တတိယအကြိမ် မီတာ ၇၅ ယူနစ် ကင်းလွတ်ခွင့်ထပ်ပေး - Property News in Myanmar from iMyanmarHouse.com
627 Views

တတိယအကြိမ် မီတာ ၇၅ ယူနစ် ကင်းလွတ်ခွင့်ထပ်ပေး

[Unicode]

COVID-19 ကာကွယ်၊ထိန်းချုပ်၊တားဆီးရေး ရက်တိုးမြှင့်ခဲ့သည့် မေ ၁၅ ရက်မှ ၃၁ ရက်ထိအတွက် လျှပ်စစ် ၇၅ ယူနစ်ကို ထပ်မံအခမဲ့ သုံးဆွဲခွင့်ပြုလိုက်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေ၂၅ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့ အခမဲ့ပေးလိုက်ခြင်းကြောင့် မေလအတွက် စုစုပေါင်း ယူနစ် ၁၅၀ အတွက် ကျပ် ၁၁၅၅၀ ကင်းလွတ်ခွင့်ရမည်ဟု ဝန်ကြီးဌာနကဆိုသည်။

COVID-19 ကာကွယ်၊ထိန်းချုပ်၊တားဆီးရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို မေလကုန်အထိ တိုးမြှင့်လိုက်ခြင်းကြောင့် ယခုလို ကင်းလွတ် ပေးလိုက်ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

ပထမတကြိမ်တိုးမြှင့်ခဲ့သည့် မေ ၁ ရက်မှ ၁၅ ရက်အတွင်း မီတာ ၇၅ ယူနစ်ကို အခမဲ့ကင်းလွတ်ပေးပြီး ဖြစ်သည်။ထိုကြောင့် ယခုဒုတိယကြိမ်တိုးမြှင့်မူအတွက် နောက်ထပ် ၇၅ ယူနစ်ကို ထပ်တိုးကင်းလွတ်ခွင့်ပေးလိုက်ခြင်းဖြစ်၍ စုစုပေါင်းယူနစ် ၁၅၀ ကင်းလွတ်ခွင့်ရမည်ဆိုသည်။

ထိုသို့ ဖြေလျှော့ပေးခြင်းသည် အိမ်သုံးမီတာသုံးပြည်သူများ ၊ ဘာသာရေးအဖွဲ့အစည်းများ၊ပြည်တွင်း လူမှုရေးအဖွဲ့အစည်း များသာ ပါဝင်သည်ဟုဆိုသည်။ ၎င်းတို့မှအပ ကျန်သုံးစွဲသူများ ကင်းလွတ်ခွင့်ရမည် မဟုတ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အိမ်သုံးမီတာမဟုတ်သည့် ပြည်တွင်းလူမူရေးအဖွဲ့အစည်းများလည်း ကင်းလွတ်ရမည်ဖြစ်သည်။

အိမ်သုံးမီတာသုံးဆွဲသူများသည် ယူနစ် ၁၅၀ ကျော်ပါက အလွှာလိုက် သတ်မှတ်ထားသည့်နှုန်း အတိုင်းပေးရမည်ဟု ဝန်ကြီးဌာနကဆိုသည်။

ဝန်ကြီးဌာနက ဧပြီအတွင်း လျှပ်စစ်ယူနစ် ၁၅၀ ကို အခမဲ့ပေးခဲ့ပြီး ထိုသို့ ပေးသုံးရာတွင် သုံးစွဲသူ ပြည်သူ အချို့က ကျသင့်ငွေ ၁၁,၅၅၀ ကျပ်ကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ ပြန်လည်လှူဒါန်းကြသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တတိယအႀကိမ္ မီတာ ၇၅ ယူနစ္ ကင္းလြတ္ခြင့္​ထပ္ေပး

COVID-19 ကာကြယ္၊ထိန္းခ်ဳပ္၊တားဆီးေရး ရက္တိုးျမႇင့္ခဲ့သည့္ ေမ ၁၅ ရက္မွ ၃၁ ရက္ထိအတြက္ လွ်ပ္စစ္ ၇၅ ယူနစ္ကို ထပ္မံအခမဲ့ သုံးဆြဲခြင့္ျပဳလိုက္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ေမ၂၅ ရက္တြင္ ထုတ္ျပန္သည္။

ထိုသို႔ အခမဲ့ေပးလိုက္ျခင္းေၾကာင့္ ေမလအတြက္ စုစုေပါင္း ယူနစ္ ၁၅၀ အတြက္ က်ပ္ ၁၁၅၅၀ ကင္းလြတ္ခြင့္ရမည္ဟု ဝန္ႀကီးဌာနကဆိုသည္။

COVID-19 ကာကြယ္၊ထိန္းခ်ဳပ္၊တားဆီးေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ေမလကုန္အထိ တိုးျမႇင့္လိုက္ျခင္းေၾကာင့္ ယခုလို ကင္းလြတ္ ေပးလိုက္ျခင္းျဖစ္သည္ဟု ဝန္ႀကီးဌာနကဆိုသည္။

ပထမတႀကိမ္တိုးျမႇင့္ခဲ့သည့္ ေမ ၁ ရက္မွ ၁၅ ရက္အတြင္း မီတာ ၇၅ ယူနစ္ကို အခမဲ့ကင္းလြတ္ေပးၿပီး ျဖစ္သည္။ထိုေၾကာင့္ ယခုဒုတိယႀကိမ္တိုးျမႇင့္မူအတြက္ ေနာက္ထပ္ ၇၅ ယူနစ္ကို ထပ္တိုးကင္းလြတ္ခြင့္ေပးလိုက္ျခင္းျဖစ္၍ စုစုေပါင္းယူနစ္ ၁၅၀ ကင္းလြတ္ခြင့္ရမည္ဆိုသည္။

ထိုသို႔ ေျဖေလွ်ာ့ေပးျခင္းသည္ အိမ္သုံးမီတာသုံးျပည္သူမ်ား ၊ ဘာသာေရးအဖြဲ႕အစည္းမ်ား၊ျပည္တြင္း လူမႈေရးအဖြဲ႕အစည္း မ်ားသာ ပါဝင္သည္ဟုဆိုသည္။ ၎တို႔မွအပ က်န္သုံးစြဲသူမ်ား ကင္းလြတ္ခြင့္ရမည္ မဟုတ္ေၾကာင္း ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အိမ္သုံးမီတာမဟုတ္သည့္ ျပည္တြင္းလူမူေရးအဖြဲ႕အစည္းမ်ားလည္း ကင္းလြတ္ရမည္ျဖစ္သည္။

အိမ္သုံးမီတာသုံးဆြဲသူမ်ားသည္ ယူနစ္ ၁၅၀ ေက်ာ္ပါက အလႊာလိုက္ သတ္မွတ္ထားသည့္ႏႈန္း အတိုင္းေပးရမည္ဟု ဝန္ႀကီးဌာနကဆိုသည္။

ဝန္ႀကီးဌာနက ဧၿပီအတြင္း လွ်ပ္စစ္ယူနစ္ ၁၅၀ ကို အခမဲ့ေပးခဲ့ၿပီး ထိုသို႔ ေပးသုံးရာတြင္ သုံးစြဲသူ ျပည္သူ အခ်ိဳ႕က က်သင့္ေငြ ၁၁,၅၅၀ က်ပ္ကို COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ တားဆီးေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီသို႔ ျပန္လည္လႉဒါန္းၾကသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service