COVID-19 အလွန် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် ကမ္ဘာဘဏ်မှ ချေးငွေ ဒေါ်လာ သန်း ၂၀၀ ချေးရန် အစိုးရက လွှတ်တော်တင် - Property News in Myanmar from iMyanmarHouse.com
916 Views

COVID-19 အလွန် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် ကမ္ဘာဘဏ်မှ ချေးငွေ ဒေါ်လာ သန်း ၂၀၀ ချေးရန် အစိုးရက လွှတ်တော်တင်

[Unicode]

COVID-19 အလွန် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) တို့ထံမှ ဒေါ်လာသန်း ၂၀၀ ချေးငွေရယူရန် အစိုးရက လွှတ်တော်ကို တင်ပြသည်။

ထိုစီမံကိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမ ကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုမည့်အစီအစဉ်များ၊ စိုက်ပျိုးရေးဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းအားကို အရှိန်ဟုန်မြှင့်တင်ရေး နှင့် COVID-19ကြောင့် ထိခိုက်သည့် လုပ်ကွက်ငယ်တောင်သူများအတွက် ချေးငွေပေးခြင်းတို့ပါဝင်မည်ဟု စီမံကိန်း၊ ဘဏ္ဍရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

ထိုပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်ကလည်း “COVID-19 ကြောင့် လယ်ယာကဏ္ဍနဲ့ လယ်သမားများ ကျေးလက်နေပြည်သူများရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကနေကြံ့ ကြံ့ခံ ကျော်လွှားနိုင်အောင်ပံ့ပိုး ပေးနိုင်ရေး၊ ပြည်သူတွေ ဘေးကင်းတဲ့ အာဟာရစားနပ်ရိက္ခာ တွေစားသုံးနိုင်ရန် စဉ်ဆက်မပြတ် ပံ့ပိုးနိုင်ရေး အစီအမံများလည်း ပါဝင်ပါတယ်”ဟု ပြောသည်။

စိုက်ပျိုး‌ရေးနှင့်မွေးမြူရေးသည် COVID-19 အလွန်ကာလတွင် စီးပွားရေးပြန်လည်ထူထောင်ရန် အခွင့်အလန်းအကောင်းဆုံးဖြစ်၍ ချေးငွေပံ့ပိုးသင့်ဟု ဒုဝန်ကြီးဦးမောင်မောင်ဝင်းကပြောသည်။

ထိုချေးငွေသက်တမ်းသည် နှစ် ၃၀ဖြစ်ပြီး ဆိုင်းငံ့ကာလမှ ငါးနှစ်ဖြစ်သည်။ အတိုးနှုန်းမှာ ၁ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်ခမှာ ၀ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းရေးရာဝန်ကြီးဌာနသည် ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက် အထိ ပြည်ပကြွေးမြီ ဒေါ်လာ ၁ ဒသမ ၁၃၁ ဘီလီယံထိရှိပြီး သန်း ၂၀၀ကျော် ပြန်ပေးဆပ် ပြီးဖြစ်သည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 အလြန္ စားနပ္ရိကၡာႏွင့္ စိုက္ပ်ိဳးေရးအတြက္ ကမာၻဘဏ္မွ ေခ်းေငြ ေဒၚလာ သန္း ၂၀၀ ေခ်းရန္ အစိုးရက လႊတ္ေတာ္တင္

COVID-19 အလြန္ စားနပ္ရိကၡာႏွင့္ စိုက္ပ်ိဳးေရးက႑အတြက္ ကမာၻ႔ဘဏ္၏ အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးေရးအဖြဲ႕ (IDA) တို႔ထံမွ ေဒၚလာသန္း ၂၀၀ ေခ်းေငြရယူရန္ အစိုးရက လႊတ္ေတာ္ကို တင္ျပသည္။

ထိုစီမံကိန္းသည္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ သမဝါယမ က႑၏ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈ အေထာက္အကူျပဳမည့္အစီအစဥ္မ်ား၊ စိုက္ပ်ိဳးေရးေဈးကြက္ ယွဥ္ၿပိဳင္ႏိုင္စြမ္းအားကို အရွိန္ဟုန္ျမႇင့္တင္ေရး ႏွင့္ COVID-19ေၾကာင့္ ထိခိုက္သည့္ လုပ္ကြက္ငယ္ေတာင္သူမ်ားအတြက္ ေခ်းေငြေပးျခင္းတို႔ပါဝင္မည္ဟု စီမံကိန္း၊ ဘ႑ေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာသည္။

ထိုျပင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးလွေက်ာ္ကလည္း “COVID-19 ေၾကာင့္ လယ္ယာက႑နဲ႔ လယ္သမားမ်ား ေက်းလက္ေနျပည္သူမ်ားရဲ႕ ဆိုးက်ိဳးသက္ေရာက္မႈေတြကေနႀကံ့ ႀကံ့ခံ ေက်ာ္လႊားႏိုင္ေအာင္ပံ့ပိုး ေပးႏိုင္ေရး၊ ျပည္သူေတြ ေဘးကင္းတဲ့ အာဟာရစားနပ္ရိကၡာ ေတြစားသုံးႏိုင္ရန္ စဥ္ဆက္မျပတ္ ပံ့ပိုးႏိုင္ေရး အစီအမံမ်ားလည္း ပါဝင္ပါတယ္”ဟု ေျပာသည္။

စိုက္ပ်ိဳး‌ေရးႏွင့္ေမြးျမဴေရးသည္ COVID-19 အလြန္ကာလတြင္ စီးပြားေရးျပန္လည္ထူေထာင္ရန္ အခြင့္အလန္းအေကာင္းဆုံးျဖစ္၍ ေခ်းေငြပံ့ပိုးသင့္ဟု ဒုဝန္ႀကီးဦးေမာင္ေမာင္ဝင္းကေျပာသည္။

ထိုေခ်းေငြသက္တမ္းသည္ ႏွစ္ ၃၀ျဖစ္ၿပီး ဆိုင္းငံ့ကာလမွ ငါးႏွစ္ျဖစ္သည္။ အတိုးႏႈန္းမွာ ၁ ဒသမ ၂၅ ရာခိုင္ႏႈန္းႏွင့္ ဝန္ေဆာင္ခမွာ ၀ ဒသမ ၇၅ ရာခိုင္ႏႈန္းျဖစ္သည္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းေရးရာဝန္ႀကီးဌာနသည္ ၂၀၁၉ ဒီဇင္ဘာ ၃၁ ရက္ အထိ ျပည္ပေႂကြးၿမီ ေဒၚလာ ၁ ဒသမ ၁၃၁ ဘီလီယံထိရွိၿပီး သန္း ၂၀၀ေက်ာ္ ျပန္ေပးဆပ္ ၿပီးျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service