ချင်းပြည်နယ်၏ ပထမဦးဆုံးလေဆိပ် ဆူရ်ဘုန်လေဆိပ်ကို ဇွန်လအတွင်းဖွင့်လှစ်ရန် စီစဉ်ထား - Property News in Myanmar from iMyanmarHouse.com
1639 Views

ချင်းပြည်နယ်၏ ပထမဦးဆုံးလေဆိပ် ဆူရ်ဘုန်လေဆိပ်ကို ဇွန်လအတွင်းဖွင့်လှစ်ရန် စီစဉ်ထား

[Unicode]

ချင်းပြည်နယ်၏ ပထမဦးဆုံးလေဆိပ်ဖြစ်သည့် ဖလမ်းမြို့နယ်ရှိ ဆူရ်ဘုန်လေဆိပ်ကို ဇွန်လအတွင်းဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးကပြောသည်။

ထိုလေဆိပ်သည် ATR 72 ခရီးသည်တင် လေယာဉ်များ ဆင်းသက်နိုင်ရန် တည်ဆောက်ထားသည့် လေယာဉ်ကွင်းဖြစ်ပြီး လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်သည်။

အဆိုပါလေယာဉ်ကွင်းသည် ပြေးလမ်းအလျားပေ ၆,၀၀၀ နှင့်အနံပေ ၁၀၀ ခန့်ရှိပြီးဘတ်ဂျက် ကျပ် ၃၇ ဘီလီယံအသုံးပြုရန်လျာထားသည်။မူလအစီအစဉ်အရ ၂၀၁၆-၂၀၁၇ ခုနှစ်တွင်လုပ်ငန်းစတင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်မယ်လို့လျာထားခဲ့ခြင်းဖြစ်သည်။

တောင်တန်းများ ထူထပ်သည့် ချင်းပြည်နယ်အတွက် ဆူရ်ဘုန်လေဆိပ်က အလွယ်ကူဆုံးသော ဝင်ပေါက်၊ ထွက်ပေါက်တစ်ခု ဖြစ်လာမည်ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မျှော်မှန်းထားသည်။

ထိုလေဆိပ်သည် ချင်းပြည်နယ်၏ အလယ်ပိုင်းတွင်တည်ရှိပြီး အဆိုပါ လေဆိပ်မှ ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ် ရေကန်စသည့် နေရာများသို့လည်း ချိတ်ဆက်ပြီး သွားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခုရှိပြီး ဆူရ်ဘုန်လေဆိပ်သည် ပြည်တွင်းလေဆိပ်များနှင့် ချိတ်ဆက်ပျံသန်းမည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ခ်င္းျပည္နယ္၏ ပထမဦးဆုံးေလဆိပ္ ဆူရ္ဘုန္ေလဆိပ္ကို ဇြန္လအတြင္းဖြင့္လွစ္ရန္ စီစဥ္ထား

ခ်င္းျပည္နယ္၏ ပထမဦးဆုံးေလဆိပ္ျဖစ္သည့္ ဖလမ္းၿမိဳ႕နယ္ရွိ ဆူရ္ဘုန္ေလဆိပ္ကို ဇြန္လအတြင္းဖြင့္လွစ္ရန္ စီစဥ္ထားေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေ႐ႊထီးအိုးကေျပာသည္။

ထိုေလဆိပ္သည္ ATR 72 ခရီးသည္တင္ ေလယာဥ္မ်ား ဆင္းသက္ႏိုင္ရန္ တည္ေဆာက္ထားသည့္ ေလယာဥ္ကြင္းျဖစ္ၿပီး လက္ရွိတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနဆဲျဖစ္သည္။

အဆိုပါေလယာဥ္ကြင္းသည္ ေျပးလမ္းအလ်ားေပ ၆,၀၀၀ ႏွင့္အနံေပ ၁၀၀ ခန႔္ရွိၿပီးဘတ္ဂ်က္ က်ပ္ ၃၇ ဘီလီယံအသုံးျပဳရန္လ်ာထားသည္။မူလအစီအစဥ္အရ ၂၀၁၆-၂၀၁၇ ခုႏွစ္တြင္လုပ္ငန္းစတင္ခဲ့ၿပီး ၂၀၂၁-၂၀၂၂ ခုႏွစ္တြင္ ဖြင့္လွစ္မယ္လို႔လ်ာထားခဲ့ျခင္းျဖစ္သည္။

ေတာင္တန္းမ်ား ထူထပ္သည့္ ခ်င္းျပည္နယ္အတြက္ ဆူရ္ဘုန္ေလဆိပ္က အလြယ္ကူဆုံးေသာ ဝင္ေပါက္၊ ထြက္ေပါက္တစ္ခု ျဖစ္လာမည္ဟု ပို႔ေဆာင္ေရး ႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနက ေမွ်ာ္မွန္းထားသည္။

ထိုေလဆိပ္သည္ ခ်င္းျပည္နယ္၏ အလယ္ပိုင္းတြင္တည္ရွိၿပီး အဆိုပါ ေလဆိပ္မွ ဖလမ္းၿမိဳ႕၊ လုံပီးေတာင္၊ ဟားခါး၊ ထန္တလန္၊ တီးတိန္၊ ရိဒ္ ေရကန္စသည့္ ေနရာမ်ားသို႔လည္း ခ်ိတ္ဆက္ၿပီး သြားႏိုင္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ အျပည္ျပည္ဆိုင္ရာေလဆိပ္ သုံးခုႏွင့္ ျပည္တြင္းေလဆိပ္ ၃၁ ခုရွိၿပီး ဆူရ္ဘုန္ေလဆိပ္သည္ ျပည္တြင္းေလဆိပ္မ်ားႏွင့္ ခ်ိတ္ဆက္ပ်ံသန္းမည္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service