ရန်ကုန်တိုင်းအစိုးရက မြို့နယ် (၅) ခုရှိ မြေကွက် ၃၂ ကွက်ကို ရောင်းချရန် ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
42941 Views

ရန်ကုန်တိုင်းအစိုးရက မြို့နယ် (၅) ခုရှိ မြေကွက် ၃၂ ကွက်ကို ရောင်းချရန် ထုတ်ပြန်

[Unicode]

ရန်ကုန်တိုင်းရှိ မြို့နယ် (၅) ခုမှ မြေကွက် ၃၂ ကွက်ကို အများပြည်သူသို့ရောင်းချရန်အတွက် တိုင်းအစိုးရက စိတ်ဝင်စားသူများကို လျှောက်လွှာခေါ်ယူလိုက်သည်။

ထိုမြေကွက်များသည် တစ်ဧကမှ ၁၃ ဧကအထိ ကျယ်ဝန်းပြီး ရွှေပြည်သာ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တို့မှ ဖြစ်သည်။

ထိုမြေများ ကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက်သော်လည်းကောင်း၊ လူနေထိုင်ရန်အတွက် သော် လည်းကောင်း၊ မြေအသုံးပြုခွင့်အား သတ်မှတ်စည်ပင်စရိတ် ပေးသွင်း၍ အသုံးပြုခွင့်ပြုပေးမည်ဟု တိုင်းအစိုးရကဆိုသည်။

စိတ်ပါ ဝင်စားသူ မည်သူမဆို သတ်မှတ်ထားသည့် မြေအသုံးပြုခွင့် လျှောက်လွှာပုံစံအတိုင်းမိမိအစီအစဉ်ဖြင့် ကွန်ပျူတာရိုက်နှိပ် ပြုစုဖြည့်စွက်ရမည်ဖြစ်သည်။ထိုနောက် ဝယ်ယူလိုသည့်မြေကွက်တည်ရှိရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီရုံး/မြို့နယ်စည်ပင် သာယာရေး အဖွဲ့ရုံးများတွင် ရုံးချိန်အတွင်း တင်သွင်းနိုင်သည်ဟု တိုင်းအစိုးရကဆိုသည်။ လျှောက်လွှာများကို ဇွန် ၃၀ရက်နောက်ဆုံးထားတင်သွင်းရမည်ဟု ဆိုသည်။

ထိုပြင်တိုင်းအစိုးရက ဖေဖော်ဝါရီလအတွင်းက မြေကွက်ဝယ်ယူရန် လျှောက်လွှာတင်ထားသည် မြေကွက် ၅၇ ကွက်ကိုလည်း ဝယ်ယူနိုင်ကြောင်း တိုင်းအစိုးရ၊ မြေစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါဝယ်ယူခွင့်ရထားသည့်မြေကွက်များ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၁၂ ကွက်၊ ဒဂုံ မြိုသစ် (တောင်ပိုင်း)တွင် ၁၀ ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် ၂၃ ကွက်၊ ဒလမြို့နယ်တွင် ၂ ကွက်၊ ရွှေပြည်သာတွင် ၇ ကွက်၊ မြောက်ဥက္ကလာပတွင် ၂ ကွက်နှင့် လှိုင်သာယာတွင် ၁ ကွက်တို့ဖြစ်သည်။

ထိုမြေကွက်များအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ဇွန် ၉ ရက်မှ စတင်ဆက်သွယ်ပြီး (၂) လအတွင်း ငွေပေးသွင်းဝယ်ယူနိုင်သည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်နှင့် လူ နေထိုင်ရန် မြေအသုံးခွင့် လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရမြေစီမံခန့်ခွဲမှု ကော်မတီက ၂၀၁၉ တွင် စတင် ကြေညာခဲ့သည်။

တိုင်းအစိုးရက ပထမအဆင့်တွင် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်လေးမြို့နယ်မှ မြေကွက် ၅၀၀ ကျော်၊ ဒုတိယအဆင့်တွင် မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက် ၁၈၀ ကျော်၊ တတိယအဆင့်တွင် ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းရှိ စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည့် ဧက ကိုးထောင်ကျော်ကို ရောင်းချမည်ဟု ကြေညာထားသည်။

တိုင်းအစိုးရက ရန်ကုန်တိုင်းရှိ ယခင်မြေကွက်များကို ရောင်းချရာတွင် တောင်ဥက္ကလာပမြို့နယ်ရှိ စုပေါင်းရုံး တစ်ခုတည်းတွင် လျှောက်လွှာတစ်စောင် ကျပ်တစ်သောင်းဖြင့် ရောင်းချခဲ့သည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္တိုင္းအစိုးရက ၿမိဳ႕နယ္ (၅) ခုရွိ ေျမကြက္ ၃၂ ကြက္ကို ေရာင္းခ်ရန္ ထုတ္ျပန္

ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္ (၅) ခုမွ ေျမကြက္ ၃၂ ကြက္ကို အမ်ားျပည္သူသို႔ေရာင္းခ်ရန္အတြက္ တိုင္းအစိုးရက စိတ္ဝင္စားသူမ်ားကို ေလွ်ာက္လႊာေခၚယူလိုက္သည္။

ထိုေျမကြက္မ်ားသည္ တစ္ဧကမွ ၁၃ ဧကအထိ က်ယ္ဝန္းၿပီး ေ႐ႊျပည္သာ၊ ေျမာက္ဒဂုံ၊ ဒဂုံဆိပ္ကမ္း၊ ေတာင္ဒဂုံႏွင့္ အေရွ႕ဒဂုံၿမိဳ႕နယ္တို႔မွ ျဖစ္သည္။

ထိုေျမမ်ား ကို စီးပြားေရးလုပ္ငန္းလုပ္ကိုင္ရန္အတြက္ေသာ္လည္းေကာင္း၊ လူေနထိုင္ရန္အတြက္ ေသာ္ လည္းေကာင္း၊ ေျမအသုံးျပဳခြင့္အား သတ္မွတ္စည္ပင္စရိတ္ ေပးသြင္း၍ အသုံးျပဳခြင့္ျပဳေပးမည္ဟု တိုင္းအစိုးရကဆိုသည္။

စိတ္ပါ ဝင္စားသူ မည္သူမဆို သတ္မွတ္ထားသည့္ ေျမအသုံးျပဳခြင့္ ေလွ်ာက္လႊာပုံစံအတိုင္းမိမိအစီအစဥ္ျဖင့္ ကြန္ပ်ဴတာ႐ိုက္ႏွိပ္ ျပဳစုျဖည့္စြက္ရမည္ျဖစ္သည္။ထိုေနာက္ ဝယ္ယူလိုသည့္ေျမကြက္တည္ရွိရာ ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီ႐ုံး/ၿမိဳ႕နယ္စည္ပင္ သာယာေရး အဖြဲ႕႐ုံးမ်ားတြင္ ႐ုံးခ်ိန္အတြင္း တင္သြင္းႏိုင္သည္ဟု တိုင္းအစိုးရကဆိုသည္။ ေလွ်ာက္လႊာမ်ားကို ဇြန္ ၃၀ရက္ေနာက္ဆုံးထားတင္သြင္းရမည္ဟု ဆိုသည္။

ထိုျပင္တိုင္းအစိုးရက ေဖေဖာ္ဝါရီလအတြင္းက ေျမကြက္ဝယ္ယူရန္ ေလွ်ာက္လႊာတင္ထားသည္ ေျမကြက္ ၅၇ ကြက္ကိုလည္း ဝယ္ယူႏိုင္ေၾကာင္း တိုင္းအစိုးရ၊ ေျမစီမံခန႔္ခြဲမႈေကာ္မတီက ထုတ္ျပန္ထားသည္။

အဆိုပါဝယ္ယူခြင့္ရထားသည့္ေျမကြက္မ်ား ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္ ၁၂ ကြက္၊ ဒဂုံ ၿမိဳသစ္ (ေတာင္ပိုင္း)တြင္ ၁၀ ကြက္၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)တြင္ ၂၃ ကြက္၊ ဒလၿမိဳ႕နယ္တြင္ ၂ ကြက္၊ ေ႐ႊျပည္သာတြင္ ၇ ကြက္၊ ေျမာက္ဥကၠလာပတြင္ ၂ ကြက္ႏွင့္ လႈိင္သာယာတြင္ ၁ ကြက္တို႔ျဖစ္သည္။

ထိုေျမကြက္မ်ားအတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ ဇြန္ ၉ ရက္မွ စတင္ဆက္သြယ္ၿပီး (၂) လအတြင္း ေငြေပးသြင္းဝယ္ယူႏိုင္သည္ဟု တိုင္းအစိုးရက ထုတ္ျပန္ထားသည္။

စီးပြားေရးလုပ္ငန္းမ်ား၊ စက္မႈလုပ္ငန္းမ်ား လုပ္ကိုင္ရန္ႏွင့္ လူ ေနထိုင္ရန္ ေျမအသုံးခြင့္ ေလွ်ာက္ထားႏိုင္ေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး အစိုးရေျမစီမံခန႔္ခြဲမႈ ေကာ္မတီက ၂၀၁၉ တြင္ စတင္ ေၾကညာခဲ့သည္။

တိုင္းအစိုးရက ပထမအဆင့္တြင္ လႈိင္သာယာ၊ ေ႐ႊျပည္သာႏွင့္ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္မွ ေျမကြက္ ၅၀၀ ေက်ာ္၊ ဒုတိယအဆင့္တြင္ ေျမာင္းတကာစက္မႈဇုန္ရွိ စက္မႈေျမကြက္ ၁၈၀ ေက်ာ္၊ တတိယအဆင့္တြင္ ဒဂုံအေရွ႕ႏွင့္ ဒဂုံဆိပ္ကမ္းရွိ စိုက္ပ်ိဳးေရးဇုန္အျဖစ္ သတ္မွတ္ထားသည့္ ဧက ကိုးေထာင္ေက်ာ္ကို ေရာင္းခ်မည္ဟု ေၾကညာထားသည္။

တိုင္းအစိုးရက ရန္ကုန္တိုင္းရွိ ယခင္ေျမကြက္မ်ားကို ေရာင္းခ်ရာတြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ စုေပါင္း႐ုံး တစ္ခုတည္းတြင္ ေလွ်ာက္လႊာတစ္ေစာင္ က်ပ္တစ္ေသာင္းျဖင့္ ေရာင္းခ်ခဲ့သည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service