မလေးရှား Petronas က LNG သင်္ဘော နှစ်စင်းပို့လွှတ်ပြီး မြန်မာ့ဈေးကွက်ကို စတင်ဝင်ရောက် - Property News in Myanmar from iMyanmarHouse.com
1574 Views

မလေးရှား Petronas က LNG သင်္ဘော နှစ်စင်းပို့လွှတ်ပြီး မြန်မာ့ဈေးကွက်ကို စတင်ဝင်ရောက်

[Unicode]

မြန်မာနိုင်ငံရှိ ဟောင်ကောင် V-power ကုမ္ပဏီ၏ LNG သုံးဓာတ်အားပေးစက်ရုံအတွက် LNG (သဘာဝ ဓာတ်ငွေ့ရည်များ) သင်္ဘော နှစ်စင်း တင်ပို့ခဲ့ပြီးဖြစ်ကြောင်း မလေးရှား Petronasကုမ္ပဏီက LNG စွမ်းအင်ဆိုင်ရာအရာရှိချုပ် Abdul Aziz Othman ဆိုသည်။

မလေးရှားနိုင်ငံပိုင် ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီ Petronas သည် မြန်မာ့ဓာတ်ငွေ့ ဈေးကွက်သို့ စတင်ဝင်ရောက်လာခြင်းဖြစ်သည်။

Petronas အနေဖြင့် CNTIC Vpower ကုမ္ပဏီသို့ သဘာဝဓာတ်ငွေ့ရည် (LNG) သင်္ဘောနှစ်စီး စေလွှတ်ပြီးနောက် မြန်မာ့ ဓာတ်ငွေ့ဈေးကွက်တွင် ပွဲဦးထွက်ခဲ့ကြောင်း Kallanish စွမ်းအင်သတင်းဌာနက ဖော်ပြသည်။မြန်မာပြည်ကို သဘာဝဓာတ်ငွေ့ရည် (LNG) သယ်ပို့လာသည့် သင်္ဘော ပထမဦးဆုံး ဆိုက်ကပ်ခဲ့ခြင်း ဖြစ်သည်။

“ LNG သယ်လာတဲ့ ကုန်တင် သင်္ဘော နှစ်စင်းက CNTIC Vpower ကုမ္ပဏီကို ပို့ဆောင်ပြီးပါပြီ။ အရှေ့တောင် အာရှမှာ LNG သုံးဆွဲမှု သမိုင်းသစ်ဖြစ်လာပါပြီ”ဟု Abdul Aziz Othman ကဆိုသည်။

မြန်မာနိုင်ငံက LNG ကို သန့်ရှင်းသည့် စွမ်းအင်အဖြစ် အသုံးပြုသည့် နောက်ဆုံးနိုင်ငံဖြစ်လာပြီး Petronas ကုမ္ပဏီက ရေရှည်ထောက်ပံ့သွားမည့် မိတ်ဖက်အဖြစ်တည်ရှိသွားမည်ဟု ၎င်းကဆက်ပြောသည်။

CNTIC Vpower ကုမ္ပဏီအနေဖြင့် နောက်ထပ် LNG များ ပို့ ဆောင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေပြီး ယင်းသို့ဆောင်ရွက်ခြင်းက အရှိန်အဟုန်ဖြင့် ကြီးထွားလာနေသော မြန်မာ့ဓာတ်ငွေ့ လုပ်ငန်းတွင် ၎င်းတို့၏အမာခံခြေကုပ်နေရာရရှိရေး အဆင်ပြေ ချောမွေ့စေလိမ့်မည်ဟု Petronas ကဆိုထားသည်။

ဇွန်လ ၄ ရက်က Vpower ကုမ္ပဏီသည် မကွေးတိုင်းဒေသကြီး ကျွန်းချောင်းရှိ ၂၃ ဒသမ ၃ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တွင် စီးပွားဖြစ်လုပ်ငန်းလည်ပတ်မှုများ စတင်ခဲ့သည်။

မေလနှင့် ဇွန်လအတွင်း LNGများကို ပမာဏကြီးကြီးမားမားဝယ်ယူရန် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် သဘောတူခဲ့ပြီးနောက် ယခုလို မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်သည်။

ဟောင်ကောင်ကုမ္ပဏီနှင့် petronas ကုမ္ပဏီကြား သဘာဝဓာတ်ငွေ့ရည် လီတာသန်း ၁၉၀ကို ဝယ်ယူရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကို ဒုတိယမြောက် ဓာတ်ငွေ့ရည်တင် သင်္ဘောသည် ဇွန် ၃ ရက်တွင် ဆိုက်ကပ်ခဲ့သည်ဟုဆိုသည်။

၂၀၂၀ နွေရာသီတွင် နွေရာသီမီးမပျက်စေရေးအတွက် အစိုးရက ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၅ ရုံမှလျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၀၄၀ ဝယ်ယူရန် အစိုးရက ၂၀၁၉ ဇွန်လတွင် စီစဉ်ခဲ့သည်။ ဟောင်ကောင်အခြေစိုက် V-power ကုမ္ပဏီက စီမံကိန်း လေးခုသည် စုစုပေါင်း ဓာတ်အား ၉၂၀ မဂ္ဂါဝပ်ထုတ်လုပ်ရန် လုပ်ကိုင်ခွင့်ရခဲ့သည်။

ကုမ္ပဏီက တင်ဒါရရှိသည့် စီမံကိန်းများမှာ LNG (သဘာ၀ ဓာတ်ငွေ့ရည်)ဖြင့် လျှပ်စစ်ထုတ်လုပ်သောစီမံကိန်းသုံးခုနှင့် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်သော စီမံကိန်းတစ်ခုတို့ဖြစ် သည်။ LNG စီမံကိန်းသုံးခုမှာ ကျောက်ဖြူတွင် မဂ္ဂါဝပ် ၁၅၀၊ သန်လျင်တွင် မဂ္ဂါဝပ် ၃၅၀၊ သာ ကေတတွင် မဂ္ဂါဝပ် ၄၀၀ ဖြစ် သည်။ သဘာဝဓာတ်ငွေ့စီမံကိန်း ကို ကျွန်းချောင်းတွင် ဆောင်ရွက် မည်ဖြစ်ပြီး မဂ္ဂါဝပ် ၂၀ ဖြစ်သည်။

ဟောင်ကောင်အခြေစိုက် ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီ သည် တရုတ်အမျိုးသား နည်းပညာဆိုင်ရာ သွင်းကုန်နှင့်ပို့ကုန် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း စု CNTIC ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည်။

တရုတ်နိုင်ငံပိုင် CNTIC ကုမ္ပဏီက မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှင့် ဂါနာကဲ့သို့သော တိုင်းပြည်များတွင် စွမ်းအင်ကဏ္ဍအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးပေးနေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

မေလးရွား Petronas က LNG သေဘၤာ ႏွစ္စင္းပို႔လႊတ္ၿပီး ျမန္မာ့ေဈးကြက္ကို စတင္ဝင္ေရာက္

ျမန္မာႏိုင္ငံရွိ ေဟာင္ေကာင္ V-power ကုမၸဏီ၏ LNG သုံးဓာတ္အားေပးစက္႐ုံအတြက္ LNG (သဘာဝ ဓာတ္ေငြ႕ရည္မ်ား) သေဘၤာ ႏွစ္စင္း တင္ပို႔ခဲ့ၿပီးျဖစ္ေၾကာင္း မေလးရွား Petronasကုမၸဏီက LNG စြမ္းအင္ဆိုင္ရာအရာရွိခ်ဳပ္ Abdul Aziz Othman ဆိုသည္။

မေလးရွားႏိုင္ငံပိုင္ ေရနံႏွင့္ဓာတ္ေငြ႕ကုမၸဏီ Petronas သည္ ျမန္မာ့ဓာတ္ေငြ႕ ေစ်းကြက္သို႔ စတင္ဝင္ေရာက္လာျခင္းျဖစ္သည္။

Petronas အေနျဖင့္ CNTIC Vpower ကုမၸဏီသို႔ သဘာဝဓာတ္ေငြ႕ရည္ (LNG) သေဘၤာႏွစ္စီး ေစလႊတ္ၿပီးေနာက္ ျမန္မာ့ ဓာတ္ေငြ႕ေစ်းကြက္တြင္ ပြဲဦးထြက္ခဲ့ေၾကာင္း Kallanish စြမ္းအင္သတင္းဌာနက ေဖာ္ျပသည္။ျမန္မာျပည္ကို သဘာဝဓာတ္ေငြ႕ရည္ (LNG) သယ္ပို႔လာသည့္ သေဘၤာ ပထမဦးဆုံး ဆိုက္ကပ္ခဲ့ျခင္း ျဖစ္သည္။

“ LNG သယ္လာတဲ့ ကုန္တင္ သေဘၤာ ႏွစ္စင္းက CNTIC Vpower ကုမၸဏီကို ပို႔ေဆာင္ၿပီးပါၿပီ။ အေရွ႕ေတာင္ အာရွမွာ LNG သုံးဆြဲမႈ သမိုင္းသစ္ျဖစ္လာပါၿပီ”ဟု Abdul Aziz Othman ကဆိုသည္။

ျမန္မာႏိုင္ငံက LNG ကို သန႔္ရွင္းသည့္ စြမ္းအင္အျဖစ္ အသုံးျပဳသည့္ ေနာက္ဆုံးႏိုင္ငံျဖစ္လာၿပီး Petronas ကုမၸဏီက ေရရွည္ေထာက္ပံ့သြားမည့္ မိတ္ဖက္အျဖစ္တည္ရွိသြားမည္ဟု ၎ကဆက္ေျပာသည္။

CNTIC Vpower ကုမၸဏီအေနျဖင့္ ေနာက္ထပ္ LNG မ်ား ပို႔ ေဆာင္ေရးႏွင့္ပတ္သက္၍ ေဆာင္႐ြက္ေနၿပီး ယင္းသို႔ေဆာင္႐ြက္ျခင္းက အရွိန္အဟုန္ျဖင့္ ႀကီးထြားလာေနေသာ ျမန္မာ့ဓာတ္ေငြ႕ လုပ္ငန္းတြင္ ၎တို႔၏အမာခံေျခကုပ္ေနရာရရွိေရး အဆင္ေျပ ေခ်ာေမြ႕ေစလိမ့္မည္ဟု Petronas ကဆိုထားသည္။

ဇြန္လ ၄ ရက္က Vpower ကုမၸဏီသည္ မေကြးတိုင္းေဒသၾကီး ကြၽန္းေခ်ာင္းရွိ ၂၃ ဒသမ ၃ မဂၢါဝပ္ရွိ ဓာတ္အားေပးစက္႐ုံ တြင္ စီးပြားျဖစ္လုပ္ငန္းလည္ပတ္မႈမ်ား စတင္ခဲ့သည္။

ေမလႏွင့္ ဇြန္လအတြင္း LNGမ်ားကို ပမာဏႀကီးႀကီးမားမားဝယ္ယူရန္ ၂၀၂၀ ႏွစ္ဆန္းပိုင္းတြင္ သေဘာတူခဲ့ၿပီးေနာက္ ယခုလို ျမန္မာႏိုင္ငံကို ေရာက္ရွိလာျခင္းျဖစ္သည္။

ေဟာင္ေကာင္ကုမၸဏီႏွင့္ petronas ကုမၸဏီၾကား သဘာဝဓာတ္ေငြ႕ရည္ လီတာသန္း ၁၉၀ကို ဝယ္ယူရန္ သေဘာတူညီခဲ့ျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံကို ဒုတိယေျမာက္ ဓာတ္ေငြ႕ရည္တင္ သေဘၤာသည္ ဇြန္ ၃ ရက္တြင္ ဆိုက္ကပ္ခဲ့သည္ဟုဆိုသည္။

၂၀၂၀ ေႏြရာသီတြင္ ေႏြရာသီမီးမပ်က္ေစေရးအတြက္ အစိုးရက ဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံ ၅ ႐ုံမွလွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၁,၀၄၀ ဝယ္ယူရန္ အစိုးရက ၂၀၁၉ ဇြန္လတြင္ စီစဥ္ခဲ့သည္။ ေဟာင္ေကာင္အေျခစိုက္ V-power ကုမၸဏီက စီမံကိန္း ေလးခုသည္ စုစုေပါင္း ဓာတ္အား ၉၂၀ မဂၢါဝပ္ထုတ္လုပ္ရန္ လုပ္ကိုင္ခြင့္ရခဲ့သည္။

ကုမၸဏီက တင္ဒါရရွိသည့္ စီမံကိန္းမ်ားမွာ LNG (သဘာ၀ ဓာတ္ေငြ႕ရည္)ျဖင့္ လွ်ပ္စစ္ထုတ္လုပ္ေသာစီမံကိန္းသုံးခုႏွင့္ သဘာဝဓာတ္ေငြ႕မွ လွ်ပ္စစ္ထုတ္လုပ္ေသာ စီမံကိန္းတစ္ခုတို႔ျဖစ္ သည္။ LNG စီမံကိန္းသုံးခုမွာ ေက်ာက္ျဖဴတြင္ မဂၢါဝပ္ ၁၅၀၊ သန္လ်င္တြင္ မဂၢါဝပ္ ၃၅၀၊ သာ ေကတတြင္ မဂၢါဝပ္ ၄၀၀ ျဖစ္ သည္။ သဘာဝဓာတ္ေငြ႕စီမံကိန္း ကို ကြၽန္းေခ်ာင္းတြင္ ေဆာင္႐ြက္ မည္ျဖစ္ၿပီး မဂၢါဝပ္ ၂၀ ျဖစ္သည္။

ေဟာင္ေကာင္အေျခစိုက္ ဓာတ္အားျဖန႔္ျဖဴးေရး ကုမၸဏီ သည္ တ႐ုတ္အမ်ိဳးသား နည္းပညာဆိုင္ရာ သြင္းကုန္ႏွင့္ပို႔ကုန္ ပူးေပါင္းေဆာင္႐ြက္ေရး လုပ္ငန္း စု CNTIC ၏ လက္ေအာက္ခံ ကုမၸဏီျဖစ္သည္။

တ႐ုတ္ႏိုင္ငံပိုင္ CNTIC ကုမၸဏီက ျမန္မာ၊ ဘဂၤလားေဒ့ရွ္ ႏွင့္ ဂါနာကဲ့သို႔ေသာ တိုင္းျပည္မ်ားတြင္ စြမ္းအင္က႑အတြက္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ပံ့ပိုးေပးေနသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service