ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့်ကုန်သွယ်ရေး စာချုပ်တွင် မြန်မာက ပါဝင်လက်မှတ်ထိုးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
953 Views

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့်ကုန်သွယ်ရေး စာချုပ်တွင် မြန်မာက ပါဝင်လက်မှတ်ထိုးမည်ဟုဆို

[Unicode]

ကမ္ဘာ့အကြီးဆုံးလွတ်လပ်သည့် ကုန်သွယ်မှုဒေသဖြစ်လာရန် မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် ၆ နိုင်ငံတို့ ယခုနှစ်အတွင်းလက်မှတ်ရေးထိုးမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူအတွက်စတုတ္ထမြောက် တစ်နှစ်တာကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြရာတွင် ဝန်ကြီးဦးသောင်ထွန်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်မီနိုင်ငံတကာ ကုန်သွယ်ရေးစာချုပ်တစ်ခုမှာ အဖွဲ့ဝင်အဖြစ် ပါဝင်မှာဖြစ်ပြီး နိုင်ငံသားတွေအတွက် အခွင့်အလမ်းတွေ ချဲ့ထွင်ပေးသွားနိုင်မှာဖြစ်ပါတယ်”ဟု ဝန်ကြီးဦးသောင်းထွန်းက ပြောသည်။

ထိုစာချုပ်သည် Regional Comprehensive Economic Partnership-RCEP ဟုဆိုသည့် လွတ်လပ်မှု ကုန်သွယ်မှုဒေသ ဖြစ်လာရန်ဖြစ်သည်ဟုဆိုသည်။ ထိုသို့ဖြစ်လာပါက အာဆီယံနှင့်ထိုနိုင်ငံများကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာရန်ဖြစ်သည်။

လွတ်လပ်သော ကုန်သွယ်မှုကို အာဆီယံနိုင်ငံများနှင့် တစ်နိုင်ငံချင်းအလိုက် လက်မှတ်ထိုးသည်နိုင်ငံများရှိပြီး ၎င်းတို့မှာ ဂျပန်၊ ကိုရီးယာ၊ တရုတ်၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယနှင့် ဟောင်ကောင်တို့ဖြစ်သည်။ ၎င်းတို့ဖြင့် ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်အောင် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကို ဘရူနိုင်း၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့က ၁၉၉၂ တွင် စတင်ခဲ့ပြီး မြန်မာ၊ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့်လာအိုတို့က နောက်ပိုင်းတွင် ပါဝင်ခဲ့သည်။

ထိုစာချုပ်အတွက် အာဆီယံကို တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ရုရှား၊ ဩစတြေးလျနှင့် နယူးဇီလန်တို့က လေ့လာစောင့်ကြည့်နေခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကမာၻ႔အႀကီးဆုံး လြတ္လပ္သည့္ကုန္သြယ္ေရး စာခ်ဳပ္တြင္ ျမန္မာက ပါဝင္လက္မွတ္ထိုးမည္ဟုဆို

ကမာၻ႔အႀကီးဆုံးလြတ္လပ္သည့္ ကုန္သြယ္မႈေဒသျဖစ္လာရန္ ျမန္မာအပါအဝင္ အာဆီယံ ၁၀ ႏိုင္ငံႏွင့္ ေဆြးေႏြးဖက္ ၆ ႏိုင္ငံတို႔ ယခုႏွစ္အတြင္းလက္မွတ္ေရးထိုးမည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကေျပာသည္။

ႏိုင္ငံေတာ္အစိုးရ၏ ျပည္သူအတြက္စတုတၳေျမာက္ တစ္ႏွစ္တာကို ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေဖာ္ျပရာတြင္ ဝန္ႀကီးဦးေသာင္ထြန္းက ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ျမန္မာႏိုင္ငံဟာ ကမာၻ႔အဆင့္မီႏိုင္ငံတကာ ကုန္သြယ္ေရးစာခ်ဳပ္တစ္ခုမွာ အဖြဲ႕ဝင္အျဖစ္ ပါဝင္မွာျဖစ္ၿပီး ႏိုင္ငံသားေတြအတြက္ အခြင့္အလမ္းေတြ ခ်ဲ႕ထြင္ေပးသြားႏိုင္မွာျဖစ္ပါတယ္”ဟု ဝန္ႀကီးဦးေသာင္းထြန္းက ေျပာသည္။

ထိုစာခ်ဳပ္သည္ Regional Comprehensive Economic Partnership-RCEP ဟုဆိုသည့္ လြတ္လပ္မႈ ကုန္သြယ္မႈေဒသ ျဖစ္လာရန္ျဖစ္သည္ဟုဆိုသည္။ ထိုသို႔ျဖစ္လာပါက အာဆီယံႏွင့္ထိုႏိုင္ငံမ်ားၾကား ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈတိုးတက္လာရန္ျဖစ္သည္။

လြတ္လပ္ေသာ ကုန္သြယ္မႈကို အာဆီယံႏိုင္ငံမ်ားႏွင့္ တစ္ႏိုင္ငံခ်င္းအလိုက္ လက္မွတ္ထိုးသည္ႏိုင္ငံမ်ားရွိၿပီး ၎တို႔မွာ ဂ်ပန္၊ ကိုရီးယာ၊ တ႐ုတ္၊ ဩစေၾတးလ်၊ နယူးဇီလန္၊ အိႏၵိယႏွင့္ ေဟာင္ေကာင္တို႔ျဖစ္သည္။ ၎တို႔ျဖင့္ ေဒသတြင္း ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးတက္ေအာင္ ပူးေပါင္းေဆာင္႐ြက္ေနျခင္းျဖစ္သည္။

အာဆီယံလြတ္လပ္ေသာ ကုန္သြယ္မႈေဒသကို ဘ႐ူႏိုင္း၊ မေလးရွား၊ ထိုင္း၊ စင္ကာပူ၊ ဖိလစ္ပိုင္ႏွင့္ အင္ဒိုနီးရွားတို႔က ၁၉၉၂ တြင္ စတင္ခဲ့ၿပီး ျမန္မာ၊ဗီယက္နမ္၊ ကေမာၻဒီးယားႏွင့္လာအိုတို႔က ေနာက္ပိုင္းတြင္ ပါဝင္ခဲ့သည္။

ထိုစာခ်ဳပ္အတြက္ အာဆီယံကို တ႐ုတ္၊ ေတာင္ကိုရီးယား၊ ဂ်ပန္၊ အိႏၵိယ၊ ႐ုရွား၊ ဩစေၾတးလ်ႏွင့္ နယူးဇီလန္တို႔က ေလ့လာေစာင့္ၾကည့္ေနျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service