အင်းစိန်ရွာမတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် တင်ဒါခေါ် - Property News in Myanmar from iMyanmarHouse.com
1181 Views

အင်းစိန်ရွာမတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် တင်ဒါခေါ်

[Unicode]

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် အင်းစိန်မြို့နယ် ရွာမတွင် မဂ္ဂါ ၃၀၀ ထုတ်လုပ်မည့် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်တည်ဆောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်နည်းစနစ်အတိုင်း ဇွန် ၁၁ ရက်တွင်တင်ဒါဖိတ် ခေါ်လိုက်သည်။

စိတ်ဝင်စားသည့်ကုမ္ပဏီများသည် စက်ရုံဒီဇိုင်း၊ တပ်ဆင်ခြင်း၊စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ထိုကုန်ကျစရိတ်ကို ကမ္ဘာ့ဘဏ်က ၂၀၂၀ မေလကုန်တွင် အတည်ပြုထားသည့် ချေးငွေမှ ထုတ်ယူသုံးဆွဲမည်ဖြစ်သည်။

ထိုစက်ရုံတည်ဆောက်တပ်ဆင်ခြင်းကို အချိန် ၃၆လ (၃နှစ်)အတွင်းအပြီးတည်ဆောက်ရမည်ဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍ ဒေါ်လာသန်း ၃၅၀ ထပ်ချေးမည်ဟု မေလကုန်တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းချေးငွေတွင် ရာသီဥတုနှင့် သဘာဝဘေးဒဏ်ခံနိုင်စွမ်းရှိသော လျှပ်စစ်ဓာတ်အားစနစ် အကောင်အထည်ဖော်ရေးအတွက် ဖြစ်သည်။

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ရန်ကုန်တိုင်းတွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိနိုင်ရန်နှင့် ဓာတ်အား ပြတ်တောက်မှုနည်းစေရန် ရွာမ ဓာတ်အားပေးစက်ရုံကို အဓိကထား အဆင့်မြှင့်တင်ပေးမည်ဖြစ်သည်။

ထိုချေးငွေအတွက် အတိုးနှုန်း ၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ဝန်ဆောင်စရိတ် ဝဒသမ၂၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၅နှစ်နှင့် ပြန်ဆပ်ကာလ ၂၅နှစ်ဖြစ်သည်။

ကမ္ဘာ့ဘဏ်က မဟာဓါတ်အားလိုင်းမှကျေးရွာများ လျှပ်စစ်ဖြန့်ဖြူးနိုင်ရေးနှင့် မဟာဓါတ်အားလိုင်းမရောက်သေးသည့် ရွာများအတွက် ဆိုလာစနစ်မှ မီးလင်းရေးအတွက် ချေးငွေ ဒေါ်လာသန်း ၄၀၀ ပေးပြီးဖြစ်သည်။

၂၀၂၀ နွေရာသီတွင် လျှပ်စစ်မီးမပြတ်စေရေးအတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၀၄၀ ဝယ်ယူရန် အစိုးရက တင်ဒါခေါ်ခဲ့သည်။

ထိုစီမံကိန်းများကို ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ ရေပေါ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားပေးသင်္ဘောစသည်ဖြင့် ဆောင်ရွက်နိုင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်တွင် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ထုတ်မှုတွင် ရေအားလျှပ်စစ်ကအများဆုံးထုတ်ယူပြီး ဒုတိယအများဆုံးသည် ဓါတ်ငွေ့မှဖြစ်သည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် ဓာတ်အားသုံးစွဲမှုမဂ္ဂါဝပ် ၃,၁၄၀ ကျော်ရှိသည်။ ၂၀၁၉ ဧပြီတွင် တစ်နိုင်ငံလုံးဓာတ်အားထပ်မံ လိုအပ်ချက် မဂ္ဂါဝပ် ၄၀၀ ရှိပြီး ခန့် မှန်းတွက်ချက်မှုအရ ၂၀၂၀ တွင် ၆၈၈ မဂ္ဂါဝပ်တိုးတက်သုံးစွဲလာမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]
















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service