမာရေးကဏ္ဍအတွက် ကျွန်တော်တို့ရဲ့ ရေရှည်ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်တာဖြစ်ပါတယ်။ အခုအကူအညီဟာ ကျန်းမာရေးကဏ္ဍအတွက် ပေးအပ်ခဲ့တဲ့ ဒေါ်လာ ၁၇၆ သန်းအပါအဝင် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံအတွက် ကာလရှည်ကြာ အကူအညီအနေနဲ့ ပေးအပ်ခဲ့မှု စုစုပေါင်း ဒေါ်လာ ၁ဒသမ ၃ ဘီလျံအပြင် ထပ်ပြီးပေးတာ ဖြစ်ပါတယ်” ဟု အမေရိကန်သံရုံးယာယီတာဝန်ခံ ဂျော့ချ်ဆစ်ဘလီ ကပြောပါသည်။

၂၀၂၀ မတ် ၆ ရက်တွင် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က အလွယ်တကူ ကူးစက်တတ်သောရောဂါများအတွက် အရေးပေါ်သီးသန့်ရန်ပုံငွေထဲမှမြန်မာနိုင်ငံအပါအဝင် COVID-19 ဒဏ်ခံရသောနိုင်ငံ ၂၅ ခုသို့ ဒေါ်လာ ၃၇ သန်း အကူအညီပေးသွားမည်ဟုဆိုသည်။

ထိုထဲမှ တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးပစ္စည်းများက မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများကို ရောဂါကူးစက်မခံရအောင် အကာအကွယ်ပေးမည်ဖြစ်သလို အအေးမိပြီး တုပ်ကွေးလက္ခဏာ ပြနေသော သံသယလူနာများကိုလည်း အချိန်တိုအတွင်း စစ်ဆေးပေးနိုင်မည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက USAID မှတစ်ဆင့် PPE များကို လှူဒါန်းရာတွင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၃၀,၀၀၀၊ မျက်နှာအကာ ၁,၅၀၀၊ မျက်နှာစည်း ၁,၅၀၀၊ ဝတ်ရုံအစုံ ၁,၅၀၀၊ ဖိနပ်ဖုံး ၁,၅၀၀နှင့် မျက်ကာမျက်မှန် ၁,၀၀၀ ပါဝင်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် ကျန်းမာရေးရလဒ်ကောင်းများ ထွက်ပေါ်လာရေး အတွက် စီမံကိန်းအတော်များများကို မြန်မာအစိုးရနှင့်ရော မြန်မာပြည်သူများနှင့်ပါ နီးနီးကပ်ကပ် မိတ်ဖက်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။ အဆိုပါ စီမံကိန်းများတွင် မိခင်နှင့် ကလေးသူငယ် ကျန်းမာရေးနှင့် ကူးစက်ရောဂါများကို ကာကွယ်တားဆီးရန် ကြိုးစားဆောင်ရွက်ခြင်းများ ပါဝင်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 တိုက္ခ်က္ေရးအတြက္ အေမရိကန္က ျမန္မာကို ေဒၚလာေလးသန္း ထပ္မံေပးအပ္

ျမန္မာႏိုင္ငံအတြင္း ကိုဗစ္–၁၉ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ တိုက္ဖ်က္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုက ေဒၚလာေလးသန္း ထပ္မံေပးအပ္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာအေမရိကန္သံ႐ုံးက ဇြန္ ၁၇ ရက္တြင္ထုတ္ျပန္သည္။

အေမရိကန္ႏိုင္ငံက ျမန္မာႏိုင္ငံအတြင္း ကိုဗစ္–၁၉ တုံ႔ျပန္ တိုက္ဖ်က္ေရးအတြက္ စုစုေပါင္းေဒၚလာ ၁၃ခြဲ သန္းရွိၿပီျဖစ္သည္ဟု ဆိုသည္။

ထိုေငြေၾကးကို အေမရိကန္ ႏိုင္ငံတကာ ဖြံ႕ၿဖိဳးေရးေအဂ်င္စီသည္ က်န္းမာေရးေစာင့္ေရွာက္မႈ လက္လွမ္းမီရရွိေရးရန္ပုံေငြအစီအစဥ္ကတစ္ဆင့္ ျမန္မာျပည္သူမ်ားကို ေပးအပ္မည္ျဖစ္သည္။

“ျမန္မာႏိုင္ငံရဲ႕ ကိုဗစ္–၁၉ တုံ႔ျပန္တိုက္ဖ်က္ေရးအတြက္ ေပးအပ္တဲ့ ဒီအေမရိကန္အကူအညီ ေဒၚလာ ၁၃ခြဲ သန္းဟာ ႏိုင္ငံတစ္ဝန္းက်န္းမာေရးက႑အတြက္ ကြၽန္ေတာ္တို႔ရဲ႕ ေရရွည္ပူးေပါင္း ေဆာင္႐ြက္မႈကို အားျဖည့္တာျဖစ္ပါတယ္။ အခုအကူအညီဟာ က်န္းမာေရးက႑အတြက္ ေပးအပ္ခဲ့တဲ့ ေဒၚလာ ၁၇၆ သန္းအပါအဝင္ လြန္ခဲ့တဲ့ႏွစ္ႏွစ္ဆယ္အတြင္း ျမန္မာႏိုင္ငံအတြက္ ကာလရွည္ၾကာ အကူအညီအေနနဲ႔ ေပးအပ္ခဲ့မႈ စုစုေပါင္း ေဒၚလာ ၁ဒသမ ၃ ဘီလ်ံအျပင္ ထပ္ၿပီးေပးတာ ျဖစ္ပါတယ္” ဟု အေမရိကန္သံ႐ုံးယာယီတာဝန္ခံ ေဂ်ာ့ခ်္ဆစ္ဘလီ ကေျပာပါသည္။

၂၀၂၀ မတ္ ၆ ရက္တြင္ အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီ (USAID) က အလြယ္တကူ ကူးစက္တတ္ေသာေရာဂါမ်ားအတြက္ အေရးေပၚသီးသန္႔ရန္ပုံေငြထဲမွျမန္မာႏိုင္ငံအပါအဝင္ COVID-19 ဒဏ္ခံရေသာႏိုင္ငံ ၂၅ ခုသို႔ ေဒၚလာ ၃၇ သန္း အကူအညီေပးသြားမည္ဟုဆိုသည္။

ထိုထဲမွ တစ္ကိုယ္ေရသုံးေရာဂါကာကြယ္ေရးပစၥည္းမ်ားက ျမန္မာႏိုင္ငံရွိ က်န္းမာေရးဝန္ထမ္းမ်ားကို ေရာဂါကူးစက္မခံရေအာင္ အကာအကြယ္ေပးမည္ျဖစ္သလို အေအးမိၿပီး တုပ္ေကြးလကၡဏာ ျပေနေသာ သံသယလူနာမ်ားကိုလည္း အခ်ိန္တိုအတြင္း စစ္ေဆးေပးႏိုင္မည္ ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုက USAID မွတစ္ဆင့္ PPE မ်ားကို လႉဒါန္းရာတြင္ ခြဲစိတ္ခန္းသုံးႏွာေခါင္းစည္း ၃၀,၀၀၀၊ မ်က္ႏွာအကာ ၁,၅၀၀၊ မ်က္ႏွာစည္း ၁,၅၀၀၊ ဝတ္႐ုံအစုံ ၁,၅၀၀၊ ဖိနပ္ဖုံး ၁,၅၀၀ႏွင့္ မ်က္ကာမ်က္မွန္ ၁,၀၀၀ ပါဝင္သည္။

အေမရိကန္ျပည္ေထာင္စုသည္ ျမန္မာႏိုင္ငံတြင္ က်န္းမာေရးရလဒ္ေကာင္းမ်ား ထြက္ေပၚလာေရး အတြက္ စီမံကိန္းအေတာ္မ်ားမ်ားကို ျမန္မာအစိုးရႏွင့္ေရာ ျမန္မာျပည္သူမ်ားႏွင့္ပါ နီးနီးကပ္ကပ္ မိတ္ဖက္ေဆာင္႐ြက္လ်က္ရွိသည္ဟုဆိုသည္။ အဆိုပါ စီမံကိန္းမ်ားတြင္ မိခင္ႏွင့္ ကေလးသူငယ္ က်န္းမာေရးႏွင့္ ကူးစက္ေရာဂါမ်ားကို ကာကြယ္တားဆီးရန္ ႀကိဳးစားေဆာင္႐ြက္ျခင္းမ်ား ပါဝင္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service