မေလအတွင်း ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းကျော်ဝယ်ယူမှုကြောင့် ဒေါ်လာဈေးမာ - Property News in Myanmar from iMyanmarHouse.com
869 Views

မေလအတွင်း ဗဟိုဘဏ်က ဒေါ်လာ ၁၅ သန်းကျော်ဝယ်ယူမှုကြောင့် ဒေါ်လာဈေးမာ

[Unicode]

မေလအတွင်း ဗဟိုဘဏ် ဒေါ်လာ ၁၅ သန်းကျော်ကို ပြည်ပဈေးကွက်က ဝယ်ယူခဲ့ခြင်းကြောင့် ဒေါ်လာဈေး ၁၄၀၀ အထက်တွင်ရှိနေသည်ဟု ပြည်တွင်းငွေလဲဈေးကွက်အတွင်းမှ သိရသည်။

ဗဟိုဘဏ်က ဒေါ်လာ ၁၅ ဒသမ ၂ သန်းကို ခြောက်ကြိမ်ခွဲဝယ်ယူခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးဝယ်ယူသည့်ဈေးမှ ၁၃၉၅ ကျပ်နှင့် အမြင့်ဆုံးဈေးမှ ၁၄၀၈ ကျပ်ဖြစ်ကြောင်းဗဟိုဘဏ်က ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြထားသည်။

မေ ၂၀ ရက်တွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာလျှင် ၁၄၁၀ သို့ ကျဆင်းခဲ့ပြီးနောက် ဗဟိုဘဏ်က မေ ၂၁ ရက်တွင် ဒေါ်လာ ၃ သန်းကို တစ်ဒေါ်လာ ၁၄၀၇ ကျပ်ဖြင့် ဝယ်ယူခဲ့သည်။

မေ ၂၁ ရက်တွင် ဘဏ်အချင်းချင်းဒေါ်လာရောင်းဝယ်မှုတွင် ဒေါ်လာ ၅၅ သန်းရှိပြီး ဘဏ်နှင့် အများပြည်သူကြား ရောင်းဝယ်ယူမှုသည် ၁၃ သန်းကျော်ရှိသည်ဟု ဗဟိုဘဏ်ကထုတ်ပြန်သည်။

ဗဟိုဘဏ် မေ ၄ ရက်တွင် တစ်ဒေါ်လာ ၁၄၀၈ ကျပ်နှုန်းဖြင့် ပြည်ပပေါက်ဈေးမှ ဒေါ်လာ ၃ သန်းဝယ်ယူခဲ့သည်။ ထိုနှုန်းသည် မေလအတွင်းဗဟိုဘဏ်က အမြင့်ဆုံးသတ်မှတ်ခဲ့သည်ဈေးဖြစ်သည်။

ဗဟိုဘဏ်က ဧပြီလအတွင်း ဒေါ်လာ ၂ ဒသမ ၇ သန်းကို တစ်ဒေါ်လာ ၁၄၄၈ ကျပ်ဖြင့် ပြန်လည်ရောင်းချခဲ့သည်။

မတ်လအတွင်း ဒေါ်လာ ၂၇ သန်းကို ဈေးကွက်အတွင်းမှ ဝယ်ယူခဲ့သည်။

စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်လာခြင်းကြောင့် ဈေးကွက်အတွင်းဒေါ်လာဈေးသည် အတက်အကျရှိနေသည်ဟု ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service