အကန့်များဖြင့် စားသောက်လာကြရသည့် COVID-19 ကာလ - Property News in Myanmar from iMyanmarHouse.com
1083 Views

အကန့်များဖြင့် စားသောက်လာကြရသည့် COVID-19 ကာလ

[Unicode]

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့သည် COVID-19 Lockdown ကန့်သတ်ချက်များကို တဖြည်းဖြည်းစတင်ဖြေလျှော့လာကြပြီဖြစ်သည်။ မတ်လတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်မားခဲ့ပြီးနောက် နေ့စဉ်ကူးစက်မှုအသစ်ဖြစ်ပွားမှု သိသိသာသာကျဆင်းခဲ့သဖြင့် အစိုးရများက စီးပွားရေးလုပ်ငန်းများကို စတင်၍ပြန်လည်ဖွင့်လှစ်လိုက်ကြပြီဖြစ်သည်။

အချို့လုပ်ငန်းများနှင့် ဝန်ဆောင်မှုများကို ပြန်လည်လည်ပတ်ခွင့်ပြုလိုက်ပြီး social distancing ညွှန်ကြားမှုအချို့ကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ သို့သော်လည်း အဆိုပါဒေသရှိ ဖျော်ဖြေပွဲခန်းမများနှင့် အားကစားရုံများကဲ့သို့သော စီးပွားရေးကဏ္ဍအချို့ကိုမူ ပိတ်ထားဆဲဖြစ်သည်။

ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်လာသည့်လုပ်ငန်းများတွင် မြင်ကွင်း၌ အသိသာအထင်ရှားဆုံး ပြောင်းလဲသွားသည့်လုပ်ငန်းများမှာ စားသောက်ဆိုင်များဖြစ်သည်။ စားသောက်ဆိုင်များတွင် လာရောက်စားသုံးသူများအကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ခြေနိမ့်ပါးစေရေးအတွက် စားပွဲများ၌ တစ်ဦးနှင့်တစ်ဦးအကြား သို့မဟုတ် စားပွဲတစ်လုံးနှင့်တစ်လုံးအကြား အကာအရံအတားအဆီးများဖြင့် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

အလားတူပင် မြန်မာနိုင်ငံတွင်လည်း COVID-19 အန္တရာယ်နိမ့်ပါးစေရေးရှေးရှုလျက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ထုတ်ပြန်ထားရာတွင် “စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရှိရန် အချက်များ”၊ “စားသောက်ဆိုင်မှ တာဝန်ရှိသူများဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ”၊ “စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ” နှင့် “အထူးဂရုပြုဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ” ဟူ၍ အပိုင်းလေးပိုင်းခွဲ၍ ဖော်ပြထားသည်။ 

တစ်ယောက်ချင်းစီ စားနိုင်ပြီး တစ်ဦးနှင့်တစ်ဦးကြားတွင် ကတ်ထူပြား၊ မှန်ပြား၊ သစ်သားပြားတို့ဖြင့် အကန့် ကန့်ထားပေးပြီး စားသောက်နိုင်ရေး စီစဉ်ပေးရမည်ဟူ၍ စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရှိရန် အချက်များအနက် နံပါတ် ၃ အချက်အဖြစ် ထိပ်တန်းဦးစားပေးဖော်ပြထားသည်ကို တွေ့ရသည်။

အတူလာရောက်သည့် စားသုံးသူများသည် ငါးဦးထက်မပိုသော လူများဖြစ်ပါက စားသောက်ဆိုင်များသည် ထိုညွှန်ကြားချက်အရ (တစ်ဦးနှင့်တစ်ဦးအကြား ခပ်ခွါခွါဖြစ်စေရန် စီမံထားသော) Distancing စားပွဲတွင် အတူထိုင်နိုင်အောင် စီစဉ်ပေးရမည်ဖြစ်သည်။

ကိုယ်တိုင်ယူစနစ်ဖြင့် ရောင်းချသော အစားအစာ (Buffet, Self-service) များ ရောင်းချခြင်းကို ဆိုင်ဝန်ထမ်းကသာ ဝန်ဆောင်မှုပေးရမည်ဖြစ်သည်။

ငွေရှင်းကောင်တာမှ ငွေလက်ခံသည့်စနစ်ဖြစ်ပါက စားသုံးသူနှင့် တိုက်ရိုက်ထိတွေ့မှု မရှိစေရန် ကောင်တာရှေ့တွင် မှန်ကာထားရမည်ဖြစ်ကာ အစားအသောက်စာရင်းအား ချိတ်ဆွဲထားခြင်း သို့မဟုတ် စားပွဲမှန်အောက်၌ ထား၍ ဖြစ်စေ ထည့်သွင်းပေးထားရမည်ဟု သိရသည်။

စားသုံးသူများအတွက် နှာခေါင်းစည်း( Mask) များနှင့် မျက်နှာကာ (Face Shield) များကို ဆိုင်အတွင်းသို့ မဝင်မီ တပ်ဆင်နိုင်ရန် မှန်ကန်သော ဈေးနှုန်းများဖြင့် ရောင်းချပေးရမည်ဟုလည်း ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ministry of Health and Sports

 

[Zawgyi]

 

အကန႔္မ်ားျဖင့္ စားေသာက္လာၾကရသည့္ COVID-19 ကာလ

ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံအခ်ိဳ႕သည္ COVID-19 Lockdown ကန႔္သတ္ခ်က္မ်ားကို တျဖည္းျဖည္းစတင္ေျဖေလွ်ာ့လာၾကၿပီျဖစ္သည္။ မတ္လတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား ျမင့္မားခဲ့ၿပီးေနာက္ ေန႔စဥ္ကူးစက္မႈအသစ္ျဖစ္ပြားမႈ သိသိသာသာက်ဆင္းခဲ့သျဖင့္ အစိုးရမ်ားက စီးပြားေရးလုပ္ငန္းမ်ားကို စတင္၍ျပန္လည္ဖြင့္လွစ္လိုက္ၾကၿပီျဖစ္သည္။

အခ်ိဳ႕လုပ္ငန္းမ်ားႏွင့္ ဝန္ေဆာင္မႈမ်ားကို ျပန္လည္လည္ပတ္ခြင့္ျပဳလိုက္ၿပီး social distancing ၫႊန္ၾကားမႈအခ်ိဳ႕ကိုလည္း ျပန္လည္႐ုပ္သိမ္းလိုက္ၿပီျဖစ္သည္။ သို႔ေသာ္လည္း အဆိုပါေဒသရွိ ေဖ်ာ္ေျဖပြဲခန္းမမ်ားႏွင့္ အားကစား႐ုံမ်ားကဲ့သို႔ေသာ စီးပြားေရးက႑အခ်ိဳ႕ကိုမူ ပိတ္ထားဆဲျဖစ္သည္။

ထိုကဲ့သို႔ ျပန္လည္ဖြင့္လွစ္လာသည့္လုပ္ငန္းမ်ားတြင္ ျမင္ကြင္း၌ အသိသာအထင္ရွားဆုံး ေျပာင္းလဲသြားသည့္လုပ္ငန္းမ်ားမွာ စားေသာက္ဆိုင္မ်ားျဖစ္သည္။ စားေသာက္ဆိုင္မ်ားတြင္ လာေရာက္စားသုံးသူမ်ားအၾကား ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ႏိုင္ေျခနိမ့္ပါးေစေရးအတြက္ စားပြဲမ်ား၌ တစ္ဦးႏွင့္တစ္ဦးအၾကား သို႔မဟုတ္ စားပြဲတစ္လုံးႏွင့္တစ္လုံးအၾကား အကာအရံအတားအဆီးမ်ားျဖင့္ ေျပာင္းလဲသြားခဲ့ၿပီျဖစ္သည္။

အလားတူပင္ ျမန္မာႏိုင္ငံတြင္လည္း COVID-19 အႏၲရာယ္နိမ့္ပါးေစေရးေရွးရႈလ်က္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက စားေသာက္ဆိုင္မ်ား ျပန္လည္ဖြင့္လွစ္ရာတြင္ လိုက္နာေဆာင္႐ြက္ရမည့္အခ်က္မ်ားအား ထုတ္ျပန္ထားရာတြင္ “စားေသာက္ဆိုင္မ်ားတြင္ ျပင္ဆင္ထားရွိရန္ အခ်က္မ်ား”၊ “စားေသာက္ဆိုင္မွ တာဝန္ရွိသူမ်ားဝန္ထမ္းမ်ား လိုက္နာေဆာင္႐ြက္ရမည့္အခ်က္မ်ား”၊ “စားသုံးသူမ်ား လိုက္နာေဆာင္႐ြက္ရမည့္အခ်က္မ်ား” ႏွင့္ “အထူးဂ႐ုျပဳေဆာင္႐ြက္ရမည့္ သန႔္ရွင္းေရးလုပ္ငန္းမ်ား” ဟူ၍ အပိုင္းေလးပိုင္းခြဲ၍ ေဖာ္ျပထားသည္။ 

တစ္ေယာက္ခ်င္းစီ စားႏိုင္ၿပီး တစ္ဦးႏွင့္တစ္ဦးၾကားတြင္ ကတ္ထူျပား၊ မွန္ျပား၊ သစ္သားျပားတို႔ျဖင့္ အကန႔္ ကန႔္ထားေပးၿပီး စားေသာက္ႏိုင္ေရး စီစဥ္ေပးရမည္ဟူ၍ စားေသာက္ဆိုင္မ်ားတြင္ ျပင္ဆင္ထားရွိရန္ အခ်က္မ်ားအနက္ နံပါတ္ ၃ အခ်က္အျဖစ္ ထိပ္တန္းဦးစားေပးေဖာ္ျပထားသည္ကို ေတြ႕ရသည္။

အတူလာေရာက္သည့္ စားသုံးသူမ်ားသည္ ငါးဦးထက္မပိုေသာ လူမ်ားျဖစ္ပါက စားေသာက္ဆိုင္မ်ားသည္ ထိုၫႊန္ၾကားခ်က္အရ (တစ္ဦးႏွင့္တစ္ဦးအၾကား ခပ္ခြါခြါျဖစ္ေစရန္ စီမံထားေသာ) Distancing စားပြဲတြင္ အတူထိုင္ႏိုင္ေအာင္ စီစဥ္ေပးရမည္ျဖစ္သည္။

ကိုယ္တိုင္ယူစနစ္ျဖင့္ ေရာင္းခ်ေသာ အစားအစာ (Buffet, Self-service) မ်ား ေရာင္းခ်ျခင္းကို ဆိုင္ဝန္ထမ္းကသာ ဝန္ေဆာင္မႈေပးရမည္ျဖစ္သည္။

ေငြရွင္းေကာင္တာမွ ေငြလက္ခံသည့္စနစ္ျဖစ္ပါက စားသုံးသူႏွင့္ တိုက္႐ိုက္ထိေတြ႕မႈ မရွိေစရန္ ေကာင္တာေရွ႕တြင္ မွန္ကာထားရမည္ျဖစ္ကာ အစားအေသာက္စာရင္းအား ခ်ိတ္ဆြဲထားျခင္း သို႔မဟုတ္ စားပြဲမွန္ေအာက္၌ ထား၍ ျဖစ္ေစ ထည့္သြင္းေပးထားရမည္ဟု သိရသည္။

စားသုံးသူမ်ားအတြက္ ႏွာေခါင္းစည္း( Mask) မ်ားႏွင့္ မ်က္ႏွာကာ (Face Shield) မ်ားကို ဆိုင္အတြင္းသို႔ မဝင္မီ တပ္ဆင္ႏိုင္ရန္ မွန္ကန္ေသာ ေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးရမည္ဟုလည္း ဝန္ႀကီးဌာနက ၫႊန္ၾကားထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ministry of Health and Sports

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service