ဆောက်လုပ်ရေးကုမ္ပဏီ (၄)ခုကို နာမည်ပျက်စာရင်းသွင်း - Property News in Myanmar from iMyanmarHouse.com
1963 Views

ဆောက်လုပ်ရေးကုမ္ပဏီ (၄)ခုကို နာမည်ပျက်စာရင်းသွင်း

[Unicode] တိုင်းဒေသကြီး သုံးခုမှ ဆောက်လုပ်ရေး ကုမ္ပဏီ (၄) ခုကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက မေ ၂၅ ရက်တွင် ထုတ်ပြန်သည်။

ထိုကုမ္ပဏီများသည် ရန်ကုန်၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များက ပေးပို့လာခြင်းဖြစ်သည်လည်း ဝန်ကြီးဌာနက ဆိုသည်။

၎င်းကုမ္ပဏီများတွင် ရန်ကုန်တိုင်းမှာ Pano Myanmar Yemon ကုမ္ပဏီ၊ စစ်ကိုင်းတိုင်းမှာ National Energy Group Construction ကုမ္ပဏီနှင့် မကွေးတိုင်းမှာ ပြည်စုံလျှံ၊ ဟိဏ်းမော်ကွန်းနှင့် နွေအရပ် ကုမ္ပဏီတို့ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တတိယအကြိမ်ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာခြင်းဖြစ်သည်။

ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက တည်ဆောက်ရေးနှင့် သက်ဆိုင်သော ကုမ္ပဏီ ၅၀ ခန့် ကို အမည်ပျက်စာရင်း ထည့်သွင်းခဲ့ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနက ၂၀၁၉ အောက်တိုဘာတွင် ကြေညာခဲ့သည်။

‘‘ဒီကုမ္ပဏီတွေက အစိုးရ တင်ဒါလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ခွင့်မရှိတော့ပါဘူး’’ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားထားသည်။

ထိုပြင် ၂၀၁၉ ဧပြီလ၂၃ ရက် တွင် ပထမဦးဆုံးအကြိမ်ဆောက်လုပ်ရေးကုမ္ပဏီ ၇၄ ခုကို ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက အမည်ပျက်စာရင်းသွင်း ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကုမ္ပဏီများတွင် ဝန်ကြီးဌာနခြောက်ခုက ကုမ္ပဏီ ၄၄ ခု၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက ခုနစ်ခုနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီက ကုမ္ပဏီ ၃၀ ပါဝင်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service