ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းပမာဏ ရဲ့ တဝက်ကျော် ရရှိထား - Property News in Myanmar from iMyanmarHouse.com
706 Views

ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းပမာဏ ရဲ့ တဝက်ကျော် ရရှိထား

[Unicode]

လက်ရှိ ဘဏ္ဍာနှစ်မှာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအရ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၅ ဒဿမ ၈ ဘီလီယံရရှိဖို့မျှော်မှန်းထား ပြီး မျှော်မှန်းချက်ပမာဏ ရဲ့ တဝက်ကျော်ကို ရရှိနေပြီလို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၃ ဒဿမ ၄ ဘီလီယံအထိ ရရှိထားပေမယ့် အရင်နှစ် အလားတူ ကာလနဲ့ ယှဉ်ရင်တော့ နည်းပါးတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကနေသိရပါတယ်။

ပြီးခဲ့တဲ့နှစ် အလားတူကာလတုန်းကတော့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရရှိခဲ့တာပါ။

လက်ရှိမှာလည်း အသစ်လျှောက်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရှိပြီး တန်ဖိုးကတော့ ကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ နီးပါးရှိကာ လိုအပ်ချုပ်တွေကို စိစစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်အထိ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဟာ အများဆုံးဖြစ်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ စင်ကာပူနိုင်ငံဖြစ်ပြီး တရုတ်၊ ထိုင်း၊ ဟောင်ကောင်နဲ့ ဗြိတိန်တို့က အသီးသီးရင်းနှီးမြှုပ်နှံမှု အများဆုံးရှိနေတာပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို စတင်ခွင့်ပြုပေးတဲ့အချိန်က ရေနံနဲ့ သဘာဝဓတ်ငွေ့ ကဏ္ဍက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ လျှပ်စစ်ကဏ္ဍနဲ့ တတိယကတော့ စက်မှုကဏ္ဍဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အခုနှစ်မှာတော့ လျှပ်စစ်ကဏ္ဍ၊ အိမ်ရာကဏ္ဍနဲ့ စက်မှုကဏ္ဍတွေကို အများဆုံးရင်းနှီးမြှုပ်နှံလာတာကို တွေ့ရပါတယ်။

စက်မှုကဏ္ဍအနေနဲ့ လုပ်သားအင်အားများပြားတာ၊ လုပ်ခလစာသက်သာတာ၊ သယ်ယူပို့ဆောင်မှုတွေ အဆင်ပြေတာကြောင့် ပိုလိုလုပ်ကိုင်လာကြပြီး ကုန်ချောပေး ကုန်ချောယူ CMP လုပ်ငန်းတွေပိုများတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံတွင်း CMP လုပ်ငန်းတွေကဆက်ပြီး တိုးတက်လာဖို့ မျှော်မှန်းထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရင္းႏွီးျမႇဳပ္ႏွံမႈ ေမွ်ာ္မွန္းပမာဏ ရဲ႕ တဝက္ေက်ာ္ ရရွိထား

လက္ရွိ ဘ႑ာႏွစ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈ စီမံကိန္းအရ ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ ေဒၚလာ ၅ ဒႆမ ၈ ဘီလီယံရရွိဖို႔ေမွ်ာ္မွန္းထား ၿပီး ေမွ်ာ္မွန္းခ်က္ပမာဏ ရဲ႕ တဝက္ေက်ာ္ကို ရရွိေနၿပီလို႔ သိရပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ ကန္ေဒၚလာ ၃ ဒႆမ ၄ ဘီလီယံအထိ ရရွိထားေပမယ့္ အရင္ႏွစ္ အလားတူ ကာလနဲ႔ ယွဥ္ရင္ေတာ့ နည္းပါးတယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာနကေနသိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ အလားတူကာလတုန္းကေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏဟာ အေမရိကန္ေဒၚလာ ၄ ဘီလီယံေက်ာ္ရရွိခဲ့တာပါ။

လက္ရွိမွာလည္း အသစ္ေလွ်ာက္ထားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြရွိၿပီး တန္ဖိုးကေတာ့ ကန္ေဒၚလာ ၁ ဒႆမ ၃ ဘီလီယံ နီးပါးရွိကာ လိုအပ္ခ်ဳပ္ေတြကို စိစစ္ေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ သုံးႏွစ္အထိ ျမန္မာႏိုင္ငံကို ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈအေနနဲ႔ တ႐ုတ္ႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈဟာ အမ်ားဆုံးျဖစ္ခဲ့ေပမယ့္ ယခုႏွစ္မွာေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးမွာ စင္ကာပူႏိုင္ငံျဖစ္ၿပီး တ႐ုတ္၊ ထိုင္း၊ ေဟာင္ေကာင္နဲ႔ ၿဗိတိန္တို႔က အသီးသီးရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးရွိေနတာပါ။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြကို စတင္ခြင့္ျပဳေပးတဲ့အခ်ိန္က ေရနံနဲ႔ သဘာဝဓတ္ေငြ႕ က႑က အမ်ားဆုံးျဖစ္ၿပီး ဒုတိယအမ်ားဆုံးကေတာ့ လွ်ပ္စစ္က႑နဲ႔ တတိယကေတာ့ စက္မႈက႑ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ အခုႏွစ္မွာေတာ့ လွ်ပ္စစ္က႑၊ အိမ္ရာက႑နဲ႔ စက္မႈက႑ေတြကို အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံလာတာကို ေတြ႕ရပါတယ္။

စက္မႈက႑အေနနဲ႔ လုပ္သားအင္အားမ်ားျပားတာ၊ လုပ္ခလစာသက္သာတာ၊ သယ္ယူပို႔ေဆာင္မႈေတြ အဆင္ေျပတာေၾကာင့္ ပိုလိုလုပ္ကိုင္လာၾကၿပီး ကုန္ေခ်ာေပး ကုန္ေခ်ာယူ CMP လုပ္ငန္းေတြပိုမ်ားတယ္လို႔ ဆိုပါတယ္။

ဒါ့ေၾကာင့္ ျမန္မာႏိုင္ငံတြင္း CMP လုပ္ငန္းေတြကဆက္ၿပီး တိုးတက္လာဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနကေန သိရပါတယ္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service