အီးယူက မြန်မာအထည်ချုပ်လုပ်သား ၉၆၀၀ ကျော်ကို မေအတွက် ငွေကြေးထောက်ပံ့ပြီးဟုဆို - Property News in Myanmar from iMyanmarHouse.com
742 Views

အီးယူက မြန်မာအထည်ချုပ်လုပ်သား ၉၆၀၀ ကျော်ကို မေအတွက် ငွေကြေးထောက်ပံ့ပြီးဟုဆို

[Unicode]

ဥရောပသမဂ္ဂ (အီးယူ) ၏ မြန်ကူအစီအစဉ်အရ မေလ အတွင်း စက်ရုံ ၁၀၀ ခန့်မှ အလုပ်သမား ၉,၆၀၀ ကျော်ကို ငွေကြေး ထောက်ပံ့ပြီးကြောင်း ဥရောပ သမဂ္ဂထောက်ပံ့မှုဖြင့် အထည်ချုပ်လုပ်သားများစွမ်းရည်မြင့်မားရေး ဆောင်ရွက်နေသည့် Smart Textile and Garment အဖွဲ့က ထုတ်ပြန်သည်။

မြန်ကူသည် အလုပ်ထုတ် ပယ်ခံရသည့် အထည်ချုပ်ဝန်ထမ်းများအတွက် မေ၊ ဇွန်၊ ဇူလိုင် သုံးလစာကို အီးယူက တိုက်ရိုက်ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်ပြီး ထို့အတွက် စုစုပေါင်း ယူရိုငါးသန်း အသုံးပြုထားခြင်း ဖြစ်သည်။

မြန်ကူ (MyanKu) ဟု အမည်ပေးထားသည့် ထိုအစီအစဉ်တွင် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများအတွက် တစ်လ ၇၅,၀၀၀ ကျပ်နှင့် ပုံမှန်မဟုတ်ဘဲ အလုပ်နားခံရသည့် အလုပ်သမားများအတွက် ၁၂၅,၀၀၀ ကျပ် ထောက်ပံ့ခြင်းဖြစ်ပြီး အလုပ်သမား၏ လက်ကိုင်ဖုန်းကို WAVE Money ဖြင့် တိုက်ရိုက် ထောက်ပံ့ခြင်းဖြစ်သည်။

မြန်ကူက အလုပ်သမား ၉၀,၀၀၀ ကို ထောက်ပံ့ရန် ခန့် မှန်းထားပြီး အထည်ချုပ်ကဏ္ဍတွင် နိုင်ငံတကာဝယ်လက်များ အဝယ်အမှာစာများ ပယ်ဖျက် ခြင်း၊ ကြန့်ကြာခြင်းနှင့် လျော့နည်းခြင်းကြောင့် ဥရောပသမဂ္ဂ က ကူညီခြင်းဖြစ်သည် ။

မြန်ကူ (Myan Ku) စီမံကိန်းအတွက် ရန်ပုံငွေကို United Nations Office for Project Services (UNOPS) မှ စီမံခန့်ခွဲ သည့် လူသားချင်းစာနာမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု Peace Nexus Response Mechanism (NRM) မှတစ်ဆင့်ရယူခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အထည်ချုပ် ကဏ္ဍတွင် အလုပ်လက်မဲ့ဖြစ်သူ ၂၅,၀၀၀ ကျော်ရှိသည်ဟု အီးယူသံအမတ်က ဆိုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အီးယူက ျမန္မာအထည္ခ်ဳပ္လုပ္သား ၉၆၀၀​ ေက်ာ္ကို ​ေမအတြက္ ​ေငြ​ေၾကးေထာက္ပံ့ၿပီးဟုဆို

ဥေရာပသမဂၢ (အီးယူ) ၏ ျမန္ကူအစီအစဥ္အရ ေမလ အတြင္း စက္႐ုံ ၁၀၀ ခန႔္မွ အလုပ္သမား ၉,၆၀၀ ေက်ာ္ကို ေငြေၾကး ေထာက္ပံ့ၿပီးေၾကာင္း ဥေရာပ သမဂၢေထာက္ပံ့မႈျဖင့္ အထည္ခ်ဳပ္လုပ္သားမ်ားစြမ္းရည္ျမင့္မားေရး ေဆာင္႐ြက္ေနသည့္ Smart Textile and Garment အဖြဲ႕က ထုတ္ျပန္သည္။

ျမန္ကူသည္ အလုပ္ထုတ္ ပယ္ခံရသည့္ အထည္ခ်ဳပ္ဝန္ထမ္းမ်ားအတြက္ ေမ၊ ဇြန္၊ ဇူလိုင္ သုံးလစာကို အီးယူက တိုက္႐ိုက္ေထာက္ပံ့ေပးသည့္ အစီအစဥ္ျဖစ္ၿပီး ထို႔အတြက္ စုစုေပါင္း ယူ႐ိုငါးသန္း အသုံးျပဳထားျခင္း ျဖစ္သည္။

ျမန္ကူ (MyanKu) ဟု အမည္ေပးထားသည့္ ထိုအစီအစဥ္တြင္ အလုပ္လက္မဲ့ျဖစ္သြားသည့္ အလုပ္သမားမ်ားအတြက္ တစ္လ ၇၅,၀၀၀ က်ပ္ႏွင့္ ပုံမွန္မဟုတ္ဘဲ အလုပ္နားခံရသည့္ အလုပ္သမားမ်ားအတြက္ ၁၂၅,၀၀၀ က်ပ္ ေထာက္ပံ့ျခင္းျဖစ္ၿပီး အလုပ္သမား၏ လက္ကိုင္ဖုန္းကို WAVE Money ျဖင့္ တိုက္႐ိုက္ ေထာက္ပံ့ျခင္းျဖစ္သည္။

ျမန္ကူက အလုပ္သမား ၉၀,၀၀၀ ကို ေထာက္ပံ့ရန္ ခန႔္ မွန္းထားၿပီး အထည္ခ်ဳပ္က႑တြင္ ႏိုင္ငံတကာဝယ္လက္မ်ား အဝယ္အမွာစာမ်ား ပယ္ဖ်က္ ျခင္း၊ ၾကန႔္ၾကာျခင္းႏွင့္ ေလ်ာ့နည္းျခင္းေၾကာင့္ ဥေရာပသမဂၢ က ကူညီျခင္းျဖစ္သည္ ။

ျမန္ကူ (Myan Ku) စီမံကိန္းအတြက္ ရန္ပုံေငြကို United Nations Office for Project Services (UNOPS) မွ စီမံခန႔္ခြဲ သည့္ လူသားခ်င္းစာနာမႈဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈ Peace Nexus Response Mechanism (NRM) မွတစ္ဆင့္ရယူျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ အထည္ခ်ဳပ္ က႑တြင္ အလုပ္လက္မဲ့ျဖစ္သူ ၂၅,၀၀၀ ေက်ာ္ရွိသည္ဟု အီးယူသံအမတ္က ဆိုထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service