ယခု အစိုးရလက်ထက် ကျေးရွာလမ်းခင်းခြင်းနှင့် တံတားဆောက်ခြင်းများအတွက် ငွေကျပ် ၁၀၉၉ ဒသမ ၅၂၂ ဘီလီယံ သုံးစွဲခဲ့ - Property News in Myanmar from iMyanmarHouse.com
931 Views

ယခု အစိုးရလက်ထက် ကျေးရွာလမ်းခင်းခြင်းနှင့် တံတားဆောက်ခြင်းများအတွက် ငွေကျပ် ၁၀၉၉ ဒသမ ၅၂၂ ဘီလီယံ သုံးစွဲခဲ့

[Unicode]

ယခု အစိုးရလက်ထက် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက လမ်းခင်းခြင်း လုပ်ငန်းများအတွက် စုစုပေါင်းရန်ပုံငွေ ကျပ် ၁၀၉၉ ဒသမ ၅၂၂ ဘီလီယံ သုံးစွဲခဲ့ကြောင်း ယင်းဌာနမှ သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်၍ ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒချမှတ်လျက် ရည်မှန်းချက် ၄ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အစိုးရသစ်လက်ထက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန စတင် ဖွဲ့စည်းခဲ့သည့် ၂၀၁၇ - ၂၀၁၈ မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေး နှစ်ကုန်အထိ ကွန်ကရစ်လမ်း ၁၂၀၆ မိုင်၊ ကတ္တရာလမ်း ၉၈၂ မိုင်၊ ကျောက်ချောလမ်း ၁၅၆၆ မိုင်၊ ဂဝံလမ်း ၄၃၆၄ မိုင်၊ မြေသားလမ်း ၃၇၈၁ မိုင် စုစုပေါင်း ၁၀၉၉၉ မိုင်အတွက် စုစုပေါင်းရန်ပုံငွေ ကျပ် (ယ၁၀၉၉ ဒသမ ၅၂၂ ဘီလီယံ သုံးစွဲခဲ့သည်။

ယင်းကဲ့သို့ ကျေးလက်ရှိ လမ်း၊ တံတားများကို ပြည်ထောင်စု ရန်ပုံငွေ၊ တိုင်းဒေသကြီး / ပြည်နယ် ရန်ပုံငွေတို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော ဂျာမန် ဖွံ့ဖြိုးရေးဘဏ် (Kfw)၊ ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အေဂျင်စီ (JICA) တို့ဖြင့် ကျေးလက်လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စံချိန်စံညွှန်းမြင့်မားသော လမ်း၊ တံတားများအား ဒေသခံ ကျေးလက်နေ ပြည်သူများအတွက် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့် မြို့ပြတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ စံချိန်စံညွှန်း ပြည့်မီသည့် ကျေးလက် လမ်း၊ တံတားများ ဖြစ်ပေါ်လာစေရေးသည် တိုင်းဒေသကြီး / ပြည်နယ် ညွှန်ကြားရေးမှူးများ၏ ဆောင်ရွက်ချက်အပေါ် များစွာ မူတည်နေသည့်အတွက် ညွှန်ကြားရေးမှူးများမှ မိမိတို့၏ အရည်အချင်းကို ပြည့်ပြည့်ဝဝအသုံးချပြီး အောင်မြင်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားထားသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ယခု အစိုးရလက္ထက္ ေက်း႐ြာလမ္းခင္းျခင္းႏွင့္ တံတားေဆာက္ျခင္းမ်ားအတြက္ ေငြက်ပ္ ၁၀၉၉ ဒသမ ၅၂၂ ဘီလီယံ သုံးစြဲခဲ့

ယခု အစိုးရလက္ထက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ေက်းလက္လမ္းဖြံ႕ၿဖိဳးေရး ဦးစီးဌာနက လမ္းခင္းျခင္း လုပ္ငန္းမ်ားအတြက္ စုစုေပါင္းရန္ပုံေငြ က်ပ္ ၁၀၉၉ ဒသမ ၅၂၂ ဘီလီယံ သုံးစြဲခဲ့ေၾကာင္း ယင္းဌာနမွ သိရသည္။

ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာန အေနျဖင့္ ေက်းလက္လမ္း၊ တံတားမ်ား ဖြံ႕ၿဖိဳးတိုးတက္၍ ေရရွည္တည္တံ့ေအာင္ ေဆာင္႐ြက္ေပးျခင္းျဖင့္ ေက်းလက္ေန ျပည္သူမ်ား၏ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ မူဝါဒခ်မွတ္လ်က္ ရည္မွန္းခ်က္ ၄ ရပ္ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အစိုးရသစ္လက္ထက္ ေက်းလက္လမ္း ဖြံ႕ၿဖိဳးေရးဦးစီးဌာန စတင္ ဖြဲ႕စည္းခဲ့သည့္ ၂၀၁၇ - ၂၀၁၈ မွ ၂၀၁၉ - ၂၀၂၀ ဘ႑ာေရး ႏွစ္ကုန္အထိ ကြန္ကရစ္လမ္း ၁၂၀၆ မိုင္၊ ကတၱရာလမ္း ၉၈၂ မိုင္၊ ေက်ာက္ေခ်ာလမ္း ၁၅၆၆ မိုင္၊ ဂဝံလမ္း ၄၃၆၄ မိုင္၊ ေျမသားလမ္း ၃၇၈၁ မိုင္ စုစုေပါင္း ၁၀၉၉၉ မိုင္အတြက္ စုစုေပါင္းရန္ပုံေငြ က်ပ္ (ယ၁၀၉၉ ဒသမ ၅၂၂ ဘီလီယံ သုံးစြဲခဲ့သည္။

ယင္းကဲ့သို႔ ေက်းလက္ရွိ လမ္း၊ တံတားမ်ားကို ျပည္ေထာင္စု ရန္ပုံေငြ၊ တိုင္းေဒသႀကီး / ျပည္နယ္ ရန္ပုံေငြတို႔အျပင္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား ျဖစ္ေသာ ဂ်ာမန္ ဖြံ႕ၿဖိဳးေရးဘဏ္ (Kfw)၊ ကမာၻ႔ဘဏ္ (World Bank)၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB)၊ ဂ်ပန္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရး ဆိုင္ရာ ေအဂ်င္စီ (JICA) တို႔ျဖင့္ ေက်းလက္လမ္း၊ တံတား အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိရာ စံခ်ိန္စံၫႊန္းျမင့္မားေသာ လမ္း၊ တံတားမ်ားအား ေဒသခံ ေက်းလက္ေန ျပည္သူမ်ားအတြက္ ဖြင့္လွစ္ေပးခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။

ေက်းလက္လမ္း ဖြံ႕ၿဖိဳးေရး ဦးစီးဌာနအေနျဖင့္ ေက်းလက္လမ္း၊ တံတားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေက်းလက္ႏွင့္ ၿမိဳ႕ျပတစ္ေျပးညီ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အရွိန္အဟုန္ျဖင့္ ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ ရွိရာ စံခ်ိန္စံၫႊန္း ျပည့္မီသည့္ ေက်းလက္ လမ္း၊ တံတားမ်ား ျဖစ္ေပၚလာေစေရးသည္ တိုင္းေဒသႀကီး / ျပည္နယ္ ၫႊန္ၾကားေရးမႉးမ်ား၏ ေဆာင္႐ြက္ခ်က္အေပၚ မ်ားစြာ မူတည္ေနသည့္အတြက္ ၫႊန္ၾကားေရးမႉးမ်ားမွ မိမိတို႔၏ အရည္အခ်င္းကို ျပည့္ျပည့္ဝဝအသုံးခ်ၿပီး ေအာင္ျမင္ေအာင္ ေဆာင္႐ြက္သြားၾကရမည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ေျပာၾကားထားသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service