တရုတ် - မြန်မာ စီးပွားရေးစင်္ကနြ့်တစ်လျှောက် ဒေါ်လာ သန်း ၁၀၀ တန် မွေးမြူရေးဇုန်များ တည်ဆောက်ရန် အစိုးရ ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
1339 Views

တရုတ် - မြန်မာ စီးပွားရေးစင်္ကနြ့်တစ်လျှောက် ဒေါ်လာ သန်း ၁၀၀ တန် မွေးမြူရေးဇုန်များ တည်ဆောက်ရန် အစိုးရ ဖိတ်ခေါ်

[Unicode]

တရုတ် - မြန်မာစီးပွားရေး စင်္ကြံတစ်လျှောက်မွေးမြူရေး ထုတ်လုပ်ရေးဇုန်များတည် ဆောက်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကြောင်းအစိုးရက စီမံကိန်းဘဏ်တွင် ဖော်ပြသည်။

ထိုစီမံကိန်းများအတွက် ဒေါ်လာသန်း ၁၀၀ ကုန်ကျမည် ဖြစ်ပြီး မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်း ပြည်နယ်တို့တွင် ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ထိုစီမံကိန်းသည် တိုင်းပြည်၏မွေးမြူရေးကဏ္ဍတိုးတက်ရေးနှင့် ကျွဲနွားမွေး မြူရေးလုပ်ငန်းများတိုးတက်လာ စေရန်ဖြစ်ပြီး မွေးမြူရေးထုတ်ကုန်များ ကုန်သွယ်မှုမြင့်တက်လာရေး၊ အစားအစာဘေးကင်း လုံခြုံရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ လူနေမှုဘဝမြင့်မားစေ ရေးအတွက်ဖြစ်သည်ဟု ဆိုသည်။

စီမံကိန်းစတင်ရန် ယခု ဘဏ္ဍာနှစ်တွင် စီစဉ်ခဲ့ပြီး ၂၀၂၃ -၂၄ ဘဏ္ဍာနှစ်တွင် အပြီးသတ် ရန် စီစဉ်ထားသည်။

ထိုစီမံကိန်း နှင့်အတူမွေးမြူရေး သုတေသန နှင့် ဖွံ့ဖြိုးစင်တာကိုလည်းရန်ကုန်တိုင်း၊ အင်းစိန်တွင်တည်ထောင် ရန်ပါဝင်သည်ဟုဆိုသည်။

ထိုစင်တာသည် သုတေသန၊ မွေးမြူထုတ်လုပ်ရေးသင်တန်းများ၊ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရန်ဖြစ်သည်ဟု ဆိုထားသည်။

ထိုစီမံကိန်းများကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ခံဝန်ကြီး ဌာနက ဆောင်ရွက်မည်ဟုအစိုးရက ထုတ်ပြန်ထားသည်။

စီမံကိန်း ဘဏ်ကို ၂၀၁၉ တွင်စတင် ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ ရေးဆွဲထား သည့် စီမံကိန်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန သို့ အချက်အလက်ပေးပို့၍ စီမံကိန်းဘဏ်များတွင် သိမ်းဆည်းထားသည်။

စီမံကိန်းဘဏ်တွင် စီမံကိန်း အမည်၊ မဟာဗျူဟာမြောက်အရေးပါမှု၊ လုပ်ငန်းစီမံချက်၊ လျာထားစီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူရန် အရင်းအမြစ်နှင့် စီမံကိန်းအကျိုးအပြစ်များပါဝင်သောလေ့လာဆန်းစစ်ချက်များ၊ စီမံကိန်း အကောင်အထည်ဖော်ရန် စုစု ပေါင်းကုန်ကျစရိတ်နှင့် အစိုးရထည့်ဝင်ရမည့် ငွေကြေးပမာဏတို့ ဖော်ပြထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တ႐ုတ္ - ျမန္မာ စီးပြားေရးစၾကၤန႔္တစ္ေလွ်ာက္ ေဒၚလာ သန္း ၁၀၀ တန္ ေမြးျမဴေရးဇုန္မ်ား တည္ေဆာက္ရန္ အစိုးရ ဖိတ္ေခၚ

တ႐ုတ္ - ျမန္မာစီးပြားေရး စႀကႍတစ္ေလွ်ာက္ေမြးျမဴေရး ထုတ္လုပ္ေရးဇုန္မ်ားတည္ ေဆာက္ရန္ လုပ္ငန္းရွင္မ်ားကို ဖိတ္ေခၚေၾကာင္းအစိုးရက စီမံကိန္းဘဏ္တြင္ ေဖာ္ျပသည္။

ထိုစီမံကိန္းမ်ားအတြက္ ေဒၚလာသန္း ၁၀၀ ကုန္က်မည္ ျဖစ္ၿပီး မႏၲေလး၊ စစ္ကိုင္းႏွင့္ ရွမ္း ျပည္နယ္တို႔တြင္ ေဆာင္႐ြက္ရန္ ရည္႐ြယ္ထားေၾကာင္း အစိုးရက ထုတ္ျပန္ထားသည္။

ထိုစီမံကိန္းသည္ တိုင္းျပည္၏ေမြးျမဴေရးက႑တိုးတက္ေရးႏွင့္ ကြၽဲႏြားေမြး ျမဴေရးလုပ္ငန္းမ်ားတိုးတက္လာ ေစရန္ျဖစ္ၿပီး ေမြးျမဴေရးထုတ္ကုန္မ်ား ကုန္သြယ္မႈျမင့္တက္လာေရး၊ အစားအစာေဘးကင္း လုံၿခဳံေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းရွင္မ်ား လူေနမႈဘဝျမင့္မားေစ ေရးအတြက္ျဖစ္သည္ဟု ဆိုသည္။

စီမံကိန္းစတင္ရန္ ယခု ဘ႑ာႏွစ္တြင္ စီစဥ္ခဲ့ၿပီး ၂၀၂၃ -၂၄ ဘ႑ာႏွစ္တြင္ အၿပီးသတ္ ရန္ စီစဥ္ထားသည္။

ထိုစီမံကိန္း ႏွင့္အတူေမြးျမဴေရး သုေတသန ႏွင့္ ဖြံ႕ၿဖိဳးစင္တာကိုလည္းရန္ကုန္တိုင္း၊ အင္းစိန္တြင္တည္ေထာင္ ရန္ပါဝင္သည္ဟုဆိုသည္။

ထိုစင္တာသည္ သုေတသန၊ ေမြးျမဴထုတ္လုပ္ေရးသင္တန္းမ်ား၊ ေရာဂါထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ျဖစ္သည္ဟု ဆိုထားသည္။

ထိုစီမံကိန္းမ်ားကို စိုက္ပ်ိဳး ေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက တာဝန္ခံဝန္ႀကီး ဌာနက ေဆာင္႐ြက္မည္ဟုအစိုးရက ထုတ္ျပန္ထားသည္။

စီမံကိန္း ဘဏ္ကို ၂၀၁၉ တြင္စတင္ ေဆာင္႐ြက္ခဲ့ၿပီး တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရမ်ား ေရးဆြဲထား သည့္ စီမံကိန္းမ်ားကို စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန သို႔ အခ်က္အလက္ေပးပို႔၍ စီမံကိန္းဘဏ္မ်ားတြင္ သိမ္းဆည္းထားသည္။

စီမံကိန္းဘဏ္တြင္ စီမံကိန္း အမည္၊ မဟာဗ်ဴဟာေျမာက္အေရးပါမႈ၊ လုပ္ငန္းစီမံခ်က္၊ လ်ာထားစီမံကိန္းႏွင့္ ပတ္သက္သည့္ စာခ်ဳပ္အမ်ိဳးအစား၊ ဘ႑ာေငြရယူရန္ အရင္းအျမစ္ႏွင့္ စီမံကိန္းအက်ိဳးအျပစ္မ်ားပါဝင္ေသာေလ့လာဆန္းစစ္ခ်က္မ်ား၊ စီမံကိန္း အေကာင္အထည္ေဖာ္ရန္ စုစု ေပါင္းကုန္က်စရိတ္ႏွင့္ အစိုးရထည့္ဝင္ရမည့္ ေငြေၾကးပမာဏတို႔ ေဖာ္ျပထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service