မြရည်နန္ဒာတန်ဖိုးမျှတ တိုက်ခန်းတွေ ဝယ်ခွင့်ရရှိထားသည့်သူတွေအတွက် အခန်းနံပါတ်နှင့် အခန်းတွေကို ဇွန်လဆန်မှာ မဲဖောက်ကာ ရောင်းချသွားမည် - Property News in Myanmar from iMyanmarHouse.com
970 Views

မြရည်နန္ဒာတန်ဖိုးမျှတ တိုက်ခန်းတွေ ဝယ်ခွင့်ရရှိထားသည့်သူတွေအတွက် အခန်းနံပါတ်နှင့် အခန်းတွေကို ဇွန်လဆန်မှာ မဲဖောက်ကာ ရောင်းချသွားမည်

[Unicode]

မြရည်နန္ဒာတန်ဖိုးမျှတ တိုက်ခန်းတွေ ဝယ်ခွင့်ရရှိထားသည့်သူတွေအတွက် အခန်းနံပါတ်နှင့် အခန်းတွေကို ဇွန်လဆန်မှာ မဲဖောက်ကာ ရောင်းချသွားမည်။

မြရည်နန္ဒာအိမ်ရာမှ တန်ဖိုးမျှတတိုက်ခန်းစုစုပေါင်း (၅၈၆) ခန်းကို ဝယ်ယူခွင့်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် မတ်လ (၁၀)ရက်နေ့က လျှောက်ထားသူအားလုံးကို အောင်ဘာလေစနစ်ကို အသုံးပြုပြီး ပွင့်လင်းမြင်သာစွာနှင့် မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါသည်။

ဝယ်ယူခွင့်ရရှိသူများအနေဖြင့် တိုက်ခန်းနေရာမဲမနှိုက်မီတွင် အာမခံစပေါ်ငွေ ကျပ်သိန် (၂၀)ကို အရင်ပေးသွင်းရမည်ပဲဖြစ်ပါသည်။ (၁၉၈) ဦးမှာ ပေးသွင်းပြီးဖြစ်ပေမည့် ပေးသွင်းရန် ကျန်သူ (၃၈၈)ဦးတို့အတွက်ကိုလည်း အာမခံစပေါ်ငွေ ပေးသွင်းနိုင်စေဖို့အတွက် မန္တလေးမြို့၊ မြို့တော်ခန်းမတွင် မေလ (၁၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရက်သတ်မှတ်ထားရှိပြီးလက်ခံပေးနေကြောင်းသိရပါသည်။

တိုက်ခန်းဝယ်ယူခွင့်ရရှိပြီးသူတွေအတွက် ဇွန်လဆန်းတွင် မဲစနစ်နဲ့ပဲ အထပ်နဲ့အခန်းနံပါတ်များကို ထပ်မံရွေးချယ်ပေးသွားမည်လို့ သိရပြီး ဇွန်လ (၁)ရက်နေ့တွင် နိုင်ငံဝန်ထမ်းများ (၂)ရက်နေ့ကို အငြိမ်းစားဝန်ထမ်းများ (၃)ရက်နေ့တွင် ပြည်သူလူထုလျှောက်လွှာများ (၄)ရက်နေ့တွင် ကုမ္ပဏီဝန်ထမ်းများဆိုပြီး ရက်ခွဲခြားသတ်မှတ်ကာ စနစ်တကျမဲနှိုက်ပေးသွားမည်ဟု သိရပါသည်။

အဲဒီလို မဲနှိုက်ရွေးချယ်ရာတွင် Social Distancing စနစ်တကျပြုလုပ်ဆောင်ရွက်သွားမည်ဟုသိရပြီး အငြိမ်းစား ဝန်ထမ်းများမှ အပ အခြားပုဂ္ဂိုလ်များအနေဖြင့် လူပိုအဖော်ခေါ်လာခြင်းမပြုရန်အတွက်ကိုလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မေတ္တာရပ်ခံထားကြောင်း သိရပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျမရည္နႏၵာတန္ဖိုးမွ်တ တိုက္ခန္းေတြ ဝယ္ခြင့္ရရွိထားသည့္သူေတြအတြက္ အခန္းနံပါတ္ႏွင့္ အခန္းေတြကို ဇြန္လဆန္မွာ မဲေဖာက္ကာ ေရာင္းခ်သြားမည္

ျမရည္နႏၵာတန္ဖိုးမွ်တ တိုက္ခန္းေတြ ဝယ္ခြင့္ရရွိထားသည့္သူေတြအတြက္ အခန္းနံပါတ္ႏွင့္ အခန္းေတြကို ဇြန္လဆန္မွာ မဲေဖာက္ကာ ေရာင္းခ်သြားမည္။

ျမရည္နႏၵာအိမ္ရာမွ တန္ဖိုးမွ်တတိုက္ခန္းစုစုေပါင္း (၅၈၆) ခန္းကို ဝယ္ယူခြင့္ႏွင့္ပတ္သက္ၿပီး ၿပီးခဲ့သည့္ မတ္လ (၁၀)ရက္ေန႔က ေလွ်ာက္ထားသူအားလုံးကို ေအာင္ဘာေလစနစ္ကို အသုံးျပဳၿပီး ပြင့္လင္းျမင္သာစြာႏွင့္ မဲႏႈိက္ေ႐ြးခ်ယ္ေပးခဲ့ၿပီး ျဖစ္တယ္လို႔ သိရပါသည္။

ဝယ္ယူခြင့္ရရွိသူမ်ားအေနျဖင့္ တိုက္ခန္းေနရာမဲမႏႈိက္မီတြင္ အာမခံစေပၚေငြ က်ပ္သိန္ (၂၀)ကို အရင္ေပးသြင္းရမည္ပဲျဖစ္ပါသည္။ (၁၉၈) ဦးမွာ ေပးသြင္းၿပီးျဖစ္ေပမည့္ ေပးသြင္းရန္ က်န္သူ (၃၈၈)ဦးတို႔အတြက္ကိုလည္း အာမခံစေပၚေငြ ေပးသြင္းႏိုင္ေစဖို႔အတြက္ မႏၲေလးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမတြင္ ေမလ (၁၃)ရက္ေန႔မွ (၂၅)ရက္ေန႔အထိ ရက္သတ္မွတ္ထားရွိၿပီးလက္ခံေပးေနေၾကာင္းသိရပါသည္။

တိုက္ခန္းဝယ္ယူခြင့္ရရွိၿပီးသူေတြအတြက္ ဇြန္လဆန္းတြင္ မဲစနစ္နဲ႔ပဲ အထပ္နဲ႔အခန္းနံပါတ္မ်ားကို ထပ္မံေ႐ြးခ်ယ္ေပးသြားမည္လို႔ သိရၿပီး ဇြန္လ (၁)ရက္ေန႔တြင္ ႏိုင္ငံဝန္ထမ္းမ်ား (၂)ရက္ေန႔ကို အၿငိမ္းစားဝန္ထမ္းမ်ား (၃)ရက္ေန႔တြင္ ျပည္သူလူထုေလွ်ာက္လႊာမ်ား (၄)ရက္ေန႔တြင္ ကုမၸဏီဝန္ထမ္းမ်ားဆိုၿပီး ရက္ခြဲျခားသတ္မွတ္ကာ စနစ္တက်မဲႏႈိက္ေပးသြားမည္ဟု သိရပါသည္။

အဲဒီလို မဲႏႈိက္ေ႐ြးခ်ယ္ရာတြင္ Social Distancing စနစ္တက်ျပဳလုပ္ေဆာင္႐ြက္သြားမည္ဟုသိရၿပီး အၿငိမ္းစား ဝန္ထမ္းမ်ားမွ အပ အျခားပုဂၢိဳလ္မ်ားအေနျဖင့္ လူပိုအေဖာ္ေခၚလာျခင္းမျပဳရန္အတြက္ကိုလည္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ေမတၱာရပ္ခံထားေၾကာင္း သိရပါသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service