ဇေကမ္ဘာကုမ္ပဏီလုပ်ကိုင်ခွင့်ရထားသည့် ကန်တော်ကြီး ကရဝိတ်ခန်းမနှင့် မြေသုံးဧကခွဲကို တင်ဒါအသစ်ပြန်ခေါ် - Property News in Myanmar from iMyanmarHouse.com
3805 Views

ဇေကမ္ဘာကုမ္ပဏီလုပ်ကိုင်ခွင့်ရထားသည့် ကန်တော်ကြီး ကရဝိတ်ခန်းမနှင့် မြေသုံးဧကခွဲကို တင်ဒါအသစ်ပြန်ခေါ်

[Unicode]

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးရှိ ကရဝိတ်ခန်းမအပါအဝင်မြေ ၃ ဧကခွဲခန့်ကို လုပ်ကိုင်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကို အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါနေရာသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဇေကမ္ဘာကုမ္ပဏီကို နှစ် ၂၀ သက်တမ်းဖြင့် ငှားရမ်းထားခြင်းဖြစ်သည်။ ဝန်ကြီးဌာနက ငှားရမ်းထားသည့် နှစ် ၂၀ပြည့်သွားသည့်အတွက် နောက်ထပ် ငှားရမ်းနိုင်ရန် တင်ဒါခေါ်ခြင်းသာဖြစ်သည်ဟုဆိုထားသည်။

စာချုပ်အရ ကုမ္ပဏီသည် နှစ်၂၀ ပြည့်က ၅ နှစ်တစ်ကြိမ် သက်တမ်းတိုး၍ နှစ် ၃၀ အထိလုပ်ကိုင်ခွင့်ရ မည်ဖြစ်သော်လည်း ဝန်ကြီးဌာနက သက်တမ်းမတိုးပေးခဲ့ဘဲ တင်ဒါအသစ်ခေါ်ယူလိုက်ခြင်းဖြစ်သည်။

တင်ဒါဖောင်များကို ဇွန် ၈ ရက်တွင်စတင်ရောင်းချပြီး တင်ဒါပိတ်မည့်ရက်မှ ဇူလှိုင် ၈ ရက်ဖြစ်သည်ဟု ဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာများတွင် ကြေငြာထားသည်။

ယခုတင်ဒါတွင် ဝန်ကြီးဌာနက ပြည်တွင်းလုပ်ငန်းရှင်မည်သူမဆိုရယူလုပ်ကိုင်နိုင်ရန်သည်ဟု ဖော်ပြထားသည်။

၂၅ ဧကကျယ်ဝန်းသည် ကန်တော်ကြီး ကရဝိတ်ဥယျာဉ်ကမ္ဘာကို ဇေကမ္ဘာကုမ္ပဏီက တစ်နှစ်လျှင် ငှားရမ်းခ ကျပ် သိန်း ၃၀၀ ဖြင့် လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။ တစ်နှစ်လျှင် ငှားရမ်းခ ကျပ်သိန်း ၃၀၀ သာ ရရှိ၍ နိုင်ငံတော်အတွက် နစ်နာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာက ဖော်ပြသည်။

ကန်တော်ကြီး ကရဝိက်ဥယျာဉ်ကမ္ဘာ မြေ ငှားရမ်းထားမှုကို ၂၀၁၅ ခုနှစ်တွင် တစ်နှစ်ကျပ် သိန်း ၆၀၀ သို့ တိုးမြှင့်ခဲ့ သည်။

သို့ဖြစ်ရာ ပထမ ၅ နှစ်သက်တမ်း စာချုပ်ပြည့်ခဲ့သည့် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ငှားရမ်းခ တစ်နှစ် ကျပ်သိန်း ၃၀၀ အစား ကျပ်သိန်း ၆၀၀ သို့ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထိုငှားရမ်းခ ကျပ်သိန်း ၆၀၀ သည် ၂၀၂၀ ပြည့်နှစ် သြဂုတ်လကုန် အထိသာဖြစ်သည်။

ထိုဈေးနှုန်းမှာလည်းကာလပေါက်ဈေးထက် များစွာ လျှော့နည်းနေပြီး ကျပ် ၁၉ ဒသမ ၉၂ ဘီလီယံခန့်နစ်နာခဲ့ သည်ဟု ၂၀၁၅ – ၁၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကန်တော်ကြီးသဘာ၀ ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်နှင့် မြ ကျွန်းသာဥယျာဉ်တို့အား ပုဂ္ဂလိက ကုမ္ပဏီများနှင့် မြေငှားရမ်းခစာချုပ် ချုပ်ဆိုမှုများကို ခေတ်ကာလပေါက်ဈေးနှင့် ညီညွတ်စေရန် ပြင်ဆင်ချုပ်ဆိုမှုများပြုလုပ်ခဲ့ ကြောင်း ယခင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်တွင်ပြောကြားခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဇကမာၻကုမၸဏီလုပ္ကိုင္ခြင့္ရထားသည့္ ကန္ေတာ္ႀကီး ကရဝိတ္ခန္းမႏွင့္ ေျမသုံးဧကခြဲကို တင္ဒါအသစ္ျပန္ေခၚ

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ကန္ေတာ္ႀကီးရွိ ကရဝိတ္ခန္းမအပါအဝင္ေျမ ၃ ဧကခြဲခန႔္ကို လုပ္ကိုင္ရန္ စိတ္ဝင္စားသည့္ လုပ္ငန္းရွင္မ်ားကို အိတ္ဖြင့္တင္ဒါဖိတ္ေခၚေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။

အဆိုပါေနရာသည္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက ေဇကမာၻကုမၸဏီကို ႏွစ္ ၂၀ သက္တမ္းျဖင့္ ငွားရမ္းထားျခင္းျဖစ္သည္။ ဝန္ႀကီးဌာနက ငွားရမ္းထားသည့္ ႏွစ္ ၂၀ျပည့္သြားသည့္အတြက္ ေနာက္ထပ္ ငွားရမ္းႏိုင္ရန္ တင္ဒါေခၚျခင္းသာျဖစ္သည္ဟုဆိုထားသည္။

စာခ်ဳပ္အရ ကုမၸဏီသည္ ႏွစ္၂၀ ျပည့္က ၅ ႏွစ္တစ္ႀကိမ္ သက္တမ္းတိုး၍ ႏွစ္ ၃၀ အထိလုပ္ကိုင္ခြင့္ရ မည္ျဖစ္ေသာ္လည္း ဝန္ႀကီးဌာနက သက္တမ္းမတိုးေပးခဲ့ဘဲ တင္ဒါအသစ္ေခၚယူလိုက္ျခင္းျဖစ္သည္။

တင္ဒါေဖာင္မ်ားကို ဇြန္ ၈ ရက္တြင္စတင္ေရာင္းခ်ၿပီး တင္ဒါပိတ္မည့္ရက္မွ ဇူလႈိင္ ၈ ရက္ျဖစ္သည္ဟု ဝန္ႀကီးဌာနက ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေၾကျငာထားသည္။

ယခုတင္ဒါတြင္ ဝန္ႀကီးဌာနက ျပည္တြင္းလုပ္ငန္းရွင္မည္သူမဆိုရယူလုပ္ကိုင္ႏိုင္ရန္သည္ဟု ေဖာ္ျပထားသည္။

၂၅ ဧကက်ယ္ဝန္းသည္ ကန္ေတာ္ႀကီး ကရဝိတ္ဥယ်ာဥ္ကမာၻကို ေဇကမာၻကုမၸဏီက တစ္ႏွစ္လွ်င္ ငွားရမ္းခ က်ပ္ သိန္း ၃၀၀ ျဖင့္ လုပ္ကိုင္ခြင့္ရထားျခင္းျဖစ္သည္။ တစ္ႏွစ္လွ်င္ ငွားရမ္းခ က်ပ္သိန္း ၃၀၀ သာ ရရွိ၍ ႏိုင္ငံေတာ္အတြက္ နစ္နာေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္၏ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္ လုပ္ငန္းေဆာင္႐ြက္မႈ အစီရင္ခံစာက ေဖာ္ျပသည္။

ကန္ေတာ္ႀကီး ကရဝိက္ဥယ်ာဥ္ကမာၻ ေျမ ငွားရမ္းထားမႈကို ၂၀၁၅ ခုႏွစ္တြင္ တစ္ႏွစ္က်ပ္ သိန္း ၆၀၀ သို႔ တိုးျမႇင့္ခဲ့ သည္။

သို႔ျဖစ္ရာ ပထမ ၅ ႏွစ္သက္တမ္း စာခ်ဳပ္ျပည့္ခဲ့သည့္ ၂၀၁၅ ႏွစ္ကုန္ပိုင္းတြင္ ငွားရမ္းခ တစ္ႏွစ္ က်ပ္သိန္း ၃၀၀ အစား က်ပ္သိန္း ၆၀၀ သို႔ တိုးျမႇင့္ခဲ့ျခင္းျဖစ္သည္။ ထိုငွားရမ္းခ က်ပ္သိန္း ၆၀၀ သည္ ၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္လကုန္ အထိသာျဖစ္သည္။

ထိုေဈးႏႈန္းမွာလည္းကာလေပါက္ေဈးထက္ မ်ားစြာ ေလွ်ာ့နည္းေနၿပီး က်ပ္ ၁၉ ဒသမ ၉၂ ဘီလီယံခန႔္နစ္နာခဲ့ သည္ဟု ၂၀၁၅ – ၁၆ ဘ႑ာေရးႏွစ္အတြက္ လုပ္ငန္းေဆာင္႐ြက္မႈ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ကန္ေတာ္ႀကီးသဘာ၀ ဥယ်ာဥ္၊ ျပည္သူ႔ဥယ်ာဥ္ႏွင့္ ျမ ကြၽန္းသာဥယ်ာဥ္တို႔အား ပုဂၢလိက ကုမၸဏီမ်ားႏွင့္ ေျမငွားရမ္းခစာခ်ဳပ္ ခ်ဳပ္ဆိုမႈမ်ားကို ေခတ္ကာလေပါက္ေဈးႏွင့္ ညီၫြတ္ေစရန္ ျပင္ဆင္ခ်ဳပ္ဆိုမႈမ်ားျပဳလုပ္ခဲ့ ေၾကာင္း ယခင္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးလွျမင့္က လႊတ္ေတာ္တြင္ေျပာၾကားခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service